ရန်ကုန်တွင် ရေနက်ဆိပ်ကမ်းတစ်ခု ထပ်မံ အကောင်အထည်ဖော်မည်

ရန်ကုန်၊ နိုဝင်ဘာ ၄။ ။ ရန်ကုန်မြို့တော်၏ ဆိပ်ကမ်းဧရိယာတွင် ပြည်သူလူထု အပန်းဖြေအနားယူရန်နှင့် နိုင်ငံတကာ ဧည့်သည် များ လာရောက်လည်ပတ်နိုင်ရန်အတွက် ရေနက်ဆိပ်ကမ်း စီမံကိန်းအသစ်တစ်ခု ထပ်မံအကောင်အထည်ဖော်ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်လျက်ရှိသည်။ 3722

The Messenger ဂျာနယ် ယခုလကုန် ရပ်နားမည်

ရန်ကုန် ၊ နိုဝင်ဘာ ၂ ။ ။ ယခင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး ၏ သားဖြစ်သူ ဦးဇော်မင်းအေးပိုင်ဆိုင်သည့် The Messenger အပတ်စဉ်ထုတ် ဂျာနယ် ထုတ်ဝေခြင်းကို ယခုနိုဝင်ဘာ လကုန်မှစတင်ကာ ရပ်နားမည် ဖြစ်ကြောင်း ယင်းဂျာနယ်၏ တာ ဝန်ခံအယ်ဒီတာ ဦးသန်းထိုက်အောင်က ပြောကြားသည်။ " ပိုင်ရှင်တွေဘက်က တစ်နေ့က အကြောင်းကြားတာပါ။ ဒီလကုန် နားမယ် ဝန်ထမ်းတွေရဲ့ လစာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ မပြောသေးဘူး ။ " ဟု ၎င်းက ဆိုသည်။ နိုဝင်ဘာလကုန်မှ ရပ်နားမည်ဟု အကြောင်းကြား ထား သော်လည်း

“မပြောဘဲနဲ့ ခိုးသုံးထားတယ်ဆိုရင်တော့ သိသွားတဲ့အခါမှာ သူခိုးလို့ပြောခံရမှာပဲ။”

လက်ရှိမြန်မာ့ရုပ်ရှင်လောက၏ အရည်အသွေးနိမ့်ကျလာသည့် အခြေအနေကို လူမှုကွန်ရက် Facebook တွင် သရော်သည့် မြန်မာပေါကား များရပ် Event လှုပ်ရှားမှုအပေါ် ရုပ်ရှင်သရုပ်ဆောင်တချို့က အကဲဆတ်ခဲ့ကြသည် ကိုတွေ့မြင်ရသည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဒါရိုက်တာရီဇော်နှင့် တွေ့ဆုံမေးမြန်းထားသည် များထဲမှကောက်နုတ် ဖော်ပြအပ်ပါသည်။ 3551

လေးလောင်းပြိုင် လူသတ်မှုတွင် သံသယရှိသူ သုံးဦး လွတ်မြောက်နေဆဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။ ။ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုတွင် သံသယရှိသူ သုံးဦးမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့ နှင့် ပတ်သက်သည့် သဲလွန်စ ထပ်မရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3489

မုဒိန်းမှုလျော့ကျစေရေး ပြင်းထန်သည့် ပြစ်ဒဏ်များ ထည့်သွင်း ပြဌာန်းရန် တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၂၂ ။ ။ သက်ငယ်မုဒိန်းမှုနှင့် မုဒိန်းမှုများလျော့ကျစေရန် အတွက် ဥပဒေအတွင်း သေဒဏ် ကဲ့သို့သော ပြင်းထန်သည့် ပြစ်ဒဏ်များဖြင့် ထည့်သွင်းပြဌာန်းခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။ 3449

လမ်းဘေးဈေးသည်များကို ဈေးရောင်းခွင့် မှတ်ပုံတင်ပြုလုပ်ပေးရန် စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းဘေးနှင့် ပလက်ဖောင်းများတွင် ဖွင့်လှစ်ရောင်းချနေသည့် လမ်း ဘေး ဈေးသည်များ စနစ်တကျဖြစ်စေရေးအတွက် ဈေးရောင်းခွင့် မှတ်ပုံတင်ပြုလုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရထံမှသိရသည်။ 3345

နစ်နာကြေးနှင့် စာမူခငွေသိန်း ၂၅၀ ကျော် မပေးပါက မန္တလေးအလင်းသတင်းစာ ထုတ်ဝေသူ ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၇ ။ ။ မန္တလေးမြို့ အခြေစိုက် နေ့စဉ်သတင်းစာ ဖြစ်သော မန္တလေးအလင်း သတင်းစာ ရပ်နားလိုက် သော်လည်း ဝန်ထမ်းများကို ပေးအပ်ရမည့် နစ်နာကြေးနှင့် စာမူခငွေ ကျပ် သိန်း ၂၅၀ ကျော်ကို ကျန်ရှိနေပြီး ယင်းကိစ္စရပ်ကို တစ်လအတွင်း ဖြေရှင်းပေးခြင်းမရှိပါ က သတင်း စာထုတ်ဝေခဲ့သူကို ဥပဒေကြောင်းအရ ရင်ဆိုင်မည် ဖြစ်ကြောင်း ယင်းသတင်းစာ၏ တာဝန်ခံအယ်ဒီ တာဟောင်း ဖြစ်သူ ဦးသန့်ဇင်ဦးက ပြောကြားသည်။ 3204

ရန်ကုန်တွင် နိုင်ငံခြားသားပိုင် တရားမဝင် အိမ်ခြံမြေလုပ်ငန်း တစ်ရာကျော်ရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မည်သည့်ဌာနဆိုင်ရာမှ ခွင့်ပြုခြင်း မရှိသည့် နိုင်ငံခြားသားပိုင် တရားမဝင် အိမ်ခြံမြေလုပ်ငန်း တစ်ရာကျော် ရှိကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်က ပြောကြားသည်။ 3139

အခြေခံအလုပ်သမားများနေစရာ အိမ် ရရှိရေးအတွက် သုံးပွင့်ဆိုင်ဆွေးနွေးမည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

အခြေခံအလုပ်သမားများ နေထိုင်စရာအိမ်များ ရရှိရေးသည် အရေးကြီးသောကြောင့် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမားများ သုံးပွင့်ဆိုင် ဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 2680

ထွေအုပ်ရုံးများကို ဝန်ကြီးချုပ်များတိုက်ရိုက်ကိုင်တွယ်ခွင့် ရရှိခြင်းမှာယခင်အစိုးရလက်ထက်ကတည်းကဟုဆို

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးများကိုသက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ထားရှိစေခြင်းမှာယခင်အစိုးရလက်ထက်ကတည်းက ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးရဲနိုင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 2558