နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားလေးဦးက ရွှေဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်

မြဝတီ၊ မတ် ၈ ။ ။ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်ဈေး အနောက်ဘက်၊ သစ္စာလမ်းရှိ မောင်တင်စိန်ရွှေဆိုင်ကို မတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးသည် စစ်စိမ်းရောင် မက်တူးယာဉ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦးကို လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။ 4837

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်

မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းကုန်သွယ်ရေး စခန်းများအနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ 4804

မဲဆောက်မြို့တွင် ဈေးဆိုင်ဖွင့် ရောင်းချနေသော မြန်မာနိုင်ငံသားဈေးသည် ရာနှင့်ချီ၍ ဖမ်းဆီးခံရ

မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ဈေးဆိုင်ဖွင့် ရောင်းချနေသော မြန်မာနိုင်ငံသား ဈေးသည်များအား ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်း လဝက ရဲနှင့် စည်ပင်ရဲ ပူးပေါင်း၍ ရာချီသော ဈေးသည်များ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ 4784

မြဝတီတွင် ၄ နှစ်အရွယ် သားငယ်ကို ဖခင်ဖြစ်သူက ဓားဖြင့်ခုတ်သတ်၍ အမှိုက်ကျင်းထဲပစ်ထား

မြဝတီ၊ဖေဖော်ဝါရီ ။ ။မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်တွင် အရက်သောက်စားမူးယစ်ပြီး ၄ နှစ်အရွယ်သာ ရှိသေးသည့် သားငယ်ကို ဓားဖြင့်ခုတ်သတ်ကာ အမှိုက်ကျင်းထဲ ပစ်ထားခဲ့သည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။ 4721

ကရင်ပြည်နယ်၏ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၅၀ ရာခိုင်နှုန်းထိ တည်ဆောက်ပြီးစီး

မြဝတီ၊ ဖေဖော်ဝါရီ ၁၅ ။ ။ ကရင်ပြည်နယ်၏ အကြီးဆုံး ထိုင်တော်မူ ဘုရားတစ်ဆူဖြစ်သော မဟာမေတ္တာရှင် ဗုဒ္ဒရုပ်ပွားတော်အား မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မွန်ကျောင်းတိုက်တွင် တည်ဆောက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မွန်ကျောင်းတိုက် ဆရာတော် ရာမညဘိက္ခု ဘဒ္ဒန ္တသောဘိတ မဟာထေရ်က မိန့်ကြားသည်။ 4670

DKBA ခွဲထွက်အဖွဲ့နှင့် BGF တို့တိုက်ပွဲဖြစ်၍ နှစ်ဖက်အကျအဆုံးနှင့် ဒဏ်ရာရသူများရှိ

မြဝတီ၊ ဖေဖော်ဝါရီ ၁၈ ။ ။ ကရင်ပြည်နယ် ဖားပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပန်းတော်မီရွာ၊ ခွားသခီးတောင်ရှိ KNU တပ်မဟာ (၇) နယ်မြေ အတွင်း DKBA ခွဲထွက်အဖွဲ့နှင့် BGF တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးနှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ သိရသည်။ 4640

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာအမေရိကန် ဒေါ်လာသန်း ၅၀ဝ နီးပါးရှိ

မြဝတီ၊ နိုဝင်ဘာ ။ ။ ထိုင်းနိုင်ငံနှင့် ထိစပ်နေသောနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ၊ တာချီလိတ်၊  ကော့သောင်း၊  မြိတ်၊ နဘုလည်(ထီးခီး)၊ မောတောင်းစသည့်နယ်စပ်စခန်းများအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှာကုန်သွယ်စီးဆင်းမှုအများဆုံးဖြစ်ကာဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့ထိအမေရိကန်ဒေါ်လာ ၄၈၅ ဒသမ ၄၈၈ သန်းကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။ 3747

မြဝတီ – ကော့ကရိတ် အာရှလမ်းသစ်တွင်ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားနေပြီးကွမ်းခြံကွေ႕တွင်အများဆုံးဖြစ်ဟုဆို

မြဝတီ - ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်တွင်ယာဉ်တိုက်မှု နေ႔စဉ်နီးပါး ဖြစ်ပွားနေပြီးကွမ်းခြံကွေ့ မိုင်တိုင်အမှတ် ၁၅၇ မှ ၁၅၈တွင်ကြားတွင် အများဆုံးဖြစ်ကာ မော်တော်ယာဉ်များသတိပြု မောင်းနှင်ရန် လိုအပ်ကြောင်း မြဝတီစေတနာလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဦးလှထွန်းကပြောကြားသည်။ 3692