ကျိန်စာသင့် မွန်နိုင်ငံရေး

နှစ်လွှာပေါင်းလျှင် တစ်ရွက်ဖြစ်သည်။ နှစ်ယောက်၊ နှစ်ဖွဲ့၊ နှစ်ခုကို ပေါင်းစည်းလျှင် တစ်ခုတည်းဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ မွန်နိုင်ငံရေးမူကား နှစ်ဖွဲ့ပေါင်းလျှင် တစ်ဖွဲ့ဖြစ်ရမည့်အစား သုံးဖွဲ့ဖြစ်လာမည့် အခြေအနေသို့ ဦးတည် နေချေသည်။ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေရာမှ မူလ နှစ်ပါတီအပြင် နောက်ထပ် နိုင်ငံရေးပါတီသစ်တစ်ခု ပေါ်ပေါက်ရန် ဦးတည်နေခြင်း ဖြစ်သည်။ မွန်သံဃာတော်များ ညှိနှိုင်းဆောင်ရွက်ခဲ့မှုသည် ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်။ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးထား၍ နှစ်ပါတီမှ တစ်ပါတီ အဖြစ် ပူးပေါင်းရန် ညှိနှိုင်းရေးအဖွဲ့မှ ကြိုးပမ်းခဲ့သော်လည်း မွန်လူမျိုးတို့ မျှော်မှန်းထားသည့် ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ခြင်း

မွန်ပြည်နယ် ရော်ဘာထုတ်လုပ်သူအများစုတွင် နည်းစနစ်မှားနှစ်ခု တွေ့ရှိ

မော်လမြိုင်၊ မတ် ၂၃ ။ ။မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အများစုတွင် ရော်ဘာအရည်အသွေး ညံ့ခြင်းနှင့် အစေးလှီးစနစ် မှားယွင်းခြင်းကို တွေ့မြင်နေရကြောင်း ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။ မွန်ပြည်နယ် နှစ်ရှည်ခံပင် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ ဝန်ထမ်းများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ရော်ဘာမျိုးပင်ကို ကြည့်ခြင်းအားဖြင့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးထားခြင်း မဟုတ်ဘဲ ကြုံရာ ရော်ဘာမျိုးကိုသာ

ယခုဘဏ္ဍာရေးနှစ်၏ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အခွန်ကောက်ခံရရှိမှုသည် ယခင်နှစ်ထက် သန်း ၁၀ဝ၀ နီးပါး ပိုရခဲ့

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မတ်လ ၂၁ ရက်ထိ အခွန်ကောက်ခံငွေ ရရှိမှုသည် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ပိုမိုများပြားလာကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောကြားသည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက် ထိ အခွန်အကောက်ခံဘဏ္ဍာငွေ ၂၃၉၇ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်တု တပ်ဆင်တော့မည် မဟုတ်ဟုဆို

ချောင်းဆုံ၊ မတ် ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်ထု တပ်ဆင်တော့မည် မဟုတ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်စိုးကြိုင်က ပြောဆိုသည်။ လက်ရှိအခြေအနေ၌ မည်သည့်ရုပ်တုကိုမျှ တပ်ဆင်ရန် အစီအစဉ် မရှိသေးကြောင်းနှင့် ကညှော်ကျေးရွာအုပ်စု၊ ကတောင်စိန်ကျေးရွာနှင့် နီးနေ၍ ကတောင်စိန်အဝိုင်းဟုသာ အမည်တွင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ “လက်ရှိအချိန်အထိတော့ ကျွန်းပတ်လမ်းက အဝိုင်းထိပ်မှာ ဘာရုပ်တုကိုမှ တင်ဖို့အစီအစဉ် မရှိသေးဘူး၊ ဟင်္သာအဝိုင်းလည်း မဟုတ်တော့ဘူး ဘာမှလည်း မတင်တော့ဘူး ဒီအတိုင်းပဲ ထားတော့မယ်”ဟု ဦးအောင်စိုးကြိုင်က ပြောသည်။ ယာဉ်အသွားအလာ

ကုန်သည်များ အနေဖြင့် တောင်သူများထံမှ စပါးဝယ်ယူပါက ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့်ဝယ်ယူရမည်

မော်လမြိုင်၊ မတ် ၂၃ ။ ။ ကုန်သည်များ အနေဖြင့် တောင်သူများထံမှ စပါးများကို ဝယ်ယူရာတွင် ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။ မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ တောင်သူလယ်သမားrsm; စပါးရောင်းဝယ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင် ပတ်သက်၍ မေးမြန်းခြင်းကို ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် မြို့နယ်တိုင်းကို

မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီဘဲ ကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိနေသည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “ကျောက်မိုင်းနဲ့ ပတ်သက်ပြီး ၄၉ မိုင်းဆင်းခဲ့တာ တစ်ခုမှ စည်းကမ်းနဲ့ မညီဘူး၊ ဒီလအတွင်းကနေစပြီး စစ်ဆေးမယ်၊ အရေးယူတဲ့ အပိုင်းကတော့ သူ့စည်းမျဉ်း စည်းကမ်းအတိုင်း ကြည့်ပြီးတော့ အရေးယူရမှာပေါ့”ဟု ဒေါက်တာအေးဇံက ဆိုသည်။ အချို့ကျောက်မိုင်းကုမ္ပဏီများမှာ တစ်နှစ်အတွင်း ကျောက်ကျင်းရေ ၁၀ဝ၀ ထုတ်လုပ်ပါမည်ဟု ဝန်ခံကတိ ပြုထားသော်လည်း ကျောက်ကျင်းရေ ၆၀ဝ၀ ကျော်အထိ စည်းကမ်းဖောက်ဖျက်

