ရပ်ရွာပိုင်အများဆိုင်စနစ်နှင့် မြန်မာနိုင်ငံ

၁။ အာဏာရှင်စနစ်အောက်တွင် ပျက်ပြုန်းကုန်ခြင်း အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်များစွာနေခဲ့ရသော မြန်မာနိုင်ငံတွင် တန်ဖိုးကြီးကောင်းမြတ်လှသော အများဆိုင်စနစ် စီမံခန့်ခွဲပုံများ ပျက်ယွင်းဆုံးရှုံးခဲ့ကြရပါသည်။ အထူးသဖြင့် အာဏာပိုင်နှင့် စီးပွားရေးသမားတို့ ပူးပေါင်း အမြတ်ရှာ စီးပွားရေးစနစ်အောက်တွင် ပြည်သူ့ဘဝကို ချောမွေ့စေသော အကြောင်းတရားများ ဖြတ်တောက်ခံခဲ့ကြရပါသည်။ ရပ်ရွာလူထု၏ မြစ်ချောင်းများအတွင်း အစဉ်အလာ ငါးဖမ်းပိုင်ခွင့်ကို စီးပွားရေးသမားများလက်ထဲ ပေးအပ်လိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ ရပ်ရွာပိုင် စိုက်ပျိုးမွေးမြူရေးဓလေ့ ခက်ခဲရခြင်းများ၊ ပန်းခြံနှင့် ကစားကွင်းများကို ဆောက်လုပ်ရေးလုပ်ငန်းများသို့ ထိုးအပ်လိုက်၍ အများဆိုင် အစိမ်းရောင်ရပ်ဝန်း ပျောက်ဆုံးကြရခြင်းများ စသည့်စသည့် အခြေအနေများကို ကြုံခဲ့ကြရပါသည်။ ရပ်ရွာပိုင် အများဆိုင်နေရာများ၊ တန်ဖိုးများ၊ ဖြစ်တည်မှုများ ပျက်စီးပျောက်ဆုံးခြင်း စာရင်းဇယားမှာ

ရပ်ရွာပိုင်အများဆိုင်စနစ်ကို အဘယ့်ကြောင့် လိုအပ်နေသနည်း။

၁။ "ဘုံပိုင်စနစ်၏ ပြုန်းတီးမှု" အယူအဆ အပြည့်အဝမှန်ခြင်း ပင်လယ်ကမ်းခြေ ရွာတစ်ရွာတွင် ကမ်းစပ်မျ တူးယူရောင်းချနိုင်သော ကြက်စာ ခရုခွံသဲမြေများရှိသည်။ ပုဂ္ဂလိကပိုင် မဟုတ်ဘဲ တစ်ရွာလုံးမှ မည်သူမဆို တူးယူရောင်းချနိုင်သော အခြေအနေရှိသည်။ ထို့ကြောင့် ကိုယ်ရနိုင်သမျှရရန် အခြားသူထက် လက်ဦးရန် တူးဖော်ရောင်းချရင်း တစ်ရွာလုံးပိုင်ဆိုင်သော ကမ်းခြေပျက်ယွင်း ရသည်။ ဤအခြေအနေကို ဘုံပိုင်စနစ်၏ စိတ်မချမ်းသာဖွယ်ရာ ပျက်ယွင်းမှု အယူအဆ (Tragedy of the Commons) ဟု ရည်ညွှန်းကြသည်။ ဤကဲ့သို့သော ဥပမာများကို အသုံးပြု၍ ပုဂ္ဂလိကပိုင်အဖြစ် ခွဲခြားသတ်မှတ် စီမံသည်သာ အဖြေဖြစ်သည်ဟု ရှည်ကြာစွာကပင် ပြောဆိုလာခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စုပေါင်းစီမံမှုဟူသည် လူ၏လောဘနှင့် ကိုယ်ကျိုးစီးပွား ရှေးရှုသောသဘာဝကြောင့်

အရပ်ဘက်လူ့အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးစကားဝိုင်းများမှ ဖယ်ထုတ်ခြင်းအကျိုးဆက်များ

Dr. Anthoy Wanis-St.John နှင့် Dr. Darren Kew ( စာရေးသူများမှာ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ် အချို့တွင်စေ့စပ်ညှိနှိုင်းပေးသူများ၊ စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိသူများဖြစ်ကြသည်) နိုင်ငံတကာတွင် ပဋိပက္ခများအလွန်ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်များတွင်အရပ်ဘက်လူ့အဖွဲ့အစည်းများပါဝင်လာရမည်ဟူသောအယူအဆကို အများလက်ခံစပြုလာသည်မှာ အတန်ငယ်ကြာခဲ့ပါပြီ။ သို့သော်လည်း အရပ်ဘက်လူ့ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသည့် စားပွဲဝိုင်းများပေါ်တွင် အမှန်တကယ် နေရာပေးခံရန် ကိုမူ လက်ခံလိုသူများ ရှားပါးနေမြဲဖြစ်သည်။ 1978