သင်္ကြန်ကာလအတွင်း မော်လမြိုင် – ရန်ကုန် အထူးအမြန်အစုန်အဆန် ရထားပြေးဆွဲမည်မဟုတ်

မော်လမြိုင်၊ မတ်လ ၂၄ ။ ။ သင်္ကြန်ပွဲတော် ကာလအတွင်း မော်လမြိုင် – ရန်ကုန် အစုန်(အထူးအမြန် ရထားနှင့် ရန်ကုန် – မော်လမြိုင် အဆန်(အထူးအမြန်)ရထားများပြေးဆွဲမည် မဟုတ်ကြောင်းမော်လမြိုင်အထူးတန်းရုံပိုင်ကြီးဦးတင်စိုးဝင်းကပြောသည်။ 1180

တိုင်းရင်းသားဘာသာစကားနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်တွင် မှုဝါဒ အတိအကျ မရှိဟုဆို

မော်လမြိုင်၊ မတ်လ ၁၉ ။ ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဘာသာစကားများ နှင့် ပတ်သက််ပြီး ပြည်ထောင်စုအဆင့်တွင် မှုဝါဒ တိတိ ကျကျ ယနေ့အချိန်ထိ မရှိသေးကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။ 597

ကျိုက်မရောမြို့ဒေသခံများ စုပေါင်းပြီး သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စတင်ဖွဲ့စည်း

မော်လမြိုင်၊ မတ်လ ၁၀ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ကျောက်မီးသွေကို အသုံးပြု၍ စက်ရုံလုပ်ငန်းများလည်ပတ် နေသောကြောင့် ဒေသခံများစုပေါင်းပြီး သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတချစ်မြတ်နိုးသူများအဖွဲ့က မတ်လ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင် ဦးဘိုဘိုဝင်းက ပြောသည်။ 652

မော်လမြိုင် သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်

မော်လမြိုင်၊ မတ်လ ၉ ။ ။ မော်လမြိုင် မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၉ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါ အစည်းအရုံးထံမှ သိရသည်။ 589

တပ်သားသုံးဦးကို သင်တန်းဆင်းလက်မှတ်နှင့် ခရီးသွားခွင့်အမိန့်အတုပြုလုပ်ပေးမှုဖြင့် အငြိမ်းစားတပ်ကြပ်ကြီးနှစ်ဦးကို အမှုဖွင့်

မော်လမြိုင်၊ မတ် ၇ ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃၁၂) အမြောက်တပ်ရင်းမှ တပ်မတော်သား သုံးဦးကို သင်တန်းဆင်းလက်မှတ် နှင့် ခရီးသွားလာခွင့်အမိန့် အတု ပြုလုပ်ပေးမှုဖြင့် အငြိမ်းစားတပ်ကြပ်ကြီး နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါနယ်မြေရဲစခန်းမှ သိရသည်။ 29

ရဲတပ်ဖွဲ့များ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးသည့် အခါ နိုင်ငံတကာစံနှုန်း အတိုင်း လုပ်ဆောင်ရန်လိုအပ် ဟုဆို

မော်လမြိုင်၊ မတ် ၄ ။ ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဖမ်းဆီးနည်း၊ ရှာဖွေနည်း၊ ချုပ်နှောင်နည်းများကို နိုင်ငံတကာစံနှုန်းနှင့် အညီဆောင်ရွက် သွားရန် လိုအပ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယ ပြည်နယ် ရဲမှူးကြီးသောင်းဝင်းက ပြောကြားသည်။ 548

ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိ၍ ကျောင်းသားတစ်ဦးသေဆုံး

မော်လမြိုင်၊ မတ် ၄ ။ ။ ကျိုက်ထို – ကင်မွန်းချောင်း ကားလမ်း မိုင်တိုင်အမှတ် (၂/၄)နှင့် (၂/၅) အကြားတွင် မတ်လ ၃ ရက် ညနေ ၄ နာရီခွဲခန့်က ကျောင်းသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် လိုက်ထရပ်မော်တော်ယာဉ်တို့ တိုက်မိ ပြီး ကျောင်းသားတစ်ဦး သေဆုံးသွားကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။ 691

ချောင်းဆုံတွင် ပိုင်ရှင်မဲ့ မော်တော်ယာဉ် သုံးစီး သိမ်းဆည်းရမိ

မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မတ်လ ၁ ရက်နေ့က ရပ်နားထားသော ပိုင်ရှင်မဲ့ မော်တော်ယာဉ် သုံးစီး သိမ်းဆည်းထားခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။ 827

ယာဉ်တိုက်မှု ဖြစ်၍ ထွက်ပြေးသူကို စစ်ဆေးရာ မှ ခြောက်လုံးပြူးသေနတ်ဖမ်းဆီးရမိ

သံဖြူဇရပ်၊ မတ် ၂ ။ ။ မွန်ပြည်နယ်၊ ပဒံငံကျေးရွာအနီး သံဖြူဇရပ် – ကျိုက္ခမီ ကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီ ၂၉ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်တစ်စီးကို တိုက်၍ မောင်းနှင်ထွက်ပြေးသွားသည့် TOYOTA HARRIER အမျိူး အစား မော်တော်ယာဉ်အား စစ်ဆေးရာမှ ခြောက်လုံးပြူးသေနတ် နှင့် ကျည်ဆံများ ဖမ်းဆီး ရမိ ခဲ့ကြောင်း ကျိုက္ခမီနယ်မြေရဲစခန်းမှ သိရသည်။ အဆိုပါ မော်တော်ယာဉ်ကို ကျိုက္ခမီနယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ် ကျေးရွာ အဝင်လမ်းတွင် တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက

ရေခဲသေတ္တာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်

မော်လမြိုင်၊ မတ် ၁ ။ ။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ဝင်းပကျေးရွာ၊ ရေတွင်းဖြူရပ်တွင် မတ်လ ၁ ရက် နံနက် ရ နာရီခွဲခန့်က ကုန်စုံဆိုင်မှ ရေခဲသေတ္တာ အပူလွန်ကဲရာမှ တဆင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။ 775