မွန်ပြည်နယ် ရော်ဘာထုတ်လုပ်သူအများစုတွင် နည်းစနစ်မှားနှစ်ခု တွေ့ရှိ

မော်လမြိုင်၊ မတ် ၂၃ ။ ။မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အများစုတွင် ရော်ဘာအရည်အသွေး ညံ့ခြင်းနှင့် အစေးလှီးစနစ် မှားယွင်းခြင်းကို တွေ့မြင်နေရကြောင်း ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။ မွန်ပြည်နယ် နှစ်ရှည်ခံပင် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ ဝန်ထမ်းများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ရော်ဘာမျိုးပင်ကို ကြည့်ခြင်းအားဖြင့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးထားခြင်း မဟုတ်ဘဲ ကြုံရာ ရော်ဘာမျိုးကိုသာ

အစားအသောက်များတွင် ဓာတုပစ္စည်းများ မသုံးစွဲရန် တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းရှင်များကို ဝန်ခံကတိ ပြုစေမည်

မွန်ပြည်နယ်အတွင်းရှိ အစားအသောက်များတွင် ဘေးအန္တရာယ်ဖြစ်စေမည့် ကြာရှည်ခံ ဓာတုပစ္စည်းများနှင့် ဆိုးဆေးများ မသုံးစွဲရန် တစ်နိုင်တစ်ပိုင် ထုတ်ကုန်လုပ်ငန်းများကို မတ်လအတွင်း ခံဝန်ကတိ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသာက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။ “အစားအသောက်ထဲမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေကို မထည့်ဖို့ မသုံးပြုဖို့၊ ထုတ်လုပ်မှု ပစ္စည်းက သန့်ရှင်းရမယ်၊ ကျန်းမာရေးနှင့် ညီညွှတ်ရမယ်၊ ထုတ်လုပ်သူကိုလည်း ကျန်းမာရမယ်ဆိုတဲ့ ဝန်ခံကတိကို ရေးခိုင်းမယ်”ဟု ၎င်းက ဆိုသည်။ FDA မှ စစ်ဆေးပြုလုပ်ရာတွင် လုပ်ငန်းရှင်များနှင့် ထိထိရောက်ရောက် ဆွေးနွေးမှု ပြုလုပ်သင့်ကြောင်းနှင့် လူမှုရေး ပုံသဏ္ဍာန်ဖြင့် ကွင်းဆင်းစစ်ဆေးရန် လိုအပ်ကြောင်း မွန်ပြည်နယ်လုပ်ငန်းရှင် ဦးရန်မျိုးအောင်က ပြောသည်။ “အဓိကက လုပ်ငန်းရှင်ဆိုတာ အကျိုးအမြတ်တစ်ခုကိုပဲ

ထိုင်းနိုင်ငံမှ ရော်ဘာများ ဈေးကွက်အတွင်း လေးလံတင်ရောင်းချ၍ ပြည်တွင်းရော်ဘာဈေးနှုန်းကျဆင်း

မော်လမြိုင်၊ မတ် ။ ။ ထိုင်းနိုင်ငံတွင် သိုလှောင်ထားသော ရော်ဘာများကို ဈေးကွက်အတွင်း လေလံတင်ရောင်းချလိုက်သဖြင့် ပြည်တွင်း ရော်ဘာဈေးနှုန်း ကျဆင်းခဲ့ကြောင်း ရေးမြို့မှ ရော်ဘာအရောင်းအဝယ်လုပ်ကိုင်သူ ဦးဆန်းမောင်က သုံးသပ် ပြောဆိုသည်။ 4859

သေနတ်ဖြင့်ပစ်၍ မကျည်းချောင်းဝ ရွာသားနှစ်ဦး သေဆုံးခဲ့ခြင်းကြောင့် ခလရ (၂၈၀) မှ ဗိုလ်ကြီးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်

