ကျိန်စာသင့် မွန်နိုင်ငံရေး

နှစ်လွှာပေါင်းလျှင် တစ်ရွက်ဖြစ်သည်။ နှစ်ယောက်၊ နှစ်ဖွဲ့၊ နှစ်ခုကို ပေါင်းစည်းလျှင် တစ်ခုတည်းဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ မွန်နိုင်ငံရေးမူကား နှစ်ဖွဲ့ပေါင်းလျှင် တစ်ဖွဲ့ဖြစ်ရမည့်အစား သုံးဖွဲ့ဖြစ်လာမည့် အခြေအနေသို့ ဦးတည် နေချေသည်။ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေရာမှ မူလ နှစ်ပါတီအပြင် နောက်ထပ် နိုင်ငံရေးပါတီသစ်တစ်ခု ပေါ်ပေါက်ရန် ဦးတည်နေခြင်း ဖြစ်သည်။ မွန်သံဃာတော်များ ညှိနှိုင်းဆောင်ရွက်ခဲ့မှုသည် ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်။ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးထား၍ နှစ်ပါတီမှ တစ်ပါတီ အဖြစ် ပူးပေါင်းရန် ညှိနှိုင်းရေးအဖွဲ့မှ ကြိုးပမ်းခဲ့သော်လည်း မွန်လူမျိုးတို့ မျှော်မှန်းထားသည့် ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ခြင်း

တံတားကြီးပြီးလျှင်………

ယက္ခဒီပဒေသဟု တင်စားခေါ်ဝေါ်ကြသည့် ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင် စားသောက်နေသော ဦးမန်ငွေဝင်းတစ်ယောက် တောင်ဝှေးကို အချောကိုင်ရင် တက်ကြွနေဟန်ဖြင့် “တံတားကြီးပြီးတာနဲ့ ငါ့ပစ္စည်းတွေလည်း နိုင်ငံခြားရောက်ပြီပဲ”ဟု ပြောပြီး သူလုပ်နေသော တောင်ဝှေး အချောကိုင်ခြင်းကို အရှိန်မြင့်လိုက်သည်။ သူ၏ ရည်ရွယ်ချက်များ အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာနေခြင်းကိုလည်း ပြုံးရွှင်နေသောမျက်နှာထားက အတိုင်းသားဖော်ပြနေသည်။ ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ကျေးရွာတွင် နေထိုင်သည့် (555) ဆေးတံလုပ်ငန်းပိုင်ရှင် ဖြစ်သော ဦးမန်ငွေဝင်းမှာ ဆေးတံအမျိုးမျိုး၊ တောင်ဝှေး ဒီဇိုင်းအမျိုးမျိုး ထုတ်လုပ် ရောင်းချသူအဖြစ် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း တံတားကြီး ဖွင့်လှစ်ပါက လုပ်ငန်းတိုးချဲ့ရန် ကြံစည်နေသော တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှာ ၎င်းတို့ လုပ်ငန်းများကို တိုးချဲ့မည်ဟူသော မျှော်လင့်ချက်များ

တူယှဉ်ကာနွှဲပျော် မွန်ပြည်နယ်နေ့ပွဲတော်

၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့ ရောက်တိုင်း နှစ်စဉ် ကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့မှာတော့ ယခု ၂၀၁၇ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာတော့ (၄၃) ကြိမ်မြောက် ဖြစ်ခဲ့ပြီးလေးပြီး။ မွန်ပြည်နယ်နေ့ကို သာမန်အခမ်းအနားငယ် တစ်ခုအဖြစ်သာ ၁၉၈၈ အရေးခင်းကာလအထိ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မွန်ပြည်နယ်နေ့ကို တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အရေးအတီး ပြိုင်ပွဲများနှင့် ပြည်နယ်ထွက် ကုန်စည်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ ယခုနှစ် (၄၃) ကြိမ်မြောက် မွန်ပြည်နယ်နေ့ကို ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပြခန်းများ၊ ဌာနဆိုင်ရာတို့မှ အသိပညာပေး ပြခန်းများ၊ လက်ကမ်းစာဆောင်များနှင့် စည်ကားသိုက်မြိုက်စေရန်အတွက် ဈေးပွဲတော်ပုံစံဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက

စွန့်ပစ်ခံ ရင်ခွင့်မဲ့ ဘဝများ

“ဝေး..အမေတို့ ပြန်လာပြီ” ဟူသော အသံနှင့် အတူ ဟင်းချက်တမ်း ကစားနေကြသည့် အသက်ခြောက်နှစ်မှ ဆယ်နှစ်အရွယ် ကလေးငယ်ခြောက်ဦးမှာ လက်ထဲရှိ ကစားလက်စ ပစ္စည်းများကိုချကာ ခြံဝင်းထဲသို့ ဝင်လာသည့် လိုက်ထရပ်ကားဆီသို့ မြူးထူးစွာဖြင့် အပြေးအလွှား ရောက်ရှိသွားကြသည်။ 4889

