ချင်းပြည်နယ်တွင် ယာဉ်မတော်တဆမှုကြောင့် NLD အမတ်တစ်ဦး ကွယ်လွန်

 

မင်းတပ် ပြည်သူ့ဆေး ရုံတွင် ယနေ့ နံနက် သုံးနာရီ ၄၀မိနစ်က ကွယ်လွန်သွားခြင်းသည်။
မင်းတပ် ပြည်သူ့ဆေး ရုံတွင် ယနေ့ နံနက် သုံးနာရီ ၄၀မိနစ်က ကွယ်လွန်သွားခြင်းသည်။

ရန်ကုနု်၊ ဇန်နဝါရီ ၆

ချင်းပြည်နယ် လွှတ်တော် မှ ရွေးကောက်ခံ NLD ပါတီ အမတ် တစ်ဦးသည် ယာဉ်မတော်တဆမှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ယနေ့ နံနက်ပိုင်းက ကွယ်

လွန်သွားကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၄ ရက်နေ့ က ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန်သည် မတူပီမြို့တွင် ၎င်းစီးနင်း လာသည့် မော်တော်ဆိုင်ကယ်ကို အခြားယာဉ်တစ်စီးမှ တိုက်မိရာမှ တစ်ဆင့် ဦးခေါင်း ထိခိုက်ဒဏ်ရာ အပြင်း အထန်ရရှိခဲ့သည်။

 

ယင်းနောက် မတူပီမြို့နယ်ဆေးရုံမှ တစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ တင်ပို့ရာလမ်းရှိ မင်းတပ် ပြည်သူ့ဆေး ရုံတွင် ယနေ့ နံနက် သုံးနာရီ ၄၀မိနစ်က ကွယ် လွန်သွားခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က သတင်း ထုတ်ပြန် သည်။

 

ဦးဟွန်းခဲန်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ချင်းပြည်နယ် လွှတ်တော် မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တွင် NLD ပါတီမှ ၀င်ရောက်ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။

Leave a Reply

Top