မော်လမြိုင်၊ မတ် ၇ ။ ။ ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျည်းချောင်းဝကျေးရွာမှ ရွာသားနှစ်ဦးကို မွန်ဓားပြအဖွဲ့နှင့် မှားယွင်း၍ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ရွာသားနှစ်ဦး သေဆုံးခဲ့ခြင်းအပေါ် တပ်မတော် ခလရ (၂၈ဝ) တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်တရားရုံးချုပ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 4851

FDA ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင်မရှိသော ထုတ်ကုန်များကို အရေးယူမည်

မော်လမြိုင်၊ မတ် ၁ ။ ။ မွန်ပြည်နယ်တွင် ရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများအနက်မှ FDA ၏ ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင် မရှိသည့် အလှကုန်ပစ္စည်းများ၊ ရေသန့်လုပ်ငန်းများနှင့် ဆေးဝါးထုတ်လုပ် ရောင်းချသည့် လုပ်ငန်းများကို မတ်လအကုန်ပိုင်းတွင် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။ 4820

ပိုင်ရှင်မဲ့လူနာနှင့် နွမ်းပါးသော လူနာများ၏ အခက်အခဲကို ကူညီဖြေရှင်းရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်ကုတင် ၁ဝဝ ဆေးရုံ၌ ပိုင်ရှင်မဲ့လူနာ (Pick up) နှင့် ချို့တဲ့နွမ်းပါးသော လူနာများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း ရေးမြို့နယ်ကုတင် ၁ဝဝ ဆံ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဦးအောင်သိုက်က ပြောကြားသည်။ 4689

ရေးမြို့ကို ခရိုင်အဆင့် တိုးမြှင့်ရန် လျာထားဟု ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်သည် လူဦးရေနှင့် ဧရိယာအကျယ်အဝန်းတို့ကို ကြည့်ခြင်းအားဖြင့် ခရိုင်အဆင့် တိုးမြှင်ရန် လျာထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။ 4589

တရားမဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချသောဆိုင်များကို ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်ချမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်း တရားမ ဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချခြင်းနှင့် လိုင်စင်မရှိသော ဆိုင်များကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေး ဥပဒေအရ ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ၁ဝ သိန်းအထိ ချမှတ်နိုင်သည့်အပြင် အကျုံးဝင်သည့် သက်သေခံပစ္စည်းများကိုလည်း သိမ်းယူခြင်းခံရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ပြည်နယ်တာဝန်ခံ ဒေါ်သန်းသန်းလွင်က ပြောကြားသည်။ 4567

ခရီးသွားများကို ဆွဲဆောင်နိုင်မည့် မွန်ပြည်နယ်ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တင်ပေးနိုင်ရန် စစ်တမ်းကောက်

မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းပြီး ဒေသထွက်ထုတ်ကုန် ပစ္စည်းများ အရည်အသွေး မြှင့်တင်ပေးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် စစ်တမ်းကောက်ယူခဲ့ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။ 4545

ရေလုပ်သားက ငါးပေါင်းဦးစီးချုပ်ကို မကျေနပ်၍ ငါးခွဲဓားဦးချွန်ဖြင့် ထိုးသတ်

ရေးမြို့နယ်အနောက်ဘက်၊ ကပ္ပလီပင်လယ်ပြင်၊ ငှက်ပျော်ကျွန်းအနီး ပင်လယ်ရေပြင်၌ ငါးဖမ်းလျက်ရှိသော ကျားဖောင်ပေါ်တွင် အလုပ်လုပ်နေစဉ်အတွင်း ရိုက်နှက်ဆဲဆိုခြင်းကို မကျေနပ်သဖြင့် ရန်ငြိုးထားကာ ဇန်နဝါရီ ၂၉ ရက်၌ ကျားဖောင်ရေလုပ်သားက ငါးပေါင်းဦးစီးချုပ်၏ လည်ပင်းက ငါးခွဲဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 4531