ယခုဘဏ္ဍာရေးနှစ်၏ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အခွန်ကောက်ခံရရှိမှုသည် ယခင်နှစ်ထက် သန်း ၁၀ဝ၀ နီးပါး ပိုရခဲ့

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ၏ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မတ်လ ၂၁ ရက်ထိ အခွန်ကောက်ခံငွေ ရရှိမှုသည် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ပိုမိုများပြားလာကြောင်း မွန်ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောကြားသည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက် ထိ အခွန်အကောက်ခံဘဏ္ဍာငွေ ၂၃၉၇ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး

တူယှဉ်ကာနွှဲပျော် မွန်ပြည်နယ်နေ့ပွဲတော်

၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့ ရောက်တိုင်း နှစ်စဉ် ကျင်းပခဲ့သည့် မွန်ပြည်နယ်နေ့မှာတော့ ယခု ၂၀၁၇ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာတော့ (၄၃) ကြိမ်မြောက် ဖြစ်ခဲ့ပြီးလေးပြီး။ မွန်ပြည်နယ်နေ့ကို သာမန်အခမ်းအနားငယ် တစ်ခုအဖြစ်သာ ၁၉၈၈ အရေးခင်းကာလအထိ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် မွန်ပြည်နယ်နေ့ကို တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အရေးအတီး ပြိုင်ပွဲများနှင့် ပြည်နယ်ထွက် ကုန်စည်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ ယခုနှစ် (၄၃) ကြိမ်မြောက် မွန်ပြည်နယ်နေ့ကို ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပြခန်းများ၊ ဌာနဆိုင်ရာတို့မှ အသိပညာပေး ပြခန်းများ၊ လက်ကမ်းစာဆောင်များနှင့် စည်ကားသိုက်မြိုက်စေရန်အတွက် ဈေးပွဲတော်ပုံစံဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက

မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဖြတ်သန်းသည့် ကုန်တင်ယာဉ်ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးမည်

ကျိုက်ထို၊ မတ် ၁၀ ။ ။ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းမှုမရှိဘဲ ကြားပေါက်လမ်းများမှ သွားလာနေသည့် ကုန်တင်ယာဉ်များကို မွန်ပြည်နယ်ရှိ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ လဝက အစရှိသည့် ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားအင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4903

ကွမ်းစားဆေးရွက်ကြီးအထုပ်များကို အကျဉ်းထောင်အတွင်း ပစ်သွင်းခဲ့သည့် အကျဉ်းထောင်ဝန်ထမ်း အရေးယူခံရ

မော်လမြိုင်၊ မတ် ၉ ။ ။ မော်လမြိုင်အကျဉ်းထောင်ရှိ အတွင်းသို့ ကွမ်းစားဆေးရွက်ကြီး အထုပ်သုံးထုပ်ကို အကျဉ်းထောင်အတွင်း ပစ်သွင်းခဲ့သည့် ဒုတပ်ကြပ်အဆင့်ရှိ အကျဉ်းထောင်ဝန်ထမ်းကို အလုပ်ဖြုတ်ပြီး အကျဉ်းထောင်အက်ဥပဒေဖြင့် မတ် ၆ ရက်က မော်လမြိုင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှတ်တမ်းအရ သိရသည်။ 4853

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံမေးမြန်းခြင်း

မတ်လ(၁)ရက်နေ့က အသစ်ထပ်မံခန့်အပ်လိုက်သည့်မွန်ပြနည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ ကြုံတွေ့ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့်ပြည်နယ်ဖွင့်ဖြိုးတိုးတက်မှုအတွက် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက မေးမြန်းဖော်ပြလိုက်ရပါသည်။ 4801

ရဲတပ်ဖွဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ကလေးငယ်တစ်ဦး သေဆုံး

မော်လမြိုင်၊ မတ် ၃ ။ ။ ကရင်ပြည်နယ်၊ ဘားအံ-လှိုင်းဘွဲ့ကားလမ်းရှိ လာဝီလာစားသောက်ဆိုင်အရှေ့တွင် ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့ မော်တော်ယာဉ်ကို မျက်နှာချင်းဆိုင်လာသော ဆိုင်ကယ်တစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာမှ မော်တော်ဆိုင်ကယ်အနောက်၌ လိုက်ပါစီးနင်းလာသူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။ 4786

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးချိန်ထိ ည ၉ နာရီ ကျော်လွန်၍ ကာရာအိုကေ စားသောက်ဆိုင်နှင့် အသံချဲ့စက် ဖွင့်ခြင်းကို ထိရောက်စွာ အရေးယူမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့် မတ် ၁၇ ရက်နေ့ထိ ကာရာအိုကေဆိုင်များ၊ ဗွီဒီယိုဆိုင်များနှင့် စားသောက်ဆိုင်များ၊ အသံချဲ့စက်များ ဖွင့်လှစ်ခြင်းကို ည ၉ နာရီ ကျော်လွန်သည်အထိ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်က မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အမိန့်စာ ထုတ်ပြန်လိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ 4711

ဇေယျာသီရိရပ်ကွက်တွင် ကပြဖျော်ဖြေသောဇာတ်ပွဲကို သွားရောက်ခဲ့သည့် လူငယ်သုံးဦး လူအုပ်စုတစ်စုက ဝိုင်းဝန်းရိုက်နှက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်၊ ဇေယျာ (၂)၊ လောကမာရဇိန်ငွေဘုံသာ ဘုရားဝင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် ညက ကပြသည့် (မင်းနိုင်စိုး၊ အောင်နိုင်စိုး) ဇာတ်ပွဲကို သွားခဲ့ကြသည့် လူငယ်သုံးဦးကို လူအုပ်စုတစ်စုက ရိုက်နှက်ခဲ့ကြကြောင်း အရိုက်ခံရသူ ကိုဝင်းနိုင်ဦးက ဟင်္သာမီဒီယာကို ပြောကြားသည်။ 4654

သံလွင်ဥယျာဉ် မြေနေရာတွင် ကလေးကစားကွင်းလုပ်ရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ငှားရမ်းအသုံးပြုရန် မွန်ပြည်နယ်အစိုးရထံ တင်ပြထား

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့၊ Ocean ဈေးဝယ်စင်တာ အနောက်ဘက်ရှိ သံလွင်ဥယျာဉ်ပန်းခြံ မြေနေရာကို စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ငှားရမ်းအသုံးပြုရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။ 4574

လူသတ်မှုဖြင့် ထောင်ဒဏ် ကျခံနေရသော ရဲဘက်ပြေး တစ်ဦးကို နှစ်နှစ်အကြာမှာ ဖမ်းဆီး ရမိပြီ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၉ လူသတ်မှုဖြင့် ထောင်ဒဏ် (၅) နှစ် အပြစ်ပေး ခံရကာ ရင်းငြိမ် ကျောက်ထုတ် စခန်း၌ ရဲဘက် အထုတ်ခံ ထားရသည့် ဦးရာဒီသည် ကျောက်ထုတ် စခန်းမှ ထွက်ပြေး ခဲ့ပြီး နှစ်နှစ် အကြာမှ ပြည်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ထီလုံ နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်းက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။ “ဒီလူက ထွက်ပြေးပြီးတော့ မဲဆောက် ဘက်မှာ ကြုံရာ ကျပန်း လုပ်စားနေတာ၊ ဒီကို ခဏပြန်လာတဲ့ အချိန်မှာ ကျွန်တော်တို့ သတင်းရလို့ သွားဖမ်းခဲ့တာ” ဟု ရဲအုပ် မင်းအောင်ထွန်းက အတည်ပြု