အကျဉ်းဦးစီးဝန်ထမ်းများအားဘင်္ဂါလီစကားသင်ကြား

ရန်ကုန် ၊ ဇန်နဝါရီ ၁၀။ ။စစ်တွေအကျဉ်းထောင်မှ ဘင်္ဂါလီအကျဉ်းသားများအား အုပ်ချုပ်ရာတွင်အထောက်အကူပြုစေရန် ဝန်ထမ််းများအား ဘင်္ဂါလီစကားသင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဦးစိုင်းဒေါကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယခုလ ၉ရက်နေ့မှစတင်၍ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၂၀ ဦးအားစတင်၍ ဘင်္ဂါလီစကားစတင်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှသိရသည်။
15873095_1505526706126591_5304176984015966414_n
“ဘာသာစကားဆက်ဆံမှုအဆင်ပြေ ချောမွေ့စေဖို့ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေဖို့ အုပ်ချုပ်တဲ့အခါလည်းအထောက်အပံ့ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

အကျဉ်းဝန်ထမ်းများအနေဖြင့် တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီထိ နှင့် ည(၇)နာရီမှ ည(၉)နာရီထိတစ်နေ့နှစ်ကြိမ်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှ သိရသည်။

အဆိုပါဘာသာစကားသင်တန်းအား သတင်းပတ်(၁၂)ပတ်ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ယခုသင်တန်းပြီးပါကလည်း နောက်သင်တန်းများကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုမင်းကို

Similar Articles

Leave a Reply

Top