မွန်ပြည်နယ် ရော်ဘာထုတ်လုပ်သူအများစုတွင် နည်းစနစ်မှားနှစ်ခု တွေ့ရှိ

မော်လမြိုင်၊ မတ် ၂၃ ။ ။မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အများစုတွင် ရော်ဘာအရည်အသွေး ညံ့ခြင်းနှင့် အစေးလှီးစနစ် မှားယွင်းခြင်းကို တွေ့မြင်နေရကြောင်း ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။ မွန်ပြည်နယ် နှစ်ရှည်ခံပင် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ ဝန်ထမ်းများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ရော်ဘာမျိုးပင်ကို ကြည့်ခြင်းအားဖြင့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးထားခြင်း မဟုတ်ဘဲ ကြုံရာ ရော်ဘာမျိုးကိုသာ

ယခုဘဏ္ဍာရေးနှစ်၏ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အခွန်ကောက်ခံရရှိမှုသည် ယခင်နှစ်ထက် သန်း ၁၀ဝ၀ နီးပါး ပိုရခဲ့

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မတ်လ ၂၁ ရက်ထိ အခွန်ကောက်ခံငွေ ရရှိမှုသည် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ပိုမိုများပြားလာကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောကြားသည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက် ထိ အခွန်အကောက်ခံဘဏ္ဍာငွေ ၂၃၉၇ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး

ကုန်သည်များ အနေဖြင့် တောင်သူများထံမှ စပါးဝယ်ယူပါက ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့်ဝယ်ယူရမည်

မော်လမြိုင်၊ မတ် ၂၃ ။ ။ ကုန်သည်များ အနေဖြင့် တောင်သူများထံမှ စပါးများကို ဝယ်ယူရာတွင် ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့်သာ ဝယ်ယူရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။ မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၏ တောင်သူလယ်သမားrsm; စပါးရောင်းဝယ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင် ပတ်သက်၍ မေးမြန်းခြင်းကို ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် မြို့နယ်တိုင်းကို

မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီဘဲ ကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိနေသည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “ကျောက်မိုင်းနဲ့ ပတ်သက်ပြီး ၄၉ မိုင်းဆင်းခဲ့တာ တစ်ခုမှ စည်းကမ်းနဲ့ မညီဘူး၊ ဒီလအတွင်းကနေစပြီး စစ်ဆေးမယ်၊ အရေးယူတဲ့ အပိုင်းကတော့ သူ့စည်းမျဉ်း စည်းကမ်းအတိုင်း ကြည့်ပြီးတော့ အရေးယူရမှာပေါ့”ဟု ဒေါက်တာအေးဇံက ဆိုသည်။ အချို့ကျောက်မိုင်းကုမ္ပဏီများမှာ တစ်နှစ်အတွင်း ကျောက်ကျင်းရေ ၁၀ဝ၀ ထုတ်လုပ်ပါမည်ဟု ဝန်ခံကတိ ပြုထားသော်လည်း ကျောက်ကျင်းရေ ၆၀ဝ၀ ကျော်အထိ စည်းကမ်းဖောက်ဖျက်

မွန်ပြည်နယ်တွင် နှစ်လအတွင်း ခရီးသည်ဝင်ရောက်မှု ခြောက်သိန်းကျော်ခန့်ရှိသည်ဟုဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်လာခဲ့ခြင်းကြောင့် ယခင်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးရုံး (မွန်ပြည်နယ်) ထံမှ သိရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၅၄၆၄၁၀ ဦးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၆၁၉၀၂၆ ဦး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်လက ပြည်နယ်အတွင်းသို့ ပြည်တွင်း ခရီးသွားဧည့်သည် ၅၆၅၀၃၄

၂ဝ၁၆ ခုနှစ်အတွင်း ရာဇဝတ်မှုဆိုင်ရာ အမှုပေါင်း ၁၀ဝ၀ဝ ကျော် စီရင်ချက်ချနိုင်ခဲ့ဟုဆို

