ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ Seven Eleven စတိုးများတွင် အလုပ်သမားပါမစ် သက်တမ်းတိုးနိုင်မည်

မော်လမြိုင်၊ မတ် ၁၅ ။ ။ ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ အလုပ်သမားပါမစ်သက်တမ်းတိုးခြင်းကို နိုင်ငံတစ်ဝှမ်းရှိ Seven Eleven စတိုးဆိုင်များတွင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Thai Visa News သတင်းဌာနတွင် ဖော်ပြထားသည်။ 89

ရွက်သင်္ဘော ဖြင့် ကမ္ဘာလှည့် သောခရီးသည် ၁၁ ဦးမော်လမြိုင်တွင် ကမ်းကပ်

မော်လမြိုင် မတ်လ ၁၂ ။ ။ ရေကြောင်းခရီးဖြင့် ကမ္ဘာလှည့်သော နယ်သာလန်၊ နယူးဇီလန်၊ အမေရိကန်နှင့် ဗြိတိန်နို်င်ငံတို့မှ ခရီးသည် ၁၁ဦး ပါဝင်သည့် စက်တပ် ရွက်သင်္ဘော သည် မတ်လ ၁၁၊ ညနေ ၆နာရီအချိန်တွင် မော်လမြိုင်မြို့ ထားဝယ် တံတား ဆိပ်ကမ်းတွင် ကမ်းကပ်ခဲ့ကြောင်း ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးအောင်ကြည်မွန်မှ ပြောကြားသည်။ 621

ကိုယ်ပိုင်ကား ဖြင့် ကမ္ဘာလှည့် မိသားစုများ မော်လမြိုင်တွင် သုံးရက် လည်ပတ်

မော်လမြိုင် ၊ မတ် ၁၀ ။ ။ ကိုယ်ပိုင်ကားကမ္ဘာလှည့် ခရီးသွားနေသော အင်္ဂလန်၊ဂျာမဏီ၊အာဂျင်တီးနား၊ဘရာဇီးနိုင်ငံတို့ ခရီးသွားမိသား စုများ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ၃ရက်ကြာ လည်ပတ်ခဲ့ကြောင်း အဆိုပါ ကမ္ဘာလည့် ခရီးသွားများ ထံမှသိရသည်။ 594

သုဝဏ္ဏဘူမိ မြို့ဟောင်း နေရာ ကို အမိုးအကာများ ပြုလုပ်၍ ထိန်းသိမ်းမည်

မော်လမြိုင်၊ မတ် ၁၀ ။ ။ မွန်ပြည်နယ်သထုံမြို့ရှိ ပေ ၆၅၀ အရှည်ရှိသော သုဝဏ္ဏဘူမိမြို့ဟောင်းနေရာ ကို ရာသီဥတုဒဏ် ခံနိုင်ရန် ခြံစည်းရိုးကာခြင်းနှင့် မြို့ဟောင်းတစ်ခုလုံးကို အမိုးမိုးခြင်း များ ပြုလုပ်၍ထိန်း သိမ်းမည် ဖြစ်ကြောင်း မွန်ပြည်နယ်စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဒေါက်တာမင်းနွယ်စိုးကပြောကြားသည်။ 771