ဝန်ကြီးချုပ်အသစ်အတွက် စိန်ခေါ်မှုများ

မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်က မွန်ပြည်နယ် ပြည်သူလူထုရဲ့ဆန္ဒတွေကို သိရှိဖို့အတွက် လစဉ် အစိုးရအဖွဲ့ ဌာနဆိုင်ရာ၊ ပြည်သူလူထုနှင့် တွေ့ဆုံဖို့ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဟာ မွန်ပြည်နယ်သူ မွန်ပြည်နယ်သားများကို ကိုယ်စားပြုနိုင်၊ အလုပ်ကြွေးပြုနိုင်တဲ့ အခွင့်အရေး တစ်ခုကို ရရှိခဲ့ပါပြီး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာဏာကို ပြည်သူ၊ ပြည်သားများကို လွှဲပြောင်းတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်၊ လူပုဂ္ဂိုလ် အုပ်ချုပ်တဲ့ စနစ်ကနေ ဥပဒေ အုပ်ချုပ်တဲ့ စနစ်တစ်ခုကိုသွားဖို့ အားလလည်းဖြစ်ပါတယ်”လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က မတ်လ ၁ ရက်နေ့ လွှတ်တော်မိတ်ခွန်းထဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ယင်းစကားရပ်သည် ပြည်နယ်သူ၊ ပြည်နယ်သားများတွက် အားရဖွယ် စကားရပ်ဖြစ်သော်လည်း အသစ် တက်လာသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်အား စောင့်ကျိုနေသည် ပြဿနာများစွာလည်း ရှိနေခဲ့သည်။

လတ်တလော မွန်ပြည်နယ်တွင် ဖြစ်ပေါ်နေတဲ့ ပြသာနာများထဲတွင် ဝန်ကြီးချုပ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲ့မည့် ကိစ္စရပ်တစ်ခုက မော်လမြိုင်-ချောင်းဆုံတံတား၏ အမည်ပေးခြင်းကိစ္စလည်း ပါဝင်နေသည်။

ထို့ပြင် မှုးယစ်ဆေးဝါးပြသာနာ၊ အကျင့်ပျက်ခြစားမှုပြဿနာ၊ လယ်ယာမြေပြသာနာ၊ ကျောက်မိုင်းပြသာနာ၊ ကျောက်မီးသွေးစက်ရုံပြသာနာ၊ အမှိုက်ပြသာနာ စသည့်ပြသာနာများစွာက မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ကို စောင့်မျှော်နေသည်။

မွန်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြသာနာများသည် ပြည်နယ်အဆင့်က ဖြေရှင်းပေးလိုရသည့် ပြသာနာများ ရှိသလို အချို့သောပြသာနာများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ပေါင်းစပ်ဖြေရှင်းမှရသည့် ပြဿနာများရှိနေသလို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည့် ပြသာနာများလည်း ရှိနေလေသည်။

ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသလို ပြည်သူများအား တိုက်ရိုက် အကျိုးရှိစေမည့် ပြုပြင်ပြောင်းလဲရေး များစွာကိုလည်း ရေတို၊ ရေရှည် စီမံချက်ဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေသည်။

များမကြာမီအချိန်တွင် နွေရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ ရေရှားပါးမှုကိစ္စရပ်များကအစ မွန်ပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် ရေရှည်စီမံကိန်းများဖြင့် ပြည်နယ်လူထုအတွက် ရေဆွဲစေလိုကြောင်း တိုက်တွန်း လိုက်ပါတယ်။

အယ်ဒီတာ (၃၊ ၃၊ ၂၀၁၇)

Similar Articles

Leave a Reply

Top