နိုင်ငံတော်သီချင်းဆိုပြီးပါက “အာဇာနည်ခေါင်းဆောင်များကို အလေးပြု” စကားစုအား ထည့်သွင်းရန် လွှတ်တော်တွင် မေးမြန်း

ရန်ကုန်၊ မတ် ၂၃ ။ ။ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် နိ်ုင်ငံတော်သီချင်းသီဆိုပြီးပါက “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု” စကားစုကို ထည့်သွင်းရန် တရားဝင် ညွှန်ကြားပေးနိုင်ခြင်း ရှိမရှိဆိုသည့် မေးခွန်းအား မတ် ၂၁ ရက်တွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ကလေးမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က လွှတ်တော်တွင် မေးမြန်းခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဇော်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် ကိစ္စဖြစ်သောကြောင့် ပြည်ထောင်စုနှင့် ချိတ်ဆက်ကာ ညွှန်ကြားပေးနိုင်ရန် ကြိုးစားပေးမည်ဟုသာ ဖြေကြားခဲ့ကြောင်း ၎င်းထံမှ သိရသည်။ “လူငယ်လေးတွေကို

တစ်လအတွင်း YBS ယာဉ်လိုင်းများအား တိုင်ကြားမှု ၅၀၀ ကျော်ရှိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇။ ။ YBS ယာဉ်လိုင်းများစတင်ပြေးဆွဲသည့်နေ့မှစ၍ တစ်လအတွင်း တိုင်းကြားမှုပေါင်း(၅၂၀) ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က YBS ပက်သက်သော သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ “အရေးယူတာနဲ့ ပက်သက်ပြီးတိတိကျကျပြောဖို့ခက်တယ်။ ကျွန်တော်တို့စနစ်က အဲ့ဒီလိုင်းတစ်လိုင်းကိုတာဝန်ယူတဲ့ ကုမ္ပဏီက သူကတာဝန်ယူရမှာ။ ကျွန်တော်တို့သိတာက ရဲနဲ့ပက်သက်ပြီးအမှုအခင်းဖြစ်လာရင်တော့ ကျွန်တော်တို့စီကသွားတာ” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။ YBS ယာဉ်လိုင်းများကို တိုင်းကြားမှုအများဆုံးမှာ သတ်မှတ်ထားသောမှတ်တိုင်တွင် ယာဉ်မရပ်ခြင်း၊ ယာဉ်စီးခ

DKBA ခွဲထွက်အဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးရန် ဆောင်ရွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ DKBA ခွဲထွက်အဖွဲ့အား အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဆောင်ရွက်နေကြောင်း DKBA ခွဲထွက် အကျိုးတော်ဆောင်ဦးကျော်သီဟ ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4524

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ပြင်ဆင်ပေးရန် Pen Myanmar တိုက်တွန်း

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။ ။ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ဖိနှိပ်လာသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ-၆၆(ဃ)ကို အများပြည်သူ လူထုအ ခြေပြုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၏သဘောဆန္ဒကိုခံယူ၍ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည် သုံးသပ်ပြင် ဆင်ပါရန် စာပေအဖွဲ့အစည်းတစ်ခုဖြစ်သည့် Pen Myanmar က တောင်းဆိုလိုက်သည်။ 3923

ကျိုင်းတုံတွင် တရားမဝင်ကုန်တင် မော်တော်ယာဉ် ငါးစီးဖမ်းဆီးရမိ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅။ ။ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် တရုတ်ပြည်ဘက်ခြမ်းမှ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်လာသည့် ခြောက်ဘီး မော် တော်ယာဉ် ငါးစီးအား ယမန်နေ့ ည(၈)နာရီဝန်းကျင်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဝင်/ထွက်လမ်း ကြောင်းများ ကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဟင်္သာမီဒီယာသို့ပြောသည်။ 3919

‘ပေါင်းစည်းနိုင်သော စွမ်းအားရှိတဲ့ ခေါင်းဆောင်ပေါ့ ကျွန်တော်တို့ မွန်လူမျိုးတွေမှာ မရှိသေးဘူးလို့ ယူဆရမှာပဲ´

မွန်ပါတီများပေါင်းစည်းရေး၊ မွန်နိင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ Australia တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။ 3805

မွန်ပါတီများတွင် လူငယ်ပါဝင်မှု အားနည်းဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ။ ။ မွန်နိုင်ငံရေးပါတီများတွင် လူကြီးများနေရာယူမှုကများပြားနေပြီးလူငယ်များပါဝင်ဆောင်ရွက်မှုမှာအားနည်းနေသေးကြောင်းမွန်တိုင်းရင်းသား နိုင်ငံရေးသမားများကထောက်ပြ ပြောဆိုကြသည်။ 3788

မိုင်းလားနယ်ခြားဂိတ်များပိတ်ထားမှုကြောင့် တရုတ်ပို့ကုန် လမ်းကြောင်းပြောင်း

ရန်ကုန် ၊ နိုဝင်ဘာ ၄ ။ ။ မိုင်းလားနယ်ခြားဂိတ်များဖြစ်သော ဝမ်တာ့ပင်းနယ်ခြားဂိတ် နှင့် မိုင်းယုနယ်ခြားဂိတ်တို့ ပိတ်ထားမှုကြောင့် တရုတ်နိုင်ငံသို့ ပို့ကုန်ပစ္စည်များကို လမ်းကြောင်းပြောင်း တင်ပို့ နေရကြောင်း ကျိုင်းတုံ-မိုင်းလား နယ်ခြားဂိတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်ကပြောသည်။ 3730

မြေယာပြသနာကို ဌာနေတိုင်းရင်းသားတွေ ဓလေ့ အတိုင်း ဖြေရှင်းရန် ကရင်နီတွေ လိုလား

Fallback Image

မြေရာနဲ့ပတ်သက်မူဝါဒပိုင်းဆိုင်ရာတွေက တိုင်းရင်းသားဒေသခံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မှုမရှိတဲ့အတွက် ကိုယ်ပိုင်ထုံထမ်းစဉ်လာမြေယာခန့်ခွဲနဲ့သာ ဆောင်ရွက်သွားချင်တယ်လို့ ကယားတိုင်းရင်းသားတွေကပြောကြားလိုက်ပါတယ် အောက်တိုဘာ ၂၇ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့တဲ့ ကျွန်ုပ်တို့၏ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုစနစ် အစီရင်ခံစာ နဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 3595

ပြည်ပမဲစာရင်းမှားယွင်းမှုများ ထပ်မဖြစ်စေရေး နည်းစနစ်အချို့ပြောင်းလဲမည်

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။ ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလကဲ့သို့ ပြည်ပရောက်မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ ထပ်မံ မဖြစ်ပေါ်ရေး ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အစိုးရသစ်က ပြည်ပသံရုံးများသို့ မဲစာရင်းပေးပို့သည့် ပုံစံများတွင် အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ 3557