နွမ်းပျပျခန္ဓာကိုယ်နှင့် ပန်းလျလျအိပ်မက်များ

ခန္ဓာကိုယ်တစ်ခုလုံး အညိုကွက်နှင့် အမဲကွက်များ စွဲကပ်နေပြီး ခြေချောင်းနှင့် လက်ချောင်းများက တစ်ဆစ်မှ မကျန်အောင် တုံးတိတိ၊ နားရွက်နှစ်ဖက်မှာလည်း တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သည့် အသက် ၆၁ နှစ်ခန့် ရှိပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦးမှာ ကုဠနူနာရောဂါဟု ပါဠိဘာသာတွင်ခေါ်ဝေါ်သည့် အနာကြီးရောဂါကို သက်လတ်ပိုင်း အရွယ်ကပင် စတင်ခံစားခဲ့ရသူ ဖြစ်သည်။ 4831

မော်လမြိုင်မြို့တွင်း နယ်မြေနှင့် ရပ်ကွက်များ

မော်လမြိုင် မြူနီစီပယ်ပိုင်နက် နယ်မြေသည် (၁၆)စတုရန်းမိုင်ကျယ်ဝန်းသည်။ ထိုနယ်မြေကို နယ်မြေ(၅) ခု အဖြစ် ပိုင်းခြားထားသည်။ ၁။ မုပွန်နယ်မြေ ၂။ မောင်ငံနယ်မြေ ၃။ ထားဝယ်စုနယ်မြေ ၄။ ကုလားတန်းနယ်မြေနှင့် (၅) ဒိုင်းဝန်ကွင်းနယ်မြေတို့ ဖြစ်ကြသည်။ 4763

မြန်မာ့စီးပွားရေးအလားအလာနှင့် ပြုပြင်ပြောင်းလဲမှုများ

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စဉ်စားရာတွင် အလေးထားဆောင်ရွက်ရမည့် ကဏ္ဍကြီး (၃) ရပ်မှာ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုနှင့် ငွေကြေးကဏ္ဍများဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍပင်ဖြစ်စေ၊ စက်မှုလက်မှု ကဏ္ဍပင်ဖြစ်စေ၊ မည်သည့် ကိစ္စရပ်များမဆို ငွေကြေးနှင့် မကင်းကြ။ 4695

ရွှေ့ပြောင်းသူများရဲ့ အခြေချရာဒေသ

လယ်ကွင်းပြင် တစ်ခုလုံး တံလျက်ထနေချိန် ထန်းပင်ပုလေးတစ်ပင်ရဲ့ ထိုးထွက်နေသော အကိုင်းအခက် အောက်မှာနေ့လည်စာအတွက် အိမ်မှ ပါလာသည့် ထမင်းချိုင့်ကို ရှောက်သီးသုပ်ဖြင့် စားလိုက်ပြီး လုပ်လက်စဖြစ်သည့် စပါးရေသွင်းခြင်းကို လက်စသတ်ရန် ထန်းပင်အောက်မှ တစ်ခေါ်စာဝေးသည့် စပါးကြဲခင်းအတွင်းသို့ ဦးမောင်ခင် တစ်ယောက် ခပ်သုတ်သုတ်ပြန်လျှောက်လာခဲ့သည်။ 4692

မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏

နေအလင်းရောင်ခြည် အစပြုချိန် မြူနှင်းများ ပြိုကျနေသည်ကြားမှ နီရဲနေသော လူအုပ်ကြီးက သံစုံတီးဝိုင်းနှင့် ချီတက်လာပြီးဖြစ်သည်။ နေရာင်ခြည် ပွင့်လာသည်နှင့်အတူ ပြန်လွင့်နေသည့် ဟင်္သာအလံသည်လည်း ထင်ရှားလာပြီးဖြစ်သည်။ 4570

ယုံကြည်မှုနှင့် အသက်ဆက်နေသည်

ချမ်းအေးလှသည့် ဆောင်းရာသီ၏ နေဝင်ပျိုးစ အချိန်တစ်ခု၌ မော်လမြိုင်မြို့ပေါ် လူသူအများစုမှာ အနားယူနေကြပြီ ဖြစ်သော်လည်း သံလွင်မြစ်ကမ်းနံဘေးရှိ ငါးဖမ်းလှေတစ်စီးအပေါ်မှ တံငါသည် ခြောက်ဦးမှာကား အအေးဒဏ်ကို မမှုပဲ ကိုယ်စီ အလုပ်ရှုပ်လျက်ရှိနေသည်။ 4563