မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီဘဲ ကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းကုမ္ပဏီ ၄၉ ခုရှိနေသည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “ကျောက်မိုင်းနဲ့ ပတ်သက်ပြီး ၄၉ မိုင်းဆင်းခဲ့တာ တစ်ခုမှ စည်းကမ်းနဲ့ မညီဘူး၊ ဒီလအတွင်းကနေစပြီး စစ်ဆေးမယ်၊ အရေးယူတဲ့ အပိုင်းကတော့ သူ့စည်းမျဉ်း စည်းကမ်းအတိုင်း ကြည့်ပြီးတော့ အရေးယူရမှာပေါ့”ဟု ဒေါက်တာအေးဇံက ဆိုသည်။ အချို့ကျောက်မိုင်းကုမ္ပဏီများမှာ တစ်နှစ်အတွင်း ကျောက်ကျင်းရေ ၁၀ဝ၀ ထုတ်လုပ်ပါမည်ဟု ဝန်ခံကတိ ပြုထားသော်လည်း ကျောက်ကျင်းရေ ၆၀ဝ၀ ကျော်အထိ စည်းကမ်းဖောက်ဖျက်

လုပ်ပိုင်ခွင့်ကို ကျော်လွန်သည့် သထုံခရိုင်အတွင်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး လေးဦးကို အရေးယူခဲ့ဟုဆို

မော်လမြိုင်၊ မတ် ၂၂ ။ ။ မြေယာအလွဲသုံးစားမှုကဲ့သို့သော ပြဿနာရပ်များတွင် မိမိ၏လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ ဆောင်ရွက်မှုများ ရှိသည့်အတွက် သထုံခရိုင်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးကို တရားစွဲဆို အရေးယူမှုများ ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုလိုက်သည်။ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် သထုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သည့်မေးခွန်းနှင့်စပ်လျဉ်းပြီး ၎င်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အရေးယူခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးတွင် နှစ်ဦးမှာ ပေါင်မြို့နယ်မှဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျိုက်ထိုမြို့နယ်က အုပ်ချုပ်ရေးမှူးများဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မိမိရဲ့ လုပ်ပိုင်ခွင့်ကို

တံတားကြီးပြီးလျှင်………

ယက္ခဒီပဒေသဟု တင်စားခေါ်ဝေါ်ကြသည့် ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင် စားသောက်နေသော ဦးမန်ငွေဝင်းတစ်ယောက် တောင်ဝှေးကို အချောကိုင်ရင် တက်ကြွနေဟန်ဖြင့် “တံတားကြီးပြီးတာနဲ့ ငါ့ပစ္စည်းတွေလည်း နိုင်ငံခြားရောက်ပြီပဲ”ဟု ပြောပြီး သူလုပ်နေသော တောင်ဝှေး အချောကိုင်ခြင်းကို အရှိန်မြင့်လိုက်သည်။ သူ၏ ရည်ရွယ်ချက်များ အထမြောက်တော့မည်ဖြစ်၍ ဝမ်းသာနေခြင်းကိုလည်း ပြုံးရွှင်နေသောမျက်နှာထားက အတိုင်းသားဖော်ပြနေသည်။ ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာလွတ်ကျေးရွာတွင် နေထိုင်သည့် (555) ဆေးတံလုပ်ငန်းပိုင်ရှင် ဖြစ်သော ဦးမန်ငွေဝင်းမှာ ဆေးတံအမျိုးမျိုး၊ တောင်ဝှေး ဒီဇိုင်းအမျိုးမျိုး ထုတ်လုပ် ရောင်းချသူအဖြစ် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း တံတားကြီး ဖွင့်လှစ်ပါက လုပ်ငန်းတိုးချဲ့ရန် ကြံစည်နေသော တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။ ဘီလူးကျွန်းကြီးပေါ်တွင် အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှာ ၎င်းတို့ လုပ်ငန်းများကို တိုးချဲ့မည်ဟူသော မျှော်လင့်ချက်များ