မော်လမြိုင်၊ မတ် ၁၆ ။ ။ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်တရားလွှတ်တော်အနေဖြင့် လက်ခံရရှိခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ အမှုပေါင်း ၁၁၁၄၈ မှုအနက်မှ ၁ဝ၈၃၈ မှုကို စစ်ဆေးပြီးမြောက်ခဲ့ပြီး အမှုအားလုံး၏ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ကြောင်း မွန်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ပြောကြားသည်။ မတ်လ ၁၅ ရက်က ပြုလုပ်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၏ ၂ဝ၁၆ ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာကို တင်သွင်းရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ တရားစီရင်ရေးကဏ္ဍတွင် မွန်ပြည်နယ်တရားလွှတ်တော်က လက်ခံရရှိခဲ့သည့် အမှုပေါင်း ၂၂၄ မှုအနက်မှ

“ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်နာမ ဆက်လက်ထားရှိပါက တိုင်းရင်းသားတို့၏ ဆန္ဒသဘောထားကို ဆုံးခန်းတိုင်ထိ အကောင်အထည်ဖော်မည်ဟုဆို

မော်လမြိုင်၊ မတ် ၁၉ ။ ။ မော်လမြိုင်-ချောင်းဆုံ ချိတ်ဆက်တည်ဆောက်ထားသည့် တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည် နာမနှင့်သာ ဆုံးဖြတ်အတည်ပြုသွားမည်ဆိုပါက မွန်တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား ဖြစ်ချင်သည့် နာမည်ကို ဆုံးခန်းတိုင်သည့်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ နိုင်မွန်ရာဇာက ပြောကြားသည်။ “ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်နဲ့ပဲ ဆုံးဖြတ်အတည်ပြုပြီးတော့ အကောင်အထည်ဖော်တော့မယ်ဆိုရင် တိုင်းရင်းသားတို့ရဲ့ ဆန္ဒသဘောထား ဖြစ်ချင်တဲ့နာမည်ကို ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်ချီတက် အကောင် အထည်ဖော်သွားမယ်”၎င်းက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်အား ရုပ်သိမ်းပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ လိုလားသည့်

လုပ်ပိုင်ခွင့်ကို ကျော်လွန်သည့် သထုံခရိုင်အတွင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးကို အရေးယူခဲ့ဟုဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မြေယာအလွဲသုံးစားမှုကဲ့သို့သော ပြဿနာရပ်များတွင် မိမိ၏လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ ဆောင်ရွက်မှုများ ရှိသည့်အတွက် သထုံခရိုင်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးကို တရားစွဲဆို အရေးယူမှုများ ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုလိုက်သည်။ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် သထုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်းပြီး ၎င်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အရေးယူခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးတွင် နှစ်ဦးမှာ ပေါင်မြို့နယ်မှဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျိုက်ထိုမြို့နယ်က အုပ်ချုပ်ရေးမှူးများဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မိမိရဲ့ လုပ်ပိုင်ခွင့်ကို

NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီပြင်ဆင်

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်နိုင်သည့် အဖွဲ့အစည်းများဖြင့်သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။ “NCA အပေါ်မှာ အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရပ်တည်ချက် ပြောင်းလဲသွားတယ်။ အာလုံး ပါဝင်ရေး ရပ်တည်ချက်ကနေ အခုပြောင်းသွားပြီး။ ပါဝင်နိုင်တဲ့ အဖွဲ့လောက်ပဲ ကျွန်တော်တို့ လက်မှတ်ထိုးသွားမယ်၊ အဲဒါကို ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။ ထို့ပြင် ညီညွတ်သော တိုင်းသားရင်းများ ဖက်ဒရယ်ကောင်စီ

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဖွံ့ဖြိုးဆုံး ဒေသတစ်ခုဖြစ်လာမည်ဟု မွန်ဝန်ကြီးချုပ် ကြွေးကြော်

မော်လမြိုင်၊ မတ် ၂၂ ။ ။ ၂ဝ၁၈ ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သိန်းခန့် ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားပြီး ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ် ၂ဝ စီမံကိန်းပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် အဖွံ့ဖြိုးဆုံးဒေသတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ “ဒါတွေက တစ်နှစ်တည်းနဲ့တော့ဖြစ်မှာ မဟုတ်ဘူး၊ ဒီအစိုးရသက်တမ်းငါးနှစ် အတွင်းမှာတော့ ရုပ်လုံးပေါ်လာမှာပါ”ဟု ၎င်းက ဆိုသည်။ မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦများနှင့် စက်မှုလက်မှုလုပ်ငန်းအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ လက်ခံလျက်ရှိပြီး ယခုနှစ်အတွင်း လူဦးရေ နှစ်သောင်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်