သာကေတတွင်တမန်တော်နေ့အခမ်းအနားမကျင်းပဖြစ်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။ ။ သာကေတမြို့နယ် နယူးလိုက်တာမင်္ဂလာခန်းမ၊ ဧင်္ဂမလမ်းမကြီးနှင့် အနော်မာလမ်းထိိပ် ၁/အနော်မာရပ်ကွက် တွင်ကျင်းပမည့် တမန်တော်နေ့အခမ်းအနား ကိုမျိုးချစ်ညွှန့်ပေါင်းအဖွဲ့၏ကန့်ကွက်မှုကြောင့် မကျင်းပဖြစ်သည်ကိုတွေ့ရသည်။

အဆ်ိုပါအခမ်းအနားကို ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေသည်ဟုဆိုကာ အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကန့်ကွက်ခဲ့သလို အခမ်းအနားကျင်းလျှင်ကန့်ကွက်ရန်အတွက် အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့မှ လူဦးရေ ၁၀၀ ဝန်းကျင်ခန့် ဇန်နဝါရီ၆ရက်နေ့ ၃ နာရီခွဲ အချိန်မှစတင်၍ စုဝေးရောက်ရှိလာသည်။

ဘာသာပေါင်းစုံအမည်ခံကာ ဖိတ်ကြားထားခြင်းကြောင့် ဗုဒ္ဓဘာသာများလည်းတက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ဘာသာပေါင်းစုံ အမည်ခံထားခြင်းကြောင့် တခြားဘာသာများနှင့်ဆိုင်သော်လည်း မွတ်ဆလင်များသာကျင်းပခြင်းဖြစ်ကြောင်းအမျိုးသားညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးသုစိတ္တက မိန့်ကြားသည်။

“ဗုဒ္ဓဘာသာတွေဒီပွဲကို ကြားချင်လို့ သိချင်လို့ တခဲနက်လာလိုက်ကြတာ ဒီရောက်တော့ ပွဲကမဖြစ်တာလား မကျင်းပတာလား ဘယ်လိုဖြစ်တာလဲကိုမသိရဘူး” ဟု အမျိုးသားညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးသုစိတ္တက မိန့်ကြားသည်။

တမန်တော်နေ့အခမ်းအနားကျင်းပမည့် နယူးလိုက်တာမင်္ဂလာခန်းမကို ကန့်ကွက်သူများစုဝေးရောက်ရှိအချိန်တွင် အခန်းအားပိတ်ထားပြီး ညနေပိုင်းတွင် မွတ်ဆလင်အချို့ခန်းမကိုလာရောက်ခဲ့သည်ကိုတွေ့ရသည်။

ယင်းနောက် ည ၇ နာရီအချိန်ခန့်တွင် ခန်းမရှေ့တွင် ကန့်ကွက်သူများကို ဦးဆောင်ဆရာတော်များက ကန့်ကွက်သည့်အကြောင်းရင်းအား မိန့်ကြားခဲ့ပြီး ည ၇ နာရီခွဲအချိန်ခန့်တွင် ကန့်ကွက်သူအများစု ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ဆုမင်းကို

img_1162

Leave a Reply

Top