အစိုးရနှင့် မီဒီယာဆက်ဆံရေး

အစိုးရများအနေဖြင့် မီဒီယာများနှင့် ဆက်ဆံရေး ကောင်းမွန်စွာ ၎င်းတို့အခက်အခဲများကို ဖြေရှင်နိုင်ခြင်းက ပြည်သူများအတွက် အကျိုးများမည်ဖြစ်ပြီး၊ သတင်းမီဒီယာများ ဘက်ကလည်း ဘက်မလိုက်ဘဲ အစိုးရအား အပြုသဘော ထောက်ပြပေးနိုင်မည်ဆိုပါက အစိုးရအတွက် အကျိုးများစေမည်ဟု ဆိုရပေမည်။


အစိုးရတစ်ရပ်သည် ၎င်းတို့လုပ်ဆောင်ပြီးစီးခဲ့သည့် လုပ်ဆောင်ချက်များ၊ ၎င်းတို့အတွက် အခက်အခဲရှိနေသည့် အကြောင်းအရာများ။ လုပ်ရန်ကြံရှိနေသေးသည့် ကိစ္စရပ်များ၊ ပြုလုပ်ရန် ကြံရွယ်ထားသော ကိစ္စရပ်များနဲ့ မူဝါဒ အစရှိတဲ့ ကိစ္စရပ်တွေကို လူထုထံ တင်ပြဖို့က သတင်းမီဒီယာကိုသာ အဓိက အားထားရပေမည်။

ပထမ ဒီမိုကရေစီ အစိုးရလက်ထက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် သတင်းမီဒီယာများနှင့် ဆက်ဆံရေး ကောင်းမွန်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များရှိသလို့ သတင်းမီဒီယာများနှင့် ဆက်ဆံရေးကျဲသည့် အစိုးရ အဖွဲ့ဝင်များလည်းရှိခဲ့သည်။

ဒီမိိုုကရေစီ ဒုတိယ အစိုးရသက်တမ်းတွင်လည်း ယင်းကဲ့သို့ပင် သတင်းမီးဒီယာများနှင့် ဆက်ဆံရေး ကောင်းမွန်ကြသော အစိုးရအဖွဲ့ဝင်များရှိသလို သတင်းမီဒီယာများနှင့် ဆက်ဆံရေးကျဲနေသေးသည့် အစိုးရအဖွဲ့ဝင်များလည်း ရှိခဲ့သည်။

ယခုအခါတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်မှ ရပ်နားလိုကြောင်းကို ဖော်ဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ နိုင်ငံတော် သမ္မတထံ စာတင်လိုက်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး အမိန့်အမှတ်၊ ၃ / ၂၀၁၇ ဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့် ပြုခဲ့ပါတယ်။

နောက်တက်မည့် မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အနေဖြင့် မိမိတိုပအစိုးရအဖွဲ့ဝင်များနှင့် သတင်းမီဒီယာများ၏ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးမည်ဆိုပါက အစိုးရတစ်ရပ်အနေနဲ့ ၎င်းတို့၏ အခက်အခဲများ၊ ကျန်ရှိသေးသည့် ပြုပြင်ပြောင်းလဲမှုများ၊ ဆောင်ရွက်ပြီးသည့် ကိစ္စရပ်များကို လူထုသိရှိစေရန် သတင်းမီဒီယာ သမားများနှင့် ဆက်ဆံရေး ကောင်းမွန်စေခြင်းသည် အစိုးရတစ်ရပ်၏ အခက်အခဲအချို့ကို ဖြေရှင်းနိုင်ပြီး ပြည်သူများအတွက်လည်း အကျိုးများစေမည်ဟု ဟင်္သာမီယာအဖွဲ့မှ တိုက်တွန်းလိုက်ရသည်။

အယ်ဒီတာ (၂၄-၂-၂၀၁၇)

Similar Articles

Leave a Reply

Top