တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှုအတွက် ထိန်းညှိပါ

နယ်စပ်ကုန်ပစ္စည်းများ ပြည်တွင်းသို့ စီးဆင်းရာတွင် မွန်ပြည်နယ်သည် ယင်းကုသွယ်ရေး လမ်းကြောင်းပေါ်၌ တည်ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ရာ အချက်အခြာကျသည့် ဒေသတစ်ခုလည်း ဖြစ်နေသည်။ ထိုင်နိုင်ငံနှင့် နီးစပ်သည့် ပြည်နယ်ဖြစ်သည်နှင့်အမျှ ပြည်နယ်အတွင်း အသုံးပြုနေသည့် လူသုံးကုန် ပစ္စည်းမျိုးစုံနှင့် စားသောက်ကုန် ပစ္စည်းအများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းအများစုသာ ဖြစ်ကြသည်။

ပြည်နယ်အတွင်းသို့ နေ့စဉ်ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းများမှ တင်သွင်းကြသည့် ကုန်ပစ္စည်းများထဲတွင် တရားမဝင် ကုန်ပစ္စည်းများ ပါဝင်မှုမရှိစေရန် မြို့၏အဝင်၊ အထွက် ဂိတ်ပေါက်များတွင် စစ်ဆေးမှုများ ထားရှိနေသော်လည်း ရန်ဖန်ရန်ခါ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုများ ရှိခဲ့ကြသည်။

ယခုအခါ ပိုကုန်သွင်းကုန်လုပ်ငန်းများကို ကုန်သွယ်ရေးလုပ်ငန်းများ တရာဝင်းလမ်းကြောင်းအတိုင်း သွားလာနိုင်ရေးအတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် (ITC) ကတ် ပြုလုပ်ပေးရန် ညွန်ကြားထားပြီး ဖြစ်ကြောင်းလည်း မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးနှင့် ကူသန်ရောင်းဝယ်ရေး ဦးစီးထံမှ သိရသည်။

တရားဝင်လမ်းမှ ကုန်ပစ္စည်းများတင်သွင်းမှုများကို လုပ်ထုံးလုပ်နည်း ဥပဒေများကို ကုန်သည်များဘက်က လိုက်နာရမည်ရုံမက ဝန်ထမ်းများအနေဖြင့်လည်း တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းမှုမရှိရန် စနစ်တကျ ကြပ်မတ်နိုင်မှသာ တရားမဝင် ကုန်သွယ်မှုများ လျော့ချနိုင်မည်ဖြစ်သည်။ ထိုသို့ ကြပ်မတ်ရာတွင်လည်း တန်းတူသော ကုန်သွယ်မှုဖြစ်စေရန် စနစ်တကျ ဆောင်ရွက်စေမှသာ ကုန်သွယ်လုပ်ငန်းရှင်များ အနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ဈေးကွက်ပြိုင်ဆိုင်မှုများတွင် တရားမျှတစွာဖြင့် ပြိုင်ဆိုင်နိုင်မည်ဖြစ်ပေမည်။

အယ်ဒီတာ (၁၇-၂-၂၀၁၇)

Similar Articles

Leave a Reply

Top