ကြက်သွန်နီအသစ်များ ထွက်လာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်း နှစ်ဆနီးပါးထိုးကျ

မြန်မာနိုင်ငံအပေါ်ဘက်ဒေသများမှ ကြက်သွန်နီအသစ်များ ထွက်ရှိလာပြီးနောက် မွန်ပြည်နယ်တွင် ကြက်သွန်နီဈေးနှုန်း နှစ်ဆနီပါး ထိုးကျလာပြီးဖြစ်ကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။ 165

ငါးလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေကို ရေလုပ်ငန်းလုပ်ကိုင်သူများသိရှိရန် ဆောင်ရွက်ပေးမည်ဟုဆို

မွန်ပြည်နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေချိုငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေသူများကို မွန်ပြည်နယ် ငါးလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများ သိရှိနားလည်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းက ပြောသည်။ 148

HIV-AIDS ဝေဒနာရှင်များ သက်တမ်းစေ့နေနိုင်ရေး MINA မှ အကူအညီမည်ဟုဆို

မတူညီသော ဘာသာကြီးလေးခုမှ ဘာသာအလိုက် ယဉ်ကျေးမှု ဓလေ့ထုံစံ ကိုးကွယ်သည့် အယူအဆများကို ပေါင်းစပ်ညှိနှိုင်းပြီး မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MINA) မှ HIV-AIDS ဝေဒနာရှင်များအား သက်တမ်းစေ့နေနိုင်ရန် အကူအညီပေးသွားမည်ဟု အသင်းမှူး ဦးကျော်မြင့်က ပြောသည်။ 118

စပါးစျေးကောင်းသော်လည်း အလုပ်သမားရှားပါးမှုကြောင့် လယ်ပိုင်ရှင်များအခက်တွေ့

မွန်ပြည်နယ်တွင် စပါးစျေးနှုန်း ခြောက်သိန်းခန့် ဖြစ်နေသော်လည်း အလုပ်သမား ရှားပါးမှုကြောင့် စပါး ရိတ်သိမ်းချိန်တွင် အလုပ်သမား အခက်အခဲများ ရှိနေ သည်ဟု ပေါင်မြို့နယ် မုတ္တမ ကျွဲခြံ ကျေးရွာရှိ လယ်ပိုင်ရှင် များထံမှ သိရသည်။ 818

မွန်ပြည်နယ်ရှိ တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဆောင်ရွက်သွားမည်ဟုဆို

မွန်ပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ တရားရုံး အဆင့်ဆင့် တို့တွင် တာဝန် ထမ်းဆောင်နေသည့် တရားရေး အရာထမ်း၊ အမှုထမ်းများကို လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ် ဦးခင်မောင်ကြီးက ပြောကြားခဲ့သည်။ 130