“လက်ဖက်ရည်ဆိုင်သွားထိုင်တယ်ဆိုတာ သူတို့ဆီက နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေသိချင်တယ်။ ဝမ်းစာဖြည့်အတဲ့အနေနဲ့ အဲ့လိုမျိုးသွားထိုင်တာ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် စေခိုင်းသူများနှင့် အတူ ဓာတ်ပုံတွဲရိုက်ထားသည့် ပုံများအင်တာနက်တွင် ပြန့်နှံ့နေပြီး ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထဲရေးဝန်ကြီး ပြုလုပ်သည့် သတင်းစားရှင်းလင်ပွဲတွင် ဝန်ကြီး၏ပြောဆိုအချက်အရ လုပ်ကြံသတ်ဖြတ်သူများနှင့် တပူးတွဲ ရှိကာ လက်ဖက်ရည်ဆိုင်ထိုင် ခဲ့သည်ဟုဆိုသော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအား ဖေဖော်ဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော်အပြီးတွင် မီဒီယာများ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။ မေး ။ ဦးကိုနီသတ်ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေက ဆရာ့သူငယ်ချင်းတွေ ဖြစ်နေတာနဲ့ ပက်သက်ပြီး ရှင်းပြပေးပါလား။ ဖြေ ။ သူငယ်ချင်းတွေဖြစ်တာက တစ်ပါတ်စဉ်တည်း သူငယ်ချင်းဖြစ်တဲ့အတွက် ခင်မင်တာ၊ ရင်းနှီးတာရှိတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာကလည်း

ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ခြံစည်းရိုးကာခြင်းနှင့် ရဲအင်အား ဖြည့်တင်းထားသည်ဟု ပြည်ထဲရေး ဒု-ဝန်ကြီးဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီးနောက် မြို့နယ်၊ ခရိုင်များသာမက နယ်ခြားတစ်လျှောက် လုံခြုံရေးအင်းအား ထပ်မံတိုးမြင့်ထားသည့်အပြင် တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့သည် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ 4646

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ။ ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများရပ်ကျေးအဆင့်ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောသည်။ “အခု သင်တန်းကတော့ ဆရာဖြစ်သင်တန်းဖြစ်ပါတယ်၊ ဆင့်ပွားသင်တန်းတွေကိုတော့ နောက်လ(ဖေဖော်ဝါရီ)ဒုတိယအပတ်မှာ စတင်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင် အဖွဲ့တွေ ကို် သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

အစိုးရ အဖွဲ့ဝင်များနှင့် အမတ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် NLD ပြင်ဆင်

နေပြည်တော်၊ ဇန်နဝါရီ ၁၉ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ် ရန်အတွက် လေ့လာ စိစစ်ရေး အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းထိန်က မီဒီယာများကို ပြောကြားသည်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် အရ လေ့လာ စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းပါတီက ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း သီးခြား သတင်း ထုတ်ပြန် ထားပါသည်။ NLD အစိုးရ တာဝန်ယူလာသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့်

စည်းကမ်းဖောက်ဖျက်သည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီများကို အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ။ ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့အနေဖြင့် သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခဲ့သည့်အတွက် အေဂျင်စီ ၁၃ခုကို လိုင်စင်ရုတ်သိမ်းခဲ့ပြီး ၄ခုကို အရေးယူခြင်းများ ဆောင်ရွက်ထားသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။ “လိုင်စင်ရုတ်သိမ်းထားတဲ့ အေဂျင်စီကိုမရှင်းမှာစိုးလို့ အမှုကျုးလွန်တဲ့အပေါ်မူတည်ပြီးတော့မှ အခြေခံ သတ် မှတ်ချက်နဲ့ လိုင်စင် ရုတ်သိမ်းထားတယ်၊ ၁ နှစ်၊ ၂ နှစ် တစ်ချို့ဆို ငါးနှစ် ရှိတာပေါ့၊ အမှုစစ်နေတာ လောလော ဆယ်

မောင်တောနယ်မြေ ရှင်းလင်းရေးတွင် ဂျနီဗာကွန်းဗင်းရှင်း စည်းမျဉ်းကို ကျော်လွန်ခြင်းမရှိ ဟု တပ်မတော်ဆို

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။ ။ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများတွင် နိုင်ငံတကာချမှတ်ထားသော စည်းကမ်းများနှင့် ဂျနီဗာ ကွန်းဗင်းရှင်းမှ ချမှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။ 3975

ဦးမျိုးရန်နောင်သိန်းကိစ္စ ပါတီမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ဦးဝင်းထိန်ပြော

နေပြည်တော် ၊ နိုဝင်ဘာ ၈ ။ ။ လူမှုကွန်ယက်စာမျက်နာပေါ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှုတ်ထွက်ရန် ရေးသားခဲ့သူ ဦးမျိုးရန်နောင်သိန်းအား ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။ 3768

တစ်မိနစ် ၁၀ဝကျပ်ဖြင့် ကျန်းမာရေးဆိုင်ရာများမေးမြန်းနိုင်သည့် ဝန်ဆောင်မှုစတင်

နေပြည်တော်၊ နိုဝင်ဘာ ၃။ ။ အများပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ သိရှိလိုပါက တစ်မိနစ် ၁၀ဝကျပ်နှုန်းဖြင့်7887 Call Center စုံစမ်းမေးမြန်းနိုင် ရန် ဝန်ဆောင်မှုများကို ၂၄ နာရီ အချိန်ပြည့် ဆောင်ရွက်ပေးနေသည်ဟု နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသော မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒေါက်တာစွမ်းဆောင်ဦးက ဆိုသည်။ 3712

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဇိုင်းဆွဲထားသော စားပွဲခုံများ စက်မှုဝန်ကြီးဌာန ရောင်းချမည်

နေပြည်တော်၊ နိုဝင်ဘာ ၂။ ။နိုင်ငံတော်အတိုင်ပင်ခံ ံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားသော မှန်စားပွဲခုံ သုံးမျိုးအား စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ညွန်ကြားရေး မှူး ဒေါ်အေးအေးဝင်းက ပြောသည်။ 3700

တစ်နိုင်ငံလုံးတွင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် အဆင်သင့် မဖြစ်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်၊ အောက်တိုဘာ ၂၈ ။ ။ အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန် အဆင်သင့် မဖြစ်သေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။ 3599