မွန်ပြည်နယ်တွင် မတူကွဲပြားသော ဘာသာရေးအဖွဲ့များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်တွင် မတူကွဲပြားသော ဘာသာရေးအဖွဲ့များပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ် မြန်မာနိုင်ငံ ဆက်လက်လျှောက်လှမ်းမည့် ဒီမိုကရေစီအရေးတွင် နိုင်ငံသားများအကြား ယုံကြည်မှု မြှင့်တင်နိုင်ရန်နှင့် ပိုမိုကောင်းမွန် သဟဇာတဖြစ်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ‘မတူညီမှုများအကြား ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ခြင်း’ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့ NEI (National Enlightenment Institute) ၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သင်တန်းကျောင်း၏ဥက္ကဋ္ဌ ဦိးကျော်စံဝင်းက ပြောသည်။ 121

တပ်သိမ်း လယ်မြေများ ပြန်လည် စွန့်လွှတ်သော်လည်း သံဖြူဇရပ်တွင် ပိုင်ရှင် မရှိ

မွန်ပြည်နယ်တွင် တပ်သိမ်းမြေအချို့ ပြန်လည် စွန့်လွှတ်မှု ရှိသော်လည်း သံဖြူဇရပ်မြို့နယ်၌ စွန့်လွှတ် ခဲ့သည့် တပ်သိမ်းမြေများမှာ ပိုင်ရှင်များ မရှိခြင်းကြောင့် လယ်ပိုင်ရှင်များ လက်ထဲသို့ မြေများ မလွွှဲပြောင်းနိုင်သေးကြောင်း မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။ 721

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသော မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် မော်လမြိုင်တွင် ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်မှုပြုလုပ်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်သော မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ပြန်လည် လွတ်မြောက်ရေး အတွက် မော်လမြိုင်ဒေသခံလူထု ၉၀ နီးပါးက ကျိုက်သုတ်စေတီနှင့် ကျိုက်သလ္လံစေတီ တို့တွင် ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းက ဆုတောင်းပွဲများ ပြုလုပ် ခဲ့ကြောင်း ဆုတောင်း ပွဲပြုလုပ်သူများ ထံမှ သိရသည်။ 133

ပွင့်လင်းရာသီ ရောက်လာသော်လည်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုနည်းပါး

ပွင့်လင်းရာသီ ရောက်လာသော်လည်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နည်းပါနေသေးကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။ 127