ဗိုလ်ချုပ်အောင်ဆန်းတံတားဟု နာမည်ပေးခြင်းကို ဂုဏ်ယူရမည့်အပြင် ငြင်းခုန်စရာလုံးဝမရှိဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ မတ် ၁၅ ။ ။ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ကို ချိတ်ဆက်ဖောက်လုပ်ထားသည့် တံတားကြီးအား ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းအပေါ် ဒေသခံများအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပြီး ယင်းအပေါ် ငြင်းခုပ်စရာ လုံးဝမရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ 4900

စွန့်ပစ်ခံ ရင်ခွင့်မဲ့ ဘဝများ

“ဝေး..အမေတို့ ပြန်လာပြီ” ဟူသော အသံနှင့် အတူ ဟင်းချက်တမ်း ကစားနေကြသည့် အသက်ခြောက်နှစ်မှ ဆယ်နှစ်အရွယ် ကလေးငယ်ခြောက်ဦးမှာ လက်ထဲရှိ ကစားလက်စ ပစ္စည်းများကိုချကာ ခြံဝင်းထဲသို့ ဝင်လာသည့် လိုက်ထရပ်ကားဆီသို့ မြူးထူးစွာဖြင့် အပြေးအလွှား ရောက်ရှိသွားကြသည်။ 4889

ထီလက်မှတ်များ ဈေးတင်ရောင်းလျှင် အရေးယူမည်

မော်လမြိုင်၊ မတ် ။ ။ အောင်ဘာလေ သိန်းဆုဌာနမှ မတ် ၁ ရက်က စတင်ရောင်းချခဲ့သော ကျပ် ၅၀ဝ တန် ထီလက်မှတ်များအား သတ်မှတ်ထားသည့် နှုန်းထားထက် ကျော်လွန်ရောင်းချနေသူများကို အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ပြောကြားသည်။ 4876

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းကို ဝင်ငွေခွန်ကင်းလွတ်ဇုန်အဖြစ် သတ်မှတ်

မော်လမြိုင်၊ မတ် ၉ ။ ။ မွန်ပြည်နယ်အတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝင်ငွေခွန်များ သက်သာ ချောင်ချိစေရန် ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းကို ဝင်ငွေခွန် ကင်းလွတ်ဇုန်များအဖြစ် ဇုန်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်လိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။ 4870

အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများကို တစ်လ တစ်သောင်းကျပ် ထောက်ပံ့ပေးမည်

မော်လမြိုင်၊ မတ် ။ ။ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ လူမှုပင်စင်သဘောမျိုးဖြင့် အသက်ကိုးဆယ်နှင့် အထက်ဘိုးဘွားများအား တစ်လလျှင် ငွေ ၁၀ဝ၀ဝ ကျပ်စီ ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ 4867

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၃ ရက်အတွင်း ၁၅ဝဝ ကျော်ရှိ၊ ယခင်နှစ်ထက်ပိုများ

မော်လမြိုင်၊ မတ် ၁ဝ ။ ။ မတ် ၈ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပနေသည့် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် သုံးခုဖြေဆိုရန် ပျက်ကွက်သူမှာ မွန်ပြည်နယ်တွင် ၁၅ဝဝ ကျော်ရှိကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။ 4848

နွမ်းပျပျခန္ဓာကိုယ်နှင့် ပန်းလျလျအိပ်မက်များ

ခန္ဓာကိုယ်တစ်ခုလုံး အညိုကွက်နှင့် အမဲကွက်များ စွဲကပ်နေပြီး ခြေချောင်းနှင့် လက်ချောင်းများက တစ်ဆစ်မှ မကျန်အောင် တုံးတိတိ၊ နားရွက်နှစ်ဖက်မှာလည်း တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သည့် အသက် ၆၁ နှစ်ခန့် ရှိပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦးမှာ ကုဠနူနာရောဂါဟု ပါဠိဘာသာတွင်ခေါ်ဝေါ်သည့် အနာကြီးရောဂါကို သက်လတ်ပိုင်း အရွယ်ကပင် စတင်ခံစားခဲ့ရသူ ဖြစ်သည်။ 4831