မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံမေးမြန်းခြင်း

မတ်လ(၁)ရက်နေ့က အသစ်ထပ်မံခန့်အပ်လိုက်သည့်မွန်ပြနည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ ကြုံတွေ့ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့်ပြည်နယ်ဖွင့်ဖြိုးတိုးတက်မှုအတွက် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက မေးမြန်းဖော်ပြလိုက်ရပါသည်။ 4801

“လက်ဖက်ရည်ဆိုင်သွားထိုင်တယ်ဆိုတာ သူတို့ဆီက နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေသိချင်တယ်။ ဝမ်းစာဖြည့်အတဲ့အနေနဲ့ အဲ့လိုမျိုးသွားထိုင်တာ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် စေခိုင်းသူများနှင့် အတူ ဓာတ်ပုံတွဲရိုက်ထားသည့် ပုံများအင်တာနက်တွင် ပြန့်နှံ့နေပြီး ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထဲရေးဝန်ကြီး ပြုလုပ်သည့် သတင်းစားရှင်းလင်ပွဲတွင် ဝန်ကြီး၏ပြောဆိုအချက်အရ လုပ်ကြံသတ်ဖြတ်သူများနှင့် တပူးတွဲ ရှိကာ လက်ဖက်ရည်ဆိုင်ထိုင် ခဲ့သည်ဟုဆိုသော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအား ဖေဖော်ဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော်အပြီးတွင် မီဒီယာများ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။ မေး ။ ဦးကိုနီသတ်ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေက ဆရာ့သူငယ်ချင်းတွေ ဖြစ်နေတာနဲ့ ပက်သက်ပြီး ရှင်းပြပေးပါလား။ ဖြေ ။ သူငယ်ချင်းတွေဖြစ်တာက တစ်ပါတ်စဉ်တည်း သူငယ်ချင်းဖြစ်တဲ့အတွက် ခင်မင်တာ၊ ရင်းနှီးတာရှိတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာကလည်း

ပြည်သူတွေ ဘယ်လိုဝန်ကြီးချုပ်အသစ်ကို လိုချင်ကြတာလဲ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် ဦးမင်းမင်းဦးက ရာထူးမှ ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဟု ၎င်း၏ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော် ရေးသားခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ တရားဝင်နုတ်ထွက်ခွင့် တောင်းခံခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၏ ဝန်ကြီးချုပ်အသစ်ကို သမ္မတက ခန့်အပ်ရမည်ဖြစ်ပြီး မည်သို့သော အရည်အချင်းရှိသည့် ပုဂ္ဂိုလ်ကို မွန်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်ကြောင်း မွန်ပြည်နယ်သူ၊ မွန်ပြည်နယ်သားများနှင့် အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများ၏ ပြောဆိုချက်များကို ဟင်္သာမီဒီယာက ဖော်ပြလိုက်ပါသည်။ ဦးစိန်မြင့် ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် စွမ်းဆောင်ရည်ပြည့်ရမယ်၊ ခေါင်းဆောင်ပီသရမယ်၊ မွန်ပြည်နယ်က တိုင်းရင်းသားပေါင်းစုံနေတယ်၊ ဗမာ၊ မွန်ကရင်၊ ပအိုဝ်း အားလုံးကို ညီညီမျှမျှနဲ့ စိတ်ထားမျိုးရှိရမယ်၊ လူမျိုးကြီးဝါဒမရှိရဘူး၊ နောက်တစ်ခါ ကိုယ့်ကျင့်တရား ကောင်းရမယ်၊ အဂတိတရား လာဘ်ပေးလာဘ်ယူကို

“ဝန်ကြီးချုပ် တာဝန်ကို မကျေပွန်ခဲ့တာ မရှိခဲ့ဘူးလို့ အစ်ကို ထင်တယ်”

