လိုင်စင်မဲ့ကားများ လေလံတင်ရောင်းချပွဲ ဖျက်သိမ်း

မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၁၇ ။ ။ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ကဖမ်းဆီးထားပြီးအမှုပြီးပြတ်သွားသော လိုင်စင်မဲ့မော်တော်ယာဉ် များကို ရောင်းချသည့် လေလံပွဲ ဖျက်သိမ်းခဲ့ရကြောင်း ယင်းလေလံပွဲ သို့တက်ရောက် ခဲ့သူများ ကပြောကြားသည်။

အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ် လေလံတင်ရောင်းချပွဲ ကို မော်လမြိုင်မြို့တွင် ဖေဖေါ်ဝါရီ ၁၇ ရက်က ပြုလုပ ်ရန် စီစဉ်ခဲ့သော် လည်း ပြည်ထောင်စု အစိုးရ က တားမြစ်သဖြင့် ဖျက်သိမ်းလိုက်ရကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦး၏ ပြောကြား ချက်ကို ကိုးကား၍ လေလံပွဲ တက်ရောက်သူတစ် ဦးကဆိုသည်။

( ဓါတ်ပုံအညွန်း – ဖမ်းဆီးထား သော လိုင်စင်မဲ့မော်တော်ယာဉ်များ ကို မွန်ပြည်နယ် အစိုးရ က ငါးနှစ်သက်တမ်းအတွင်း သုံးကြိမ်လေလံတင်ရောင်းချခဲ့သည် )
( ဓါတ်ပုံအညွန်း – ဖမ်းဆီးထား သော လိုင်စင်မဲ့မော်တော်ယာဉ်များ ကို မွန်ပြည်နယ် အစိုးရ က ငါးနှစ်သက်တမ်းအတွင်း သုံးကြိမ်လေလံတင်ရောင်းချခဲ့သည် )
အဆိုပါ လေလံ ပွဲတွင် မွန်ပြည်နယ်စီပွားရေး နှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက လေလံတင် ရောင်းချမည့် မော်တော် ယာဉ်များကို ပြည်ထောင်စု အစိုးရ ထံ ပြန်အပ်ရန်နှင့် အမှန်တကယ်လိုအပ်နေသော ဌာနများသို့ မျှတစွာ ပြန်လည်ထုတ်ပေး ရန်ပြည်ထောင်စု အစိုးရ က အကြောင်း ကြားလာသောကြောင့် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ပြောဆို ခဲ့သည်ဟု ယင်းပွဲ တက်ရောက် သူများ ကဆိုသည်။

လေလံတင်လျှောက်လွှာပုံစံ ရောင်းထားသည့် ငွေများကို ဖေဖေါ်ဝါရီ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၂ ရက်များတွင် ပြန် လည်ထုတ်ပေးမည် ဖြစ်ပြီး ဘဏ်တွင် ပေးသွင်းထားသော စပေါ် ငွေများကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ တွင်ပြန်လည် ပေးချေ မည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူများ ကပြောဆိုထားကြောင်း အဆိုပါလေလံပွဲ လျောက်လွှာဝယ်ယူထားသူများ ကဆိုသည်။

“သူတို့ ပြဿနာတက်လို့ ဒီလို cancel လုပ်တာ ကျွန်တော်တို့ အများကြီးနစ်နာတယ်၊ ဒါကို ဘာကြောင့် ပယ်တာလဲ အတိအကျ မရှင်းပြပဲ ဒီအတိုင်းဖျက်လိုက်တာ”ဟု မော်လမြိုင်မြို့မှ ကားလေလံစွဲသူ ဦးတင်ထွန်း အောင်က ပြောသည်။

မွန်ပြည်နယ် အတွင်းဖမ်းဆီးထားသော လိုင်စင်မဲ့မော်တော် ယာဉ်များကို ယခုအစိုးရ သက်တမ်းအတွင်း လေလံတင်ရောင်း ချ မှု သုံးကြိမ် ပြုလုပ်ထားသည်။

အဆိုပါ လေလံတင်ရောင်းချ ပွဲလေးကြိမ်မြောက် ပြုလုပ်စဉ်တွင် ပြည်ထောင်စု အစိုးရ ၏ ညွန်ကြားချက် ကြောင့် ဖျက်သိမ်းလိုက်ရ ခြင်းဖြစ်သည်။

Similar Articles

Leave a Reply

Top