အလှပ်ကျေးရွာ ရေတားတမံကို ယခုလကုန် အပြီးဆောက်လုပ်မည်

မော်လမြိုင်၊ မတ် ။ ။ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ ဆောက်လုပ်ဆဲ ရေတားတမံကို မတ်လတွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4888

မွန်ပြည်နယ်အတွင်း မီးသတ်ကားများ မဝင်ရောက်နိုင်သော လမ်းများကို လမ်းချဲ့နိုင်ရန် စီစဉ်မည်ဟုဆို

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ်အတွင်း မီးသတ်ကားများ ဝင်ထွက် မသွားလာနိုင်သော လမ်းများစာရင်းကို စိစစ်ပေးရန်အတွက် မီးသတ်ဌာနကို ညွှန်ကြားထားပြီးဖြစ်၍ မီးသတ်ကားများ ဝင်ထွက် သွားလာနိုင်ရန် လမ်းများချဲ့ပေးရေးကို မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။ 4864

တရားစွဲဆိုခံရသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအမှုကို တရားပြိုင်များ နေထိုင်သော နေရာတွင်သာ တရားစွဲရန် အမိန့်ချမှတ်

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ ။ ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ဝေသော “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်ကို မမှန်မကန် ပုံနှိပ်ဖြန့်ဝေသည်ဟုဆိုကာ ရေးမြို့နယ်မှ ဦးရန်လင်းအောင်က တရားစွဲထားခြင်းအား မော်လမြိုင် ခရိုင်တရားရုံးမှ စာအုပ်ထုတ်ဝေသောဒေသရှိ တရားရုံးတွင်သာ တရားစွဲဆိုရန် မတ် ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 4856

မော်လမြိုင်ရှိ ဈေးနေရာများတွင် ယာဉ်ကျောရှုပ်ထွေးမှု မဖြစ်စေရန် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့၏ အဓိက နေရာများဖြစ်သော ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) နှင့် အမှတ် (၂) အောက်ဈေး နေရာများတွင် ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန်အတွက် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး (မွန်) မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်သူက ပြောသည်။ 4793

စည်းကမ်းမဲ့ ရပ်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်းရှိ လမ်းများတွင် စည်းကမ်းမဲ့စွာ ရပ်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မွန်) မှ ရဲမှူးကျော်သူက ပြောကြားသည်။ 4664

မော်လမြိုင်လေဆိပ်နှင့် ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ရန် ကုမ္ပဏီနှစ်ခုနှင့် လုပ်ငန်းရှင်တစ်ဦး MoU လက်မှတ်ရေးထိုး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ မွန်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုလွယ်ကူလာစေရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်ရှိ မော်လမြိုင်လေဆိပ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှစ်ခုနှင့် ထိုင်းနိုင်ငံလုပ်ငန်းရှင်တစ်ဦးတို့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ Royal Thai Embassy Office of Commercial Affairs ရုံးတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ 4649

ပညာပေးရုပ်ပုံ မပါရှိသည့် စီးကရက်ဗူး ရောင်းချသူများကို ယခုလကုန် စတင်အရေးယူမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးလိပ်ဗူးများအနက် ပညာပေးရုပ်ပုံများ မပါရှိသော စီးကရက်ဗူး ရောင်းချသူများကို ယခု ဖေဖော်ဝါရီလကုန်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ 4607

မွန်ပြည်နယ်တွင် တစ်လအတွင်း ခါးပတ်မပတ်သည့် ယာဉ်မောင်း ၂၅၀ ကျော် အရေးယူခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်တွင် တစ်လအတွင်း မော်တော်ယာဉ် ခါးပတ်မပတ်သည့် ယာဉ်မောင်း ၂၅၀ ကျော်ကို အရေးယူထားကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (မွန်) ထံမှ သိရသည်။ 4595

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမတန်းသင်ရိုး ပြောင်းလဲမည်

အခြေခံပညာ မူလတန်းအဆင့် ပထမတန်းသင်ရိုးကို လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲ သင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။ 4528

“အခက်အခဲတွေမှာဆို ကျွန်တော်တို့ဆီမှာ ရုံးမြေနေရာ မရှိဘူး။ မြေနေရာရှိရင် အဆောက်အဦ လှူမယ့်လူကတော့ အဆင်သင့်ရှိတယ်”

မြန်မာနိုင်ငံ အရေးပေါ် လူမှု ကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တွေ့ဆုံခြင်း ဟင်္သာ ။ ။ မြန်မာနိုင်ငံ အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ကို ဘယ်အချိန်လောက်တုန်းက စတင်တင်ထူထောင်ခဲ့တာလဲ။ ACO ။ ။ ဒီအသင်းကတော့ မြဝတီကနေ စဖွင့်တာပါ။ မြဝတီက ဥက္ကဋ္ဌ ဦးလှထွတ်းကနေ စတင်ခဲ့တာပါ။ သင်္ကြန်မတိုင်ခင် လူနာစကောက်တယ်။ ၂၀၁၅ ခုနှစ်လောက်ကပေါ့၊ ကားတစ်စီးနဲ့ပဲပေါ့။ အဲ့တုန်းက ရှိတဲ့လူနဲ့ပဲ အဓိကတော သင်္ကြန်မှာ