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နိုင်ငံတော် သမ္မတထံ နုတ်ထွက်စာ ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင်လည်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ရာထူးအတွက်လည်း နုတ်ထွက် စာပေးပို့ခဲ့သည်။ နုတ်ထွက်စာ ပေးပို့ဖြစ်သည့် အကြောင်းအရင်းများ၊ တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြုံခဲ့သည့် အခက်အခဲများ၊ စိန်ခေါ်မှုများအပြင် ရာထူးမှ အနားယူပြီးပါက ဖြတ်သန်းသွားမည့် ဘဝ အခြေအနေများကို ဟင်္သာမီဒီယာက မေးမြန်း ဖော်ပြလိုက်ပါသည်။ 4706

“နိုင်ငံရေးမှာ အဓိကပညာရေးက အခြေခံတယ်ဆိုတာ သိစေချင်တယ်”ဆိုတဲ့ စေတနာရှင် လူငယ်များအဖွဲ့ဝင် ဦးကျော်မျိုးဦး (ခ) ကိုဒေးဗစ်နှင့်တွေ့ဆုံခြင်း

ငါးယောက်သော အင်အားမှ လူ ၃၀ဝ ကျော် ပါဝင်လာသော ပရဟိတအဖွဲ့တစ်ဖွဲ့ ဖြစ်လာအောင် စွမ်းဆောင်၍ စစ်အစိုးရ လက်ထက်မှ ယခုအချိန်ထိ အဖက်ဖက်က နိမ့်ကျနေသေးသည့် ဝေလံခေါင်သီရာ ဒေသများရှိ ကလေးငယ်များ ပညာသင်ကြားနေရသော စာသင်ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များအား လစဉ်လတိုင်း ဖြည့်ဆည်းပေးနေသော စေတနာရှင် လူငယ်များအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်မျိုးဦး (ခ) ဦးဒေးဗစ်နှင့် တွေ့ဆုံမေးမြန်းခြင်း အကြောင်းအရာများကို ဟင်္သာမီဒီယာမှ ဖော်ပြလိုက်ပါသည်။ 4698

“မွန်ပြည်နယ်က ပရိသတ်တွေအတွက် မကြာမကြာ လာရောက်ဖျော်ဖြေပေးပါ့မယ်လို့ ပြောချင်ပါတယ်။”

လူငယ်အဆိုတော် ရွှေထူးနှင့်တွေ့ဆုံခြင်း ယခုတစ်ပတ် ဟင်္သာမီဒီယာ စာဖတ်ပရိတ်သတ်တွေအတွက် ခေတ်လူငယ်များနဲ့ နှုတ်ခမ်းနီမလေးတို့ရဲ့ ပါးစပ်ဖျားမှာ "နင်ရယ် ငါရယ် သူငယ်ချင်းပါ "ဆိုတဲ့ စာသားနဲ့ ရေပန်းစားလာခဲ့တဲ့ လူငယ် အဆိုတော် ရွှေထူးနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ရပါတယ်။ 4551

ပန်းချီဆရာမ ဒေါ်စိန်စိန်လင်းနှင့် တွေ့ဆုံခြင်း

တစ်နေ့ကျရင် အောင်မြင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပြင်းပြင်းနဲ့ လမ်းဘေးဆိုင်က ပိုစတာဆိုင်းဘုတ်တွေကို လိုက်လံရေးဆွဲဝမ်းကျောင်းရင်း ဘဝရပ်တည်ရေးလုံခြုံမှုကို မငဲ့ကွက်ဘဲ ပန်းချီအနုပညာအပေါ် တစိုက်မတ်မတ်ရူးသွပ်ခဲ့တဲ့ ပန်းချီဆရာမဒေါ်စိန်စိန်လင်းရဲ့ပန်းချီရေးဆွဲခြင်းအပေါ် သူရဲ့ခံယူချက်သဘောတရားနဲ့စိတ်နေသဘောထားတို့ကို ဟင်္သာမီဒီယာမှ မေးမြန်းဖော်ပြလိုက်ရပါတယ်။ 4488

