မော်လမြိုင်တွင် တစ်နှစ်တာအတွင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသည့် အမှုနှင့် ယာဉ်တိုက်သည့် အမှု ၂၅၈ မှုရှိခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၁၅ ခုနှစ် တစ်နှစ်တာအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခဲ့သည်အမှုနှင့် ယာဉ်တိုက်သည့်အမှု စုစုပေါင်း ၂၅၈ မှုရှိခဲ့ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ 279

လွှတ်တော်အမတ်ဟာင်းများက လွှတ်တော်အမတ်သစ်များကို လွှတ်တော်လုပ်ငန်း တာဝန်လွှဲပေးရန် ရှင်းလင်းမှု ပြုလုပ်

မွန်ပြည်နယ်လွှတ်တော်၏ လုပ်ပိုင်ခွင့်နှင့် လွှတ်တော် ငါးနှစ်တာကာလ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း တာဝန်လွှဲယူမည့် လွှတ်တော်ကိုယ်စားလှယ် အသစ်များအား ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်ဟောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ 242

သံဖြူဇရပ်အဝေးပြေးကားဝင်း မတ်လ ၂၁ ရက်နေ့ ဖွင့်လှစ်မည်

သံဖြူဇရပ်၊ မတ်လ ၁၄ ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်တွင် တည်ဆောက်ထားသော အဝေးပြေးယာဉ်ရပ်နားဝင်းကို မတ်လ ၂၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။ 751

မုဒုံတွင် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်း ဖွင့်

မုဒုံ၊ မတ် ၉ ။ ။ သက်ကြီးရွယ်အို ဘိုးဘွားများကို ရှေးဦးပြုစုနည်းများဖြင့် ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ရန် မွန်ပြည်နယ်၊မုဒုံမြို့တွင် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဆင့်ပွားသင်တန်းကို မတ်လ ရ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းဖွင့်လှစ်သော မုဒုံမြို့ ဘိုးဘွားရိပ်သာထံမှ သိရသည်။ 755

မော်လမြိုင်တွင် ၁၂ ရက်အတွင်း စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် ၃၃၀ ကျော် ဖမ်းမိ

မော်လမြိုင်၊ မတ် ရ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ရ ရက်နေ့ထိ စည်းကမ်မဲ့ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် အစီးရေ ၃၃၄ စီး ဖမ်းမိထားကြောင်း အမှတ်(၁၂)ယာဉ်ထိန်း တပ်ခွဲမှူးရုံး(မော်လမြိုင်)မှ ဒုရဲမှူးဌေးရွှေက ပြောကြားသည်။ 586

မော်လမြိုင်တွင် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၄၂ ကြိမ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဖူဆယ် ဘောလုံးပြိုင်ပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ 545

မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် ဘော်လုံးကွင်းအသစ် တစ်ခုတည်ဆောက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈ ။ ။ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် အားကစားကွင်း မရှိသောကြောင့် မျိုးစက်သစ်လူငယ်များ အာကစား တိုးတက်လာစေရန် ယင်းရပ်ကွက်ရှိ အမှတ် (၁၁) အ.ထ.က စာသင်ကျောင်းပိုင် မြေကွက်လပ်ကြီးတွင် ဘော်လုံးကွင်းအသစ်တစ်ခု တည်ဆောက်နေကြောင်း သီရိမြိုင်ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ 510

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုချိန် မီးလောင်မှု၊ မီးထိတ်လန့်မှုမဖြစ်စေရန် စာစစ်ဌာနများကို မီးသတ်ဦးစီးဌာနက စစ်ဆေးမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ ။ ။ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု၊ မီးထိတ်လန့်မှု မဖြစ်ပွားစေရန် မီးသတ်တပ်ဖွဲ့များက စာစစ်ဌာနများကို အထူးကြပ်မတ် စစ်ဆေးပေးရမည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးများကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း မော်လမြိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးရဲအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 8

အမျိုးသမီးဘော်ဒါဆောင်အတွင်းသို့ ပုန်းလျှိုးအိမ်ကျော်နင်းသူကို ဖမ်းဆီးရမိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ။ ။ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တောင်ဝိုင်းလမ်းရှိ မြတ်စေတနာ အမျိုးသမီးဘော်ဒါဆောင် အတွင်းသို့ တစ်စုံတစ်ရာ ခိုးယူရန် ညအချိန်၌ ပုန်းလျှိုးအိမ်ကျော်နင်းသူကို ဖမ်းဆီးရမိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။ 505

မော်လမြိုင်တွင် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ။ ။ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှှူး ဦးဟောက်ကျင်မုန်က ပြောသည်။ 444