ကျိုက္ကသာကျေးရွာတွင် လမ်းမြေဖို့ရန် မြေတူးရာမှ ရရှိသော ရွှေပြား ၃၉၀ ပြားအား ရှေးဟောင်း သုတေသနဌာနသို့ အပ်နှံ

ကျိုက်ထို၊ မတ်၂၃ ။ ။ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ ဦးထွန်းရီ၏ ခြံဝန်းတွင် မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက လမ်းမြေဖို့ရန် မြေတူးရာမှ ရရှိခဲ့သော ရွှေပြား ၃၉၀ ပြားအား ရှေးဟောင်း သုတေသနဌာနသို့ အပ်နှံပေးခဲ့ကြောင်း ကျိုက္ကသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။ “ကျွန်တော်တို့ မတ်လ ၂၃ ရက်နေ့က နေပြည်တော် ရှေးဟောင်းသုတေသနအဖွဲ့ကို ပိုင်ရှင်ကိုယ်တိုင် သွားရောက် အပ်နှံခဲ့ပါတယ်၊ လက်ရှိရွှေတွေရဲ့ အလေးချိန်အတိုင်း ကာလပေါက်ဈေးရယ်၊ လက်ယာဖိုးရယ်၊ ရှေးဟောင်းခေတ် တန်ဖိုးရယ်ကို ပညာရှင်တွေက တွက်ချက်ပြီး ပေးမယ်လို့

မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဖြတ်သန်းသည့် ကုန်တင်ယာဉ်ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးမည်

ကျိုက်ထို၊ မတ် ၁၀ ။ ။ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းမှုမရှိဘဲ ကြားပေါက်လမ်းများမှ သွားလာနေသည့် ကုန်တင်ယာဉ်များကို မွန်ပြည်နယ်ရှိ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ လဝက အစရှိသည့် ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားအင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4903

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ် ဒေါက်တာအေးဇံနှင့် တွေ့ဆုံမေးမြန်းခြင်း

မတ်လ(၁)ရက်နေ့က အသစ်ထပ်မံခန့်အပ်လိုက်သည့်မွန်ပြနည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၏ ကြုံတွေ့ဖြတ်ကျော်ရမည့် စိန်ခေါ်မှုများနှင့်ပြည်နယ်ဖွင့်ဖြိုးတိုးတက်မှုအတွက် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက မေးမြန်းဖော်ပြလိုက်ရပါသည်။ 4801

ရေးမြို့နယ်တွင် ကိုယ့်ထူကိုယ်ထ မီးလင်းရေးဟုဆိုကာ ငွေတောင်းခံခြင်းကို တားမြစ်ထားသည် ဟုဆို

ရေး၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးရရှိ မည်ဟုဆိုကာ ကုမ္ပဏီသို့ ပေးသွင်းရန် မီးလင်းရေး ကော်မတီမှ ငွေကြေးကောက်ခံမှုများကို မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်များက ဆက်လက် မကောက်ခံရန် တားမြစ်ထားကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက ပြောကြားသည်။ 4757

တပ်မတော်၊ ရဲနှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်း၍ မော်လမြိုင်မှ အမှိုက်များကို သိမ်းဆည်းသွားမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့တွင် သင်္ကြန်မတိုင်ခင် ကမ်းနားလမ်းမှ စတင်၍ မြို့လုံးကျွတ် အမှိုက်သန့်ရှင်းရေး ပြုလုပ်ရန် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးဇံက ပြောကြားသည်။ 4748

မွန်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတားကိစ္စနှင့် လုံးဝမသက်ဆိုင်ဟု ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဆို

မော်လမြိုင်၊ ဖေဖေါ်ဝါရီ ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီချုပ်တာဝန်မှ နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတား အမည်ကိစ္စနှင့် လုံးဝမသက်ဆိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောကြားခဲ့သည်။ 4701

ဘီးလင်း၌ လူ (၄၀) ကျော် အစာ အဆိပ်သင့်မှု ဖြစ်ပွား

ဘီးလင်း ၊ ဇန်နဝါရီ ၁၇ ဘီးလင်းမြို့၊ ဆရာစံ ရပ်ကွက်ရှိ စာသင်ကျောင်း နိဗ္ဗာန်ဈေး အစားအသောက်များမှ တဆင့် အစာ အဆိပ်သင့်မှု ဖြစ်ပွားကာ ဇန်နဝါရီလ (၁၆) ရက်နေ့ ညတွင် လူ (၄၀) ဦးကျော်အား အရေးပေါ် ကုသမှု ပြုလုပ် ပေးခဲ့ ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ ထိုအစာ အဆိပ်သင့်မှုသည် စာသင်ကျောင်း နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် အမျိုး (၂၀) ကျော် အနက် ခေါက်ဆွဲကြော်တွင် ပါဝင်သည့် ဟင်းသီး ဟင်းရွက် များနှင့် ထုပ်ပိုးထားသည့် ဖော့ဗူး များမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း

မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ အနားယူ လိုကြောင်း ဦးဝင်းထိန်အား ဦးမင်းမင်းဦး နှုတ်ဖြင့် တင်ပြခဲ့

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်း ဦးသည် လက်ရှိ ၎င်းတာဝန် ထမ်းဆောင် နေသည့် ဝန်ကြီးချုပ် ရာထူးမှ အနားယူ လိုကြောင်း ဦးဝင်းထိန်အား နှုတ်ဖြင့် တင်ပြ ခဲ့သည်ဟု NLD ပါတီ၏ အလုပ်အမှုဆောင် နှင့် ပါတီဝင်များ ၊ လွတ်တော် ကိုယ်စားလှယ်များ ပါဝင် ခဲ့သည့် အစည်းအဝေး၌ အသိပေး ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် လွတ်တော် ကိုယ်စားလှယ် တို့မှ ဟင်္သာ မီဒီယာသို့ အတည်ပြု ပြောကြား ခဲ့သည်။ 3781

မွန်ပြည်နယ်တွင် ဆောင်းသီးနှံအတွက် ချေးငွေ သိန်း ၃၀ဝ၀ဝ ကျော် ထုတ်ချေးမည်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အတွင်းရှိ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် ဆောင်းသီးနှံ ချေးငွေ သိန်း ၃၀ဝ၀ဝ ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီး ဌာန မြန်မာလယ်ယာဖွံ့ဖြိုးရေး ပြည်နယ်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3677

မွန်ပြည်နယ်အတွင်း ကဲရ်မြန်မာမှ လယ်ယာမြေဥပဒေ သင်တန်းများပေး

မွန်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လယ်ယာမြေဥပဒေများ သိရှိနားလည်စေရန်ရည်ရွယ်ပြီး ကဲရ်မြန်မာမှယခုနှစ်တွင် မြေယာဥပဒေသင်တန်း ၁၄ ခု ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ကဲရ်မြန်မာမှ Technical Officer(Land) ဒေါ်ရီမွန်ထွေးက ပြောကြားသည်။ 2629