ကျိန်စာသင့် မွန်နိုင်ငံရေး

နှစ်လွှာပေါင်းလျှင် တစ်ရွက်ဖြစ်သည်။ နှစ်ယောက်၊ နှစ်ဖွဲ့၊ နှစ်ခုကို ပေါင်းစည်းလျှင် တစ်ခုတည်းဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ မွန်နိုင်ငံရေးမူကား နှစ်ဖွဲ့ပေါင်းလျှင် တစ်ဖွဲ့ဖြစ်ရမည့်အစား သုံးဖွဲ့ဖြစ်လာမည့် အခြေအနေသို့ ဦးတည် နေချေသည်။ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှစ်ပါတီပေါင်းစည်းရေးအတွက် ဆောင်ရွက်နေရာမှ မူလ နှစ်ပါတီအပြင် နောက်ထပ် နိုင်ငံရေးပါတီသစ်တစ်ခု ပေါ်ပေါက်ရန် ဦးတည်နေခြင်း ဖြစ်သည်။ မွန်သံဃာတော်များ ညှိနှိုင်းဆောင်ရွက်ခဲ့မှုသည် ၂၀၁၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးအတွက် သဘောတူညီမှု ရရှိခဲ့သည်။ မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းရေးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ဆုံးထား၍ နှစ်ပါတီမှ တစ်ပါတီ အဖြစ် ပူးပေါင်းရန် ညှိနှိုင်းရေးအဖွဲ့မှ ကြိုးပမ်းခဲ့သော်လည်း မွန်လူမျိုးတို့ မျှော်မှန်းထားသည့် ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ခြင်း

“ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်နာမ ဆက်လက်ထားရှိပါက တိုင်းရင်းသားတို့၏ ဆန္ဒသဘောထားကို ဆုံးခန်းတိုင်ထိ အကောင်အထည်ဖော်မည်ဟုဆို

မော်လမြိုင်၊ မတ် ၁၉ ။ ။ မော်လမြိုင်-ချောင်းဆုံ ချိတ်ဆက်တည်ဆောက်ထားသည့် တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည် နာမနှင့်သာ ဆုံးဖြတ်အတည်ပြုသွားမည်ဆိုပါက မွန်တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား ဖြစ်ချင်သည့် နာမည်ကို ဆုံးခန်းတိုင်သည့်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ နိုင်မွန်ရာဇာက ပြောကြားသည်။ “ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်နဲ့ပဲ ဆုံးဖြတ်အတည်ပြုပြီးတော့ အကောင်အထည်ဖော်တော့မယ်ဆိုရင် တိုင်းရင်းသားတို့ရဲ့ ဆန္ဒသဘောထား ဖြစ်ချင်တဲ့နာမည်ကို ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်ချီတက် အကောင် အထည်ဖော်သွားမယ်”၎င်းက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်အား ရုပ်သိမ