မွန်ပြည်နယ်တွင် နှစ်လအတွင်း ခရီးသည်ဝင်ရောက်မှု ခြောက်သိန်းကျော်ခန့်ရှိသည်ဟုဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်လာခဲ့ခြင်းကြောင့် ယခင်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးရုံး (မွန်ပြည်နယ်) ထံမှ သိရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၅၄၆၄၁၀ ဦးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၆၁၉၀၂၆ ဦး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်လက ပြည်နယ်အတွင်းသို့ ပြည်တွင်း ခရီးသွားဧည့်သည် ၅၆၅၀၃၄

ညှိညှိနှိုင်းနှိုင်း အဖြေရှာပါ

လူအများအကြား ရေပန်းစားနေတဲ့ မော်လမြိုင်-ချောင်းဆုံ (သံလွင်တံတား) ဟာ မွန်ပြည်နယ်တွင်မက အခြား၊ တိုင်းနှင့် ပြည်နယ်တွင်ပါ စိတ်ဝင်းစားခဲ့သည် ဖြစ်ရပ်ဖြစ်လာခဲ့သည်။ သံလွင်မြစ်ခြားနေတဲ့ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်သည့် ယင်းတံတား စတင်တည်ဆောက်စဉ်က တံတားတည်ဆောက်ပါက မြစ်ပြောင်းလဲမှုနှင့် ငါးသယံဇာတ ထိခိုက်မည်ကို ရှိလာနိုင်သည်ဟု သုံးသပ်ချက်များဖြင့် လက်ခံသည့်သူများနှင့် လက်မခံသည့်သူများ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ထိုသို့ အငြင်းပွားမှုများဖြင့် တံတားကြီး တည်ဆောက်မှု ပြီးစီးချိန်တွင်လည်း တံတားနာမည်ပေးခြင်းအပေါ် ယခင် တံတားအမည်နာမကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်နာမ ပြောင်းလဲသတ်မှတ်ရန် သတင်းများ ထွက်လာပြီးနောက် မွန်တိုင်းရင်းသားများက သဘောမတူ ကန့်ကွက်မှုများ ပြင်ထန်လာခဲ့ကြသည်။ ထိုဖြစ်စဉ်မှ တစ်စတစ်စဖြင့် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ရန် အဆိုတင်သွင်းသည့်နေတွင် ချောင်းဆုံမြိုနယ်တွင် မွန်တိုင်းရင်းသား

၂ဝ၁၆ ခုနှစ်အတွင်း ရာဇဝတ်မှုဆိုင်ရာ အမှုပေါင်း ၁၀ဝ၀ဝ ကျော် စီရင်ချက်ချနိုင်ခဲ့ဟုဆို

မော်လမြိုင်၊ မတ် ၁၆ ။ ။ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်တရားလွှတ်တော်အနေဖြင့် လက်ခံရရှိခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ အမှုပေါင်း ၁၁၁၄၈ မှုအနက်မှ ၁ဝ၈၃၈ မှုကို စစ်ဆေးပြီးမြောက်ခဲ့ပြီး အမှုအားလုံး၏ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ကြောင်း မွန်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ပြောကြားသည်။ မတ်လ ၁၅ ရက်က ပြုလုပ်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၏ ၂ဝ၁၆ ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာကို တင်သွင်းရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ တရားစီရင်ရေးကဏ္ဍတွင် မွန်ပြည်နယ်တရားလွှတ်တော်က လက်ခံရရှိခဲ့သည့် အမှုပေါင်း ၂၂၄ မှုအနက်မှ

ကျိုက္ကသာကျေးရွာတွင် လမ်းမြေဖို့ရန် မြေတူးရာမှ ရရှိသော ရွှေပြား ၃၉၀ ပြားအား ရှေးဟောင်း သုတေသနဌာနသို့ အပ်နှံ

ကျိုက်ထို၊ မတ်၂၃ ။ ။ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ ဦးထွန်းရီ၏ ခြံဝန်းတွင် မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက လမ်းမြေဖို့ရန် မြေတူးရာမှ ရရှိခဲ့သော ရွှေပြား ၃၉၀ ပြားအား ရှေးဟောင်း သုတေသနဌာနသို့ အပ်နှံပေးခဲ့ကြောင်း ကျိုက္ကသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။ “ကျွန်တော်တို့ မတ်လ ၂၃ ရက်နေ့က နေပြည်တော် ရှေးဟောင်းသုတေသနအဖွဲ့ကို ပိုင်ရှင်ကိုယ်တိုင် သွားရောက် အပ်နှံခဲ့ပါတယ်၊ လက်ရှိရွှေတွေရဲ့ အလေးချိန်အတိုင်း ကာလပေါက်ဈေးရယ်၊ လက်ယာဖိုးရယ်၊ ရှေးဟောင်းခေတ် တန်ဖိုးရယ်ကို ပညာရှင်တွေက တွက်ချက်ပြီး ပေးမယ်လို့