ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်တု တပ်ဆင်တော့မည် မဟုတ်ဟုဆို

ချောင်းဆုံ၊ မတ် ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ် ယာဉ်ပတ်အဝိုင်းတွင် ဟင်္သာရုပ်ထု တပ်ဆင်တော့မည် မဟုတ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်စိုးကြိုင်က ပြောဆိုသည်။ လက်ရှိအခြေအနေ၌ မည်သည့်ရုပ်တုကိုမျှ တပ်ဆင်ရန် အစီအစဉ် မရှိသေးကြောင်းနှင့် ကညှော်ကျေးရွာအုပ်စု၊ ကတောင်စိန်ကျေးရွာနှင့် နီးနေ၍ ကတောင်စိန်အဝိုင်းဟုသာ အမည်တွင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။ “လက်ရှိအချိန်အထိတော့ ကျွန်းပတ်လမ်းက အဝိုင်းထိပ်မှာ ဘာရုပ်တုကိုမှ တင်ဖို့အစီအစဉ် မရှိသေးဘူး၊ ဟင်္သာအဝိုင်းလည်း မဟုတ်တော့ဘူး ဘာမှလည်း မတင်တော့ဘူး ဒီအတိုင်းပဲ ထားတော့မယ်”ဟု ဦးအောင်စိုးကြိုင်က ပြောသည်။ ယာဉ်အသွားအလာ

ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ပဲအထွက်နှုန်း လျော့နည်းနေသည်ဟု ဒေသခံတောင်သူများဆို

ချောင်းဆုံ၊ မတ် ။ ။ ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံ စိုက်ပျိုးထားကြသည့် ပဲစိုက်တောင်သူ အများစုမှာ ပဲရိတ်သိမ်းချိန်၌ ပဲအထွက်နှုန်း လွန်စွာလျော့နည်းနေကြောင်း ချောင်းဆုံမြို့နယ်ရှိ ပဲစိုက်ပျိုးတောင်သူများထံမှ သိရသည်။ 4826

ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းရုံးခန်း ဆောက်လုပ်ရန် ငွေကြေးအကူအညီများ လိုအပ်နေဟုဆို

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင်၊ မြို့နယ်ကြက်ခြေနီအသင်းရုံး ဆောက်လုပ်နိုင်ရန်အတွက် ငွေကြေးအကူအညီများ လိုအပ်နေပြီး အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက ပါဝင်ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။ 4799

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံခြင်းကို ပြန်လည် သုံးသပ်သင့်သည်ဟု ဒေသခံများဆို

ချောင်းဆုံ၊ မတ် ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံရာ၌ ဆိုင်ကယ်များကိုပါ တံတားဖြတ်ကူးခ ကောက်ခံခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံများက ပြောဆိုနေကြသည်။ 4782

သံလွင်တံတား (ချောင်းဆုံ) ကို ဒေါ်အောင်ဆန်းစုကြည့် လာရောက်ဖွင့်လှစ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ တံတားအမည် ပြောင်းလဲရန် ရှိနေသည့် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်က ပြောကြားသည်။ 4667

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များ အသုံးနည်းလာ၍ ဓနိဖက်လုပ်ငန်း အဆင်မပြေ

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များအသုံးနည်းလာသည့်အပြင် ပြင်ပဒေသများသို့ ပို့ဆောင်ရာတွင်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား နည်းလာခြင်းကြောင့် ဓနိဖက်ခြံလုပ်ငန်းရှင်များ လုပ်ငန်းအဆင်မပြေမှုများ ဖြစ်လာကြောင်း ဒေသခံ ဓနိဖက်လုပ်ငန်းရှင်များက ပြောကြားသည်။ 4657

ချောင်းဆုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေတူး၊ ကျောက်တူးခြင်း လုပ်ငန်းကို ယာယီခွင့်ပြုသင့်ဟု ဒေသခံများဆို

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြင်းမရှိသည့် နေရာများ၌ မြေတူး၊ ကျောက်တူးခြင်းလုပ်ငန်းများကို ယာယီခွင့်ပြုသင့်ကြောင်း ဒေသခံများပြောဆိုသည်။ 4604

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်း စတင်တည်ဆောက်

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 4539

ချောင်းနှစ်ခွ ရဲစခန်းမှူးကိုရဲတပ်သားတစ်ဦးကဓားမြှောင်ဖြင့်ထိုး

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲစခန်းမှူးရဲအုပ် အေးမင်းငြိမ်းကိုနိုဝင်ဘာ ၂၀ ရက်နေ့ကယင်းရဲစခန်းမှ ရဲတပ်သားထက်မြတ်ဝင်းကဓားမြှောင်ဖြင့် ထိုးခဲ့၍ စခန်းမှူး ဒဏ်ရာရရှိခဲ့ကြောင်းကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းကပြောကြားသည်။ 4187

စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း လုပ်သားခဈေးမြင့်နေ၍ လယ်သမားများ အရှုံးပေါ်နိုင်

ချောင်းဆုံ၊ နိုဝင်ဘာ ။ ။ ယခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရိတ်သိမ်းစရိတ်နှင့် လုပ်သားခ ဈေးနှုန်းများမှာ ယခင်နှစ်များထက် မြင့်တတ်နေခြင်းကြောင့် လယ်သမားများအတွက် အရှုံးများပေါ်လာနိုင်ကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်သမားများထံမှ သိရသည်။ 3912