ပန်းပျိုးအိမ် ပညာဒါနကျောင်းတာဝန်ခံ ဦးစိန်ဝင်းထွန်းနှင့် တွေ့ဆုံခြင်း

မော်လမြိုင်မှာ ပညာသင်ကြားဖို့ ငွေကြေး မတတ်နိုင်တဲ့ ကလေးတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလိုချို့တဲ့လှတဲ့ ကလေး တွေကို ငွေကြေးတစုံတရာ မယူဘဲ အခမဲ့ ပြင်ပကနေ ကျုရှင် သဘောမျိုး သင်ကြား ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ပန်းပျိုးအိမ် ပညာဒါနကျောင်းနဲ့ ကျောင်းရဲ့ ဆောင်ရွက်ချက်တွေကို ထိုကျောင်းရဲ့ တာဝန်ခံဖြစ်တဲ့ ဦးစိန်ဝင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြ လိုက်ပါတယ်။ ဟင်္သာမီဒီယာ ။ ။ ဦးစိန်ဝင်းထွန်းအနေနဲ့ ပန်းပျိုးအိမ် ပညာဒါနကျောင်း ဖွင့်ဖြစ်ခဲ့ပုံကို ပြောပြ ပေးပါလား ခင်ဗျာ။ ဦးစိန်ဝင်းထွန်း ။ ။ ပန်းပျိုးအိမ် တည်ထောင် ဖြစ်ခဲ့တာက ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့ ကာလမှာ NLD ပါတီဝင် တွေနဲ့ ရပ်မိရပ်ဖတွေ

“သူတို့(တရုတ်၊ “ဝ”တပ်ဖွဲ့)ဘက်က ပါဝင်ဖို့အဆင်သင့်ရှိပါတယ်”

         “သူတို့(တရုတ်၊ “ဝ”တပ်ဖွဲ့)ဘက်က ပါဝင်ဖို့အဆင်သင့်ရှိပါတယ်” ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက အစိုးရနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း မကြာသေးမီရက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မည်သည့်တွေ့ဆုံပွဲတွင်မဆို တရုတ်နိုင်ငံကိုအသိသက်သေအဖြစ်ထားရှိပြီး “ဝ” တပ်ဖွဲ့(UWSA) ပါဝင်မှုဖြင့်သာ တွေ့ဆုံသွားမည်ဟု ထည့်သွင်း ဖော်ပြထားသည်။ ယင်းကိစ္စ ရပ်များနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာညိုထွန်းအောင်အား ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ရပါသည်။ ဟင်္သာမီဒီယာ။ ။မည်သည့် တွေ့ဆုံဆွေးနွေးမှုကိုမဆို တရုတ် နဲ့ “ဝ” ပါမှတွေ့မယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်ရှိလို့ပါလဲ Dr.NTA။ ။ကျွန်တော်တို့ မြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားပြီးတော့ UWSA က ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ထုတ်ပြန်ကြေညာထားတဲ့ ကြေညာချက်တစ်ခုရှိတယ်။ အဲ့ဒီကြေညာချက်ထဲမှာလည်း သူတို့အနေနဲ့

“အခက်အခဲတွေမှာဆို ကျွန်တော်တို့ဆီမှာ ရုံးမြေနေရာ မရှိဘူး။ မြေနေရာရှိရင် အဆောက်အဦ လှူမယ့်လူကတော့ အဆင်သင့်ရှိတယ်”

မြန်မာနိုင်ငံ အရေးပေါ် လူမှု ကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တွေ့ဆုံခြင်း ဟင်္သာ ။ ။ မြန်မာနိုင်ငံ အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ကို ဘယ်အချိန်လောက်တုန်းက စတင်တင်ထူထောင်ခဲ့တာလဲ။ ACO ။ ။ ဒီအသင်းကတော့ မြဝတီကနေ စဖွင့်တာပါ။ မြဝတီက ဥက္ကဋ္ဌ ဦးလှထွတ်းကနေ စတင်ခဲ့တာပါ။ သင်္ကြန်မတိုင်ခင် လူနာစကောက်တယ်။ ၂၀၁၅ ခုနှစ်လောက်ကပေါ့၊ ကားတစ်စီးနဲ့ပဲပေါ့။ အဲ့တုန်းက ရှိတဲ့လူနဲ့ပဲ အဓိကတော သင်္ကြန်မှာ