ရာဘာဈေးနှုန်း မြင့်တက်လာသော်လည်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများ လုပ်သားငှာရမ်းလုပ်ကိုင်ရန် အဆင်မပြေ

ရာဘာဈေးနှုန်းများ မြင့်တက်လာသော်လည်း လက်ရှိပေါက်ဈေးအရ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ လုပ်သား ငှားရမ်းလုပ်ကိုင်ရန် အဆင်မပြေနိုင်သေးကြောင်း မွန်ပြည်နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားသည်။ 4035

မော်လမြိုင်မြို့နယ် ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ တွေ့ရှိပါက အရေးယူမည်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့နယ်အတွင်းရှိ ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်း ပြုလုပ်နေခြင်းများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။ 3877

လ.ဝ.က ရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည့် ပွဲစားများစစ်ဆေးတွေ့ရှိပါကအရေးယူမည်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်ရှိလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများကိုလိုက်လံပြုလုပ်ပေးနေသောပွဲစားများကိုစစ်ဆေးတွေ့ရှိပါကအရေးယူသွားမည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှမွန်ပြည်နယ်ဦးစီးမှူး ဦးရှိန်ဝင်းကပြောကြားသည်။ 3872

မွန်ပြည်နယ်အတွင်း ရော်ဘာဈေးဆက်လက်မြင့်တက်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့သံဈေးမြင့်တက်ခြင်းကြောင့် မွန်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးရေးထုတ်ကုန် တစ်ခုဖြစ်သော ရော်ဘာဈေးနှုန်းများမှာ အောက်တိုဘာလအတွင်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။ 3382

၂၀၁၇ ခုနှစ်တွင် ဆောက်သမ်းမြန်မာအသင်း မော်လမြိုင်တွင် အခြေချမည်

မြန်မာနေရှင်နယ်လိဂ် MNL- 1 တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်သမ်းမြန်မာ (Southern Myanmar FC) အသင်းသည် လာမည့် ၂၀၁၇ ခုနှစ် တွင် မော်လမြိုင်မြို့၌ စတင်အခြေချ၍ ယှဉ်ပြိုင် တော့မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ 2754

မွန်တွင် ခုနစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ၉၂၅ ဦးထိရှိနေ

မွန်ပြည်နယ်တွင်ခုနစ်လအတွင်းယာဉ်မတော်တဆအမှုပေါင်း ၄၆၈ မှုထိဖြစ်ပွားခဲ့ရာသေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၉၂၅ ဦးအထိရှိခဲ့ကြောင်းအမှတ်(၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မွန်) မှ ဒုရဲမှူးဌေးရွှေကပြောကြားသည်။ 2320

မွန်ပြည်နယ်တွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားပေးသော ကျောင်းပေါင်း ၅၃၀ ကျော်ရှိ

၂၀၁၆-၁၇ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ တိုင်းရင်းသား ဘာသာစာပေ သင်ကြားပေးသော ကျောင်းပေါင်း ၅၃၀ ကျော်အထိ ရှိကြောင်း အခြေခံပညာ ဦးစီးဌာန၊ မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ 2255

တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပေးရန် ပြည်နယ်အစိုးရထံတင်ပြ

မွန်ပြည်နယ်အတွင်းတရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့၊တင်သွင်းခြင်းသယ်ဆောင်ခြင်းတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပေးရန် ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူး ဒေါက်တာအောင်သန်းဝင်းကပြောကြားသည်။ 1840

စစ်ဆေးအဖြေရှာ ဆေးဝါးပုစ္ဆာ

မေလကုန်ပိုင်းက ဖမ်းဆီးခဲ့သော မော်လမြိုင်မြို့ရှိ ဆေးဝါးအရောင်းဆိုင် ၁၀ ဆိုင်ကျော်ကို တရားမဝင်ဆေးဝါး ရောင်းချမှုနှင့် ပတ်သက်၍ တရားစွဲဆိုတော့မည်ဖြစ်သည်။ 1783

၂၀၁၆ မှာ ဘယ်ဆိုင်ကယ်စီးကြမလဲ

မိုးရာသီရောက်ရှိ၍ ဈေးကွက်အေးစက်လာသော်လည်း ၂၀၁၆ ခုနှစ်ထုတ် မော်ဒယ်လ် ဆိုင်ကယ်များက မွန်ပြည်နယ်အတွင်းစတင်ဝင်ရောက်နေပြီဖြစ်သည်။ မော်လမြိုင်မြို့ရှိဆိုင်ကယ်ဈေးကွက်အတွင်း ဟွန်ဒါ (Honda) အမှတ်တံဆိပ်များထဲမှ Wave 125 I ၊ Wave Alpha ၊ Dream 125 နှင့် CBR အမျိုးအစားတွင် ယခုနှစ်မော်ဒယ်လ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။ ထို့အတူ လူငယ်ကြိုက် အိန္ဒိယအခြေစိုက် YAMAHA ကုမ္ပဏီထုတ် FZ အမျိုးအစားမှာလည်း ၂၀၁၆ ခုနှစ်ထုတ်များစတင်ရရှိနေပြီဖြစ်သည်။ မွန်ပြည်နယ်အတွင်း ခရီးသွားလာရာတွင်အဓိက အသုံးပြုသည်မှာ ဆိုင်ကယ်ဖြစ်သောကြောင့် လက်ရှိဈေးကွက်အတွင်း အသစ်ဝင်ရောက်သည့် ဆိုင်ကယ်များ၏အခြေအနေများကို စာဖတ်ပရိသတ်များ သိရှိနိုင်ရန် ဟင်္သာမီဒီယာက ဖော်ပြပေးလိုက်ပါသည်။ 1564