အလှပ်ကျေးရွာ ရေတားတမံကို ယခုလကုန် အပြီးဆောက်လုပ်မည်

မော်လမြိုင်၊ မတ် ။ ။ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ ဆောက်လုပ်ဆဲ ရေတားတမံကို မတ်လတွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4888

ရွှေလက်ကီး စားသောက်ဆိုင်မှ အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံး

ပေါင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာရှိ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်က ရွှေလက်ကီး စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ မစန်းစန်းထွေးသည် မော်တော်ဆိုင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းထံမှ သိရသည်။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာတွင် နေထိုင်သော ဆိုင်ကယ်ယာဉ်မောင်း ဦးထိန်းဦး၏ ဆိုင်ကယ်ဖြင့် ရွှေလက်ကီး စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မသဇင်ဖြိုး (ခ) မြမြဝင်းနှင့် မစန်းစန်းထွေးတို့ လိုက်ပါစီးနင်းကာ နတ်ကြီးချောင်ဈေးသို့ ဈေးဝယ်ရန် ထွက်လာစဉ် ဆိုင်ကယ်တိမ်းမှောက်မှုမရှိဘဲ မစန်းစန်းထွေးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခြင်းဖြစ်ကြောင်း မုတ္တမနယ်မြေရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သော မစန်းစန်းထွေးမှာ ဦးခေါင်းနောက်စေ့

မွန်ပြည်နယ် ဒုတိယအကြိမ် ရေတိမ်ဒေသများနေ့ အခမ်းအနားကို အလှပ်ကျေးရွာတွင် ပြုလုပ်မည်

မွန်ပြည်နယ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရေတိမ်ဒေသများနေ့ (Ramser) ကို ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ မတ်လအတွင်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးအသင်း (Banca) မှ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။ 4542

Long Life ကျောက်မိုင်း သက်တမ်းတိုးပေး၍ ကိုယ့်ကိုနှိပ်စက် ဆန္ဒ ထုတ်ဖော်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ပေါင်မြို့နယ် ကုလားမတောင် သစ်တော ကြိုးဝိုင်းအတွင်းရှိ ကျောက်မိုင်း လုပ်ကွက် တစ်ခုဖြစ်သည့် Long Life Aggrate Mining Co.Ltd ကျောက်မိုင်း ကုမ္ပဏီကို ပြည်နယ်အစိုးရမှ သက်တမ်းတိုး လုပ်ကိုင်ခွင့် ချထားပေးမှုအပေါ် ဒေသခံများက ခန္ဓာကိုယ် နှိပ်စက်၍ ဆန္ဒထုတ်ဖော်မှုခဲ့ကြသည်။ Long Life ကျောက်မိုင်း သက်တမ်းတိုးထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မွန်ပြည်နယ်

မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော်စစ်ဆေးတွေ့ရှိဟုဆို

မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တွင် သြဂုတ်လ တစ်လအတွင်း မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော် စစ်ဆေးတွေ့ရှိကြောင်း မွန်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယ.ထ.က) ထံမှ သိရသည်။ 3666

Long Life ကျောက်မိုင်းကုမ္ပဏီ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရ အချက် ၄ ချက် ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရှိ Long Life Aggregate Mining Co,Ltd ကျောက်မိုင်းကုမ္ပဏီ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အချက်လေးချက် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။ 3626

အလှပ်ကျေးရွာအရှေ့ဘက်ကမ်းပါးပြိုကျခြင်းကိုယာယီတားဆီးနိုင်ရေးအစိုးရက သိန်း၁၂၀ခန့် သုံးစွဲမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအရှေ့ခြမ်းရေတိုက်စား၍ ကမ်းပြိုမှုများဖြစ်ပေါ်နေခြင်းကိုယာယီတားဆီး နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးအရအဖွဲ့မှ ကျပ်သိန်း ၁၂၀ခန့်သုံးစွဲမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောသည်။ 2247

အလှပ်ရွာအရှေ့ခြမ်းသို့ ပင်လယ်ရေဝင်ရောက်မှု ကာကွယ်ရန် ကိုယ်ထူကိုယ်ထကျောက်သားတမံများပြုလုပ်

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိအလှပ်ကျေးရွာအရှေ့ခြမ်းသို့ ပင်လယ်ရေများစီးဝင်လာသောကြောင့် ရွာရှိနေအိမ်များရေနစ်မြုပ်မှုမရှိစေရန် ဒေသခံများစုပေါင်းပြီးကိုယ်ထူကိုယ်ထကျောက်သားတမံများပြုလုပ်၍ ကာဆီးလျက်ရှိကြောင်း ရွာခံ ဦးဝင်းချစ်က ဟင်္သာမီဒီယာသို့ပြောသည်။ 2143

သက်တမ်းတိုးထားခြင်းမရှိဘဲကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုစစ်ဆေးအရေးယူမည်

ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်းအတွင်းသက်တမ်းမတိုးဘဲကျောက်ထုတ်လုပ်နေသောကုမ္ပဏီများကိုအရေးယူရန်ပြင်ဆင် လျက်ရှိကြောင်းမော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်အောင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2009

ဇင်းကျိုက်ရေတံခွန်တွင် အရက်သောက်ခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည်

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိဇင်းကျိုက်ရေတံခွန်တွင် အရက်သေစာသောက်စားခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည် ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန်သန့်ရှင်းသာယာလှပရေးကော်မတီအဖွဲ့ဝင်များကပြောကြားသည်။ နှစ်စဉ် မိုးရာသီတိုင်းအပန်းဖြေသူအများအပြားလာရောက်လေ့ရှိသောဇင်းကျိုက် ရေတံခွန် တွင် အရက် သောက်သုံးပြီးရေကစားအပန်းဖြေမှုများရှိခြင်းကြောင့် သေဆုံးမှုများရှိကြောင်းအဆိုပါ ကော်မတီဝင်များကဆိုသည်။ ထို့ကြောင့် ဇင်းကျိုက်ရေတံခွန် ကိုအရက်ကင်းရှင်းရေးဇုန်ဖြစ်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြကာပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အရက်ကင်းရှင်းဇုန်ဖြစ်ရေးအတွက် ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ် သက်ဆိုင်ရာဌာနများနှင့် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကပြောသည်။ “ဒီရေတံခွန်ကိုလာတဲ့ ၇၅ ရာခိုင်နှုန်းလောက် အပန်းဖြေဖို့ အရက်နဲ့ တွဲပြီးလာကြတယ်၊ ဒါကြောင့် အရက်မူးမူးနဲ့ မသွားသင့်တဲ့ နေရာသွားပြီးလူသေမှုတွေ ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်တွင် ဇင်းကျိုက်ရေတံခွန် တွင် အရက်သေစာသောက်စားမှုများနှင့် ရေတံခွန်အနီးတွင်လည်းအရက်ရောင်းချမှုများလည်းရှိနေကြောင်းဒေသခံများကပြောကြားသည်။ အဆိုပါ ရေတံခွန်အားအရက်ကင်းမဲ့ဇုန်ဖြစ်ရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများရှိပြီးပညာပေးလုပ်ငန်းများကိုလည်းတတ်နိုင်သလောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးထွန်းထွန်းနိုင်ကပြောကြားသည်။ လက်ရှိတွင် ဇင်းကျိုက်ရေတံခွန်ကိုလာရောက်အပန်းဖြေကြသည့် ဧည်သည်များဘေးအန္တရာယ်ကင်းရေးအတွက် အန္တရာယ်ရှိသည့်