မော်လမြိုင်ရှိ မီးပွိုင့်များ ပြင်ဆင်ခြင်းနှင့် အသစ်လဲလှယ်တပ်ဆင်ရန် ဘက်ဂျက်ငွေ လုံလောက်မှုမရှိဟုဆို

မော်လမြိုင်၊ မတ် ၁၅ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပျက်စီးနေသော မီးပွိုင့်များပြင်ဆင်ခြင်း၊ မီးပွိုင့်လိုအပ်သည့် နေရာများတွင် အသစ်ထပ်မံ တပ်ဆင်ခြင်းများ ပြုလုပ်ရန်အတွက် ယခုဘဏ္ဍာနှစ်၌ ဘက်ဂျက်ငွေ လုံလောက်မှု မရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောဆိုသည်။ 4917

ဗိုလ်ချုပ်အောင်ဆန်းတံတားဟု နာမည်ပေးခြင်းကို ဂုဏ်ယူရမည့်အပြင် ငြင်းခုန်စရာလုံးဝမရှိဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ မတ် ၁၅ ။ ။ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ကို ချိတ်ဆက်ဖောက်လုပ်ထားသည့် တံတားကြီးအား ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းအပေါ် ဒေသခံများအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပြီး ယင်းအပေါ် ငြင်းခုပ်စရာ လုံးဝမရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ 4900

အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများကို တစ်လ တစ်သောင်းကျပ် ထောက်ပံ့ပေးမည်

မော်လမြိုင်၊ မတ် ။ ။ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ လူမှုပင်စင်သဘောမျိုးဖြင့် အသက်ကိုးဆယ်နှင့် အထက်ဘိုးဘွားများအား တစ်လလျှင် ငွေ ၁၀ဝ၀ဝ ကျပ်စီ ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ 4867

တရားစွဲဆိုခံရသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအမှုကို တရားပြိုင်များ နေထိုင်သော နေရာတွင်သာ တရားစွဲရန် အမိန့်ချမှတ်

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ ။ ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ဝေသော “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်ကို မမှန်မကန် ပုံနှိပ်ဖြန့်ဝေသည်ဟုဆိုကာ ရေးမြို့နယ်မှ ဦးရန်လင်းအောင်က တရားစွဲထားခြင်းအား မော်လမြိုင် ခရိုင်တရားရုံးမှ စာအုပ်ထုတ်ဝေသောဒေသရှိ တရားရုံးတွင်သာ တရားစွဲဆိုရန် မတ် ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 4856

ကွမ်းစားဆေးရွက်ကြီးအထုပ်များကို အကျဉ်းထောင်အတွင်း ပစ်သွင်းခဲ့သည့် အကျဉ်းထောင်ဝန်ထမ်း အရေးယူခံရ

မော်လမြိုင်၊ မတ် ၉ ။ ။ မော်လမြိုင်အကျဉ်းထောင်ရှိ အတွင်းသို့ ကွမ်းစားဆေးရွက်ကြီး အထုပ်သုံးထုပ်ကို အကျဉ်းထောင်အတွင်း ပစ်သွင်းခဲ့သည့် ဒုတပ်ကြပ်အဆင့်ရှိ အကျဉ်းထောင်ဝန်ထမ်းကို အလုပ်ဖြုတ်ပြီး အကျဉ်းထောင်အက်ဥပဒေဖြင့် မတ် ၆ ရက်က မော်လမြိုင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှတ်တမ်းအရ သိရသည်။ 4853

မော်လမြိုင်ရှိ ဈေးနေရာများတွင် ယာဉ်ကျောရှုပ်ထွေးမှု မဖြစ်စေရန် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့၏ အဓိက နေရာများဖြစ်သော ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) နှင့် အမှတ် (၂) အောက်ဈေး နေရာများတွင် ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန်အတွက် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး (မွန်) မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်သူက ပြောသည်။ 4793

တပ်မတော်၊ ရဲနှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်း၍ မော်လမြိုင်မှ အမှိုက်များကို သိမ်းဆည်းသွားမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့တွင် သင်္ကြန်မတိုင်ခင် ကမ်းနားလမ်းမှ စတင်၍ မြို့လုံးကျွတ် အမှိုက်သန့်ရှင်းရေး ပြုလုပ်ရန် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးဇံက ပြောကြားသည်။ 4748

ကလေးစာပေပွဲတော်ကို မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် ကလေးသူငယ်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်းကြီးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းပြီး မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ကလေးစာပေပွဲတော်ကို သုံးရက်အကြာ ပြုလုပ်ကျင်ပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ညွန်ကြားရေးမှူး ဦစိုးပိုင်က ပြောကြားသည်။ 4742

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးချိန်ထိ ည ၉ နာရီ ကျော်လွန်၍ ကာရာအိုကေ စားသောက်ဆိုင်နှင့် အသံချဲ့စက် ဖွင့်ခြင်းကို ထိရောက်စွာ အရေးယူမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့် မတ် ၁၇ ရက်နေ့ထိ ကာရာအိုကေဆိုင်များ၊ ဗွီဒီယိုဆိုင်များနှင့် စားသောက်ဆိုင်များ၊ အသံချဲ့စက်များ ဖွင့်လှစ်ခြင်းကို ည ၉ နာရီ ကျော်လွန်သည်အထိ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အမိန့်စာ ထုတ်ပြန်လိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ 4711

UMG ကုမ္ပဏီအုပ်စုက အဆိုပြုထားသည့် စီမံကိန်းသုံးခုကို လူထုလက်ခံမှသာ သဘောတူမည်ဟုဆို

မော်လမြိုင်၊ ဇန်နဝါရီ ။ ။ မော်လမြိုင်၊ သံလွင်ဥယျာဉ်မှ ငန်းတေးရပ်ကွက်သို့ ပြောင်းလဲပြုလုပ်မည်ဟု အစိုးရထံ အဆိုပြုထားသော UMG ကုမ္ပဏီအုပ်စုက Waterboom (ရေလွှာလျှောစီးနှင့် ကစားကွင်း) စီမံကိန်း၊ မြို့ပြစီမံကိန်း (Smart City) နှင့် အဆင့်မြင့် အဝေးပြေးကားဝင်းများပါဝင်သည့် စီမံကိန်းလုပ်ငန်းများကို အဆိုပါ ရပ်ကွက်များမှ ပြည်သူများက လက်ခံမှသာ လွှတ်တော်က သဘောတူမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။ 4679