VIP အဆင့်မြှင့် ဧည့်ရိပ်သာကို အပြီးတည်ဆောက်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် လွှတ်တော်၌ ငွေကြေးပြောင်းလွဲသုံးစွဲရန် အဆိုအောင်ထားသည့် VIP အဆင့်မြှင့် ဧည့်ရိပ်သာကို အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4718

MCL ဘိလပ်မြေစက်ရုံ၏ EIA အစီရင်ခံစာကို ပြည်ထောင်စုက ပယ်ချ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ကျိုက်မရောမြို့နယ်ရှိ MCL မော်လမြိုင်ဘိလပ်မြေစက်ရုံ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာ EIA (Environmental Impact Assessment) ကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပယ်ချလိုက်ပြီး ပြန်ဆွဲရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။ 4704

မြို့နယ်ငါးဦးစီးဌာနလေးခု တိုးချဲ့ဖွင့်လှစ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက်လျှောက်ထားရမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မွန်ပြည်နယ်အတွင်း၌ မြို့နယ်ငါးဦးစီးဌာန လေးခုကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက် လျှောက်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4673

သံလွင်တံတား (ချောင်းဆုံ) ကို ဒေါ်အောင်ဆန်းစုကြည့် လာရောက်ဖွင့်လှစ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ တံတားအမည် ပြောင်းလဲရန် ရှိနေသည့် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်က ပြောကြားသည်။ 4667

ရွေးကောက်တင်မြှောက်ခွင့်ရမည့် မွန်စည်ပင်ဥပဒေကြမ်း ဧပြီလတွင် လွှတ်တော်တင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်ဧပြီလတွင် ကျင်းပမည့် ပြည်နယ်လွှတ်တော်၌ တင်သွင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောကြားသည်။ 4584

လွှတ်တော်သို့ တစ်နှစ်အတွင်း တိုင်ကြားစာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြေကွက်ရိုက် ရောင်းစားမှုများပါဝင်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် လွှတ်တော်သို့ တစ်နှစ်အတွင်း တိုင်ကြားစာပေါင်း ၄၈၆ စောင်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ မြေကွက်ရိုက် ရောင်းစားမှုများ ပါဝင်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောကြားသည်။ 4577

Long Life ကျောက်မိုင်း သက်တမ်းတိုးပေး၍ ကိုယ့်ကိုနှိပ်စက် ဆန္ဒ ထုတ်ဖော်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ပေါင်မြို့နယ် ကုလားမတောင် သစ်တော ကြိုးဝိုင်းအတွင်းရှိ ကျောက်မိုင်း လုပ်ကွက် တစ်ခုဖြစ်သည့် Long Life Aggrate Mining Co.Ltd ကျောက်မိုင်း ကုမ္ပဏီကို ပြည်နယ်အစိုးရမှ သက်တမ်းတိုး လုပ်ကိုင်ခွင့် ချထားပေးမှုအပေါ် ဒေသခံများက ခန္ဓာကိုယ် နှိပ်စက်၍ ဆန္ဒထုတ်ဖော်မှုခဲ့ကြသည်။ Long Life ကျောက်မိုင်း သက်တမ်းတိုးထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မွန်ပြည်နယ်

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်၌ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု မရှိ၊ ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုသာရှိ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၅ ၂၀၁၆ ခုနှစ် တစ်နှစ်တာ အတွင်း မွန်ပြည်နယ်၌ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု တစ်ခုမှ မရှိခဲ့ကာ ပြည်တွင်း ရင်းနှီး မြှုပ်နှံမှုသာ ရှိ၍ ပြည်တွင်း ကုမ္ပဏီ (၁၁) တို့ကသာ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်နယ် ရင်းနှီး မြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဟင်္သာ မီဒီယာသို့ ပြောကြားသည်။ “ဒီအစိုးရသစ် လက်ထက် မှာတော့ ပြည်တွင်း လုပ်ငန်းရှင်တွေက ဝင်သလောက်တော့ ဝင်တယ်၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ကတော့ လက်ရှိ အချိန်အထိ တစ်ဦးမှ လာရောက်

ဦးပီမနော်ဟာရ် နှစ်နှစ်ဆက်တိုက် ပြည်နယ်တွင် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူအဖြစ် ရပ်တည်

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ ၂၀၁၅-၂၀၁၆ စည်းကြပ် နှစ်အတွက် မွန်ပြည်နယ်တွင် ဝင်ငွေခွန် အများဆုံး အများဆုံး ထမ်းဆောင်သူ အဖြစ် ဦးပီပနော်ဟာရ်က ရပ်တည် နေပြီး ၎င်းသည် ယခင်နှင် ၂၀၁၄-၂၀၁၅ စည်းကြပ် နှစ်နှင့် ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ အဖြစ် နှစ်နှစ် ဆက်တိုက် ရပ်တည် ခဲ့ကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန် ဦးစီးဌာန မှတ်တမ်း များအရ သိရသည်။ ၂၀၁၅-၂၀၁၆ စည်းကြပ် နှစ်တွင် တပြည်နယ်လုံး၌ သိန်း ၁၀၀ အထက် ဝင်ငွေခွန် ထမ်းဆောင်သူ ဦးပီမနောဟာရ် တစ်ဦးသာ ရှိခဲ့သည်။ ၂၀၁၅- ၂၀၁၆

မွန်ပြည်နယ်၌ အစိုးရထိန်းသိမ်း နယ်မြေအတွင်း ကျူးကျော် လုပ်ကိုင်သူ (၅၉၀၀) ဦး ရှိ

မော်လမြိုင်၊ ဇန်နဝါရီ ၁၁ မွန်ပြည်နယ်တွင် သစ်တော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေ အတွင်း ဝင်ရောက် ကျူးကျော် လုပ်ကိုင်နေသူ ၅၉၀၀ ဦးရှိကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။ ယင်းဝင်ရောက် ကျူးကျော် လုပ်ကိုင်သူ ၅၉၀၀ ဦးသည် ခွင့်ပြုချက် မရယူဘဲ မြေဧရိယာ ၃၆၉၃၃ ဒသမ ၉၇ ဧကကို ရော်ဘာပင်များ ကျူးကျော် စိုက်ပျိုး ခဲ့ကြသဖြင့် မြေဧရိယာ တစ်ဧကလျှင် ၅၀၀၀ ကျပ်စီဖြင့် ဒဏ်ငွေ ရိုက်ထား ကြောင်းလည်း ၎င်းက ပြောကြားသည်။ “သူတို့တွေက ခွင့်ပြုချက် မရရှိဘဲ