နိုင်ငံတော်သီချင်းဆိုပြီးပါက “အာဇာနည်ခေါင်းဆောင်များကို အလေးပြု” စကားစုအား ထည့်သွင်းရန် လွှတ်တော်တွင် မေးမြန်း

ရန်ကုန်၊ မတ် ၂၃ ။ ။ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် နိ်ုင်ငံတော်သီချင်းသီဆိုပြီးပါက “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု” စကားစုကို ထည့်သွင်းရန် တရားဝင် ညွှန်ကြားပေးနိုင်ခြင်း ရှိမရှိဆိုသည့် မေးခွန်းအား မတ် ၂၁ ရက်တွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ကလေးမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဇော်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် ကိစ္စဖြစ်သောကြောင့် ပြည်ထောင်စုနှင့် ချိတ်ဆက်ကာ ညွှန်ကြားပေးနိုင်ရန် ကြိုးစားပေးမည်ဟုသာ ဖြေကြားခဲ့ကြောင်း ၎င်းထံမှ သိရသည်။ “လူငယ်လေးတွေကို

၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည့် အမျိုးသားနှစ်ဦးကို ထားဝယ်ခရိုင်တရားရုံမှ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်အမိန့်ကျ

ထားဝယ်၊ မတ် ၁၀ ။ ။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့မှ အသက် ၈ နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သော အမျိုးသားနှစ်ဦးကို မတ် ၇ ရက်က ရာဇသတ်ကြီးပုဒ်မ - ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ ကျခံစေရန် ထားဝယ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မူခင်းမှတ်တမ်းအရ သိရသည်။ 4915

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသအတွင်းစီးမည့် ယာဉ်အဖြစ် ပြုလုပ်ပေးမည်

ထားဝယ်၊ မတ်လ ၇ ။ ။ တနင်္သာရီတိုင်းဒေသကြီးရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသအတွင်းစီးမည့် ဆိုင်ကယ်အဖြစ် ပြောင်းပစ်မည်ဖြစ်ကြောင်း ထားဝယ်မြို့၌ မတ်လ ၆ ရက်က ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။ 4844

နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားလေးဦးက ရွှေဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်

မြဝတီ၊ မတ် ၈ ။ ။ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်ဈေး အနောက်ဘက်၊ သစ္စာလမ်းရှိ မောင်တင်စိန်ရွှေဆိုင်ကို မတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးသည် စစ်စိမ်းရောင် မက်တူးယာဉ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးကို လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။ 4837

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်

မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းကုန်သွယ်ရေး စခန်းများအနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ 4804

ရဲတပ်ဖွဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ကလေးငယ်တစ်ဦး သေဆုံး

မော်လမြိုင်၊ မတ် ၃ ။ ။ ကရင်ပြည်နယ်၊ ဘားအံ-လှိုင်းဘွဲ့ကားလမ်းရှိ လာဝီလာစားသောက်ဆိုင်အရှေ့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့ မော်တော်ယာဉ်ကို မျက်နှာချင်းဆိုင်လာသော ဆိုင်ကယ်တစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာမှ မော်တော်ဆိုင်ကယ်အနောက်၌ လိုက်ပါစီးနင်းလာသူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။ 4786

မဲဆောက်မြို့တွင် ဈေးဆိုင်ဖွင့် ရောင်းချနေသော မြန်မာနိုင်ငံသားဈေးသည် ရာနှင့်ချီ၍ ဖမ်းဆီးခံရ

မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ဈေးဆိုင်ဖွင့် ရောင်းချနေသော မြန်မာနိုင်ငံသား ဈေးသည်များအား ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်း လဝက ရဲနှင့် စည်ပင်ရဲ ပူးပေါင်း၍ ရာချီသော ဈေးသည်များ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ 4784

ပါတီတည်ထောင်ခဲ့ပါက ရှစ်လေးလုံးမျိုးဆက်အမည်ကို အသုံးမပြုရန် ဆုံးဖြတ်

ရန်ကုန်၊ မတ် ၂ ။ ။ ရှစ်လေးလုံးမျိုးဆက်များပါဝင်သည့် နိုင်ငံရေးပါတီတစ်ခုကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း တည်ထောင်သွားရန် လျာထားပြီး ရှစ်လေးလုံးမျိုးဆက်အမည်ကို အသုံးမပြုရန် ဆုံးဖြတ်ထားကြောင်း အဆိုပါမျိုးဆက်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။ 4778

ဓာတုဆိုးဆေးများ အသုံးပြုသည့် ငပိကြိတ်စက်များကို လိုင်စင်ပိတ်သိမ်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။ ။မျှင်ငပိများကို အရောင်အသွေး လှပရန်အတွက် ဓာတုဆိုးဆေးများ အသုံးပြုသည့် ငပိကြိတ်စက်များကို လိုင်စင် ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဦးစီမှူး ဒေါက်တာမြင့်ဖြိုးက ပြောကြားသည်။ 4759

ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။ 4745