ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသဖြင့် တင်ပြခြင်း (သံလွင်မြစ်- ၂)

၆။ ရေအားလျှပ်စစ်စီမံကိန်းများ၏ အမှန်တကယ်ကုန်ကျစရိတ် ဤစာတမ်းကို စွမ်းအင်ရေးရာ မူဝါဒသုတေသနဂျာနယ်တွင် ၂၀၁၄ ခုနှစ်ကဖော်ပြခဲ့သည်။ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်များက အကြီးစားလျှပ်စစ်စီမံကိန်း ၂၄၅ ခုကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဆည်ကြီးများကော်မရှင်၏ အစီရင်ခံစာသည် ဧရာမရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းမျာအတွက် စဉ်းစားရာတွင် မှတ်တိုင် တစ်ခုဖြစ်သကဲ့သို့ ယခုစာတမ်းသည်လည်း အရေးကြီးသည့် မှတ်တိုင် တစ်ခုဖြစ်လိမ့်မည်ဟုဆိုသည်။ 3082

ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသဖြင့် တင်ပြခြင်း (သံလွင်မြစ်- ၁)

၁။ သံလွင်၏ ဒုက္ခ သံလွင်မြစ်ဝှမ်းမှ ပြည်သူများသည် ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်ဘေးဒဏ်ကို ခခဲ့သြူများဖြစ်သည်။ စီမံကိန်းကြီးများအတွက် နေရာယူကာကွယ်ပေးရန် ဆင်နွှဲသည့် စစ်ကြောင်းများ၏ ဘေးရန်ကိုလည်း ခခဲ့ကြရသည်။ အမျိုးသမီးများနှင့်ကလေးငယ်များအပါအဝင် ထောင်နှင့်ချီသောပြည်သူများ မိမိနိုင်ငံအတွင်းတွင် အတည်မကျ နေရာပြောင်းရွှေ့နေထိုင်နေရသော ဒုက္ခသည်များဖြစ်ခဲ့ကြသည်။ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများတွင်လည်း အတိဒုက္ခ ရောက်ခဲ့ကြရသည်။ 2843

ရပ်ရွာပိုင်အများဆိုင်စနစ်နှင့် မြန်မာနိုင်ငံ

၁။ အာဏာရှင်စနစ်အောက်တွင် ပျက်ပြုန်းကုန်ခြင်း အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်များစွာနေခဲ့ရသော မြန်မာနိုင်ငံတွင် တန်ဖိုးကြီးကောင်းမြတ်လှသော အများဆိုင်စနစ် စီမံခန့်ခွဲပုံများ ပျက်ယွင်းဆုံးရှုံးခဲ့ကြရပါသည်။ အထူးသဖြင့် အာဏာပိုင်နှင့် စီးပွားရေးသမားတို့ ပူးပေါင်း အမြတ်ရှာ စီးပွားရေးစနစ်အောက်တွင် ပြည်သူ့ဘဝကို ချောမွေ့စေသော အကြောင်းတရားများ ဖြတ်တောက်ခံခဲ့ကြရပါသည်။ ရပ်ရွာလူထု၏ မြစ်ချောင်းများအတွင်း အစဉ်အလာ ငါးဖမ်းပိုင်ခွင့်ကို စီးပွားရေးသမားများလက်ထဲ ပေးအပ်လိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ အခက်အခဲကြုံခဲ့ရခြင်းများ၊ စားကျက်မြေများကို အကွက်ရိုက်ရောင်းချလိုက်၍ ရပ်ရွာပိုင် စိုက်ပျိုးမွေးမြူရေးဓလေ့ ခက်ခဲရခြင်းများ၊ ပန်းခြံနှင့် ကစားကွင်းများကို ဆောက်လုပ်ရေးလုပ်ငန်းများသို့ ထိုးအပ်လိုက်၍ အများဆိုင် အစိမ်းရောင်ရပ်ဝန်း ပျောက်ဆုံးကြရခြင်းများ စသည့်စသည့် အခြေအနေများကို ကြုံခဲ့ကြရပါသည်။ ရပ်ရွာပိုင် အများဆိုင်နေရာများ၊ တန်ဖိုးများ၊ ဖြစ်တည်မှုများ ပျက်စီးပျောက်ဆုံးခြင်း စာရင်းဇယားမှာ

ရပ်ရွာပိုင်အများဆိုင်စနစ်ကို အဘယ့်ကြောင့် လိုအပ်နေသနည်း။

၁။ "ဘုံပိုင်စနစ်၏ ပြုန်းတီးမှု" အယူအဆ အပြည့်အဝမှန်ခြင်း ပင်လယ်ကမ်းခြေ ရွာတစ်ရွာတွင် ကမ်းစပ်မျ တူးယူရောင်းချနိုင်သော ကြက်စာ ခရုခွံသဲမြေများရှိသည်။ ပုဂ္ဂလိကပိုင် မဟုတ်ဘဲ တစ်ရွာလုံးမှ မည်သူမဆို တူးယူရောင်းချနိုင်သော အခြေအနေရှိသည်။ ထို့ကြောင့် ကိုယ်ရနိုင်သမျှရရန် အခြားသူထက် လက်ဦးရန် တူးဖော်ရောင်းချရင်း တစ်ရွာလုံးပိုင်ဆိုင်သော ကမ်းခြေပျက်ယွင်း ရသည်။ ဤအခြေအနေကို ဘုံပိုင်စနစ်၏ စိတ်မချမ်းသာဖွယ်ရာ ပျက်ယွင်းမှု အယူအဆ (Tragedy of the Commons) ဟု ရည်ညွှန်းကြသည်။ ဤကဲ့သို့သော ဥပမာများကို အသုံးပြု၍ ပုဂ္ဂလိကပိုင်အဖြစ် ခွဲခြားသတ်မှတ် စီမံသည်သာ အဖြေဖြစ်သည်ဟု ရှည်ကြာစွာကပင် ပြောဆိုလာခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စုပေါင်းစီမံမှုဟူသည် လူ၏လောဘနှင့် ကိုယ်ကျိုးစီးပွား ရှေးရှုသောသဘာဝကြောင့်