မွန်ပြည်နယ်တွင် နှစ်လအတွင်း ခရီးသည်ဝင်ရောက်မှု ခြောက်သိန်းကျော်ခန့်ရှိသည်ဟုဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်လာခဲ့ခြင်းကြောင့် ယခင်နှစ်ထက် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပိုမို မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးရုံး (မွန်ပြည်နယ်) ထံမှ သိရသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား ၅၄၆၄၁၀ ဦးဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၆၁၉၀၂၆ ဦး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်လက ပြည်နယ်အတွင်းသို့ ပြည်တွင်း ခရီးသွားဧည့်သည် ၅၆၅၀၃၄

ကွမ်းသီးအထွက်နှုန်းနည်း၍ ရေးမြို့ကွမ်းသီးဈေးနှုန်းများ မြင့်တက်

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် ကွမ်းသီးများသည် ယခင်နှစ်ထက် ကွမ်းသီးအထွက်နည်းသည့်အတွက် ကွမ်းသီးဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 4823

မွန်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်အချို့ကို နှစ်သုံးဆယ် မြေငှားဂရမ်ထုတ်ပေးမည်ဟုဆို

မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်အတွင်းရှိ မြေငှားဂရမ် မထုတ်ပေးရသေးသော မြို့ပေါ်ရပ်ကွက်အချို့၏ မြေများကို မွန်ပြည်နယ် အစိုးရက နှစ်သုံးဆယ်မြေငှားဂရမ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ 4816

ကလေးစာပေပွဲတော်ကို မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် ကလေးသူငယ်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်းကြီးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းပြီး မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ကလေးစာပေပွဲတော်ကို သုံးရက်အကြာ ပြုလုပ်ကျင်ပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ညွန်ကြားရေးမှူး ဦစိုးပိုင်က ပြောကြားသည်။ 4742

မော်လမြိုင်တွင် နှစ်ပတ်အတွင်း ရွှေဈေး ကျပ် ၂၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်ရွှေဈေးကွက်၌ အခေါက်ရွှေဈေးနှုန်းသည် နှစ်ပတ်အတွင်း ကျပ် ၂၀ဝ၀ဝ ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 4592

နာမည်ကြီးသရုပ်ဆောင်များပါဝင်မည့် အနုပညာရှင်အသင်းနှင့် သံဖြူဇရပ်လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်မည်

မော်လမြိုင်၊ အောက်တိုဘာလ ။ ။ ဖိုးချစ်၊မြင့်မြတ်၊ ဆိုတေးတို့အပြင် အခြားနာမည်ကြီး တေးသံရှင်နှင့် သရုပ်ဆောင်များ ပါဝင်မည့် အနုပညာရှင် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့ လက်ရွေးစင် ဘောလုံးအသင်း တို့ ချစ်ကြည်ရေးယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ အမှုဆောင် ဦးစံသိန်းက ဟင်္သာမီဒီယာကို ပြောကြားသည်။ 3646

သံဖြူဇရပ်မြို့တွင် ထိုင်းသို့ တရားမဝင်တင်ပို့မည့် ကျွဲကောင်ရေ ၂၀ကျော်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ကျွဲကောင်ရေ ၂၀ ကျော် တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ကို စက်တင်ဘာလ ၂၆ရက်နေ့ က သံဖြဴဇရပ်မြို့နယ် အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ 3120

မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီး မီးလင်းရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တက္ကသိုလ်တည်ရှိရာ တောင်ဝိုင်းလမ်းမကြီး လျှပ်စစ် မီးမလင်းသေးသော နေရာ များ လျှပ်စစ်မီး ရရှိ စေရန် ကိုယ်ထူကိုယ်ထ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ မီးရရှိ ရေး ဆောင်ရွက် ရန်ကြိုးပမ်းနေသော ဇေတဝန်ကျောင်းတိုက်၊ သာသနာဝံသကျောင်း ဆောင်တွင် သီတင်းသုံးနေသော အရှင်စန္ဒဇောတိက မိန့်ကြားသည်။ 2787

သံဖြူဇရပ်တွင် အက်စစ်ဖြင့် အပက်ခံခဲ့ရသူ မလပြည့်ဝိုင်းနှင့်တွေ့ဆုံခြင်း

“အက်စစ်နဲ့ အပက်ခံရတယ်နေ့ကတည်း က အိမ်မှာ ပျော်ရွှင်မှုတွေဆုံးရှုံး သွားတယ်” လွန်ခဲ့သော သုံးလဝန်းကျင်က သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ရထားလမ်းပြတိုက်အနီးတွင် ဆိုင်ကယ်ဖြင့် အလုပ်မှ အိမ်သို့ပြန်သော သားအဖ နှစ်ဦး အက်စစ်ဖြစ်အပက်ခံခဲ့ရသည်။ အပက်ခံရခြင်းကြောင့် နှစ်ဦးစလုံး ထိခိုက်ခဲ့ပြီး သမီးဖြစ်သူ မှာ မျက်နှာအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ပျက်စီးခဲ့ရသည်။ လက်ရှိတွင် မိန်းကလေးဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် အပက်ခံရမှုအပေါ်အမှုဖွင့်တရားစွဲဆိုထားသည့် အခြေအနေများကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 2236

သံလွင်တံတားထိပ်တွင် တပ်ဆင်မည့် ဟင်္သာရုပ်တုအသစ်တည်ဆောက်မှု သြဂုတ် ၁၅ ရက်နေ့ပြီးစီးမည်

မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် သံလွင်တံတားထိပ်မှ ဆွမ်းအုပ်အဝိုင်းကိုဟင်္သာအဝိုင်းပြောင်းလဲတပ်ဆင်ရန် ဟင်္သာရုပ်တုအသစ် တည်ဆောက်မှုအား သြဂုတ် ၁၅ ရက်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းဟင်္သာရုပ်တုအသစ် တည်ဆောက်နေသည့် မွန်လူမျိုးအင်ဂျင်နီယာဦးစိုးသိန်းကပြောကြားသည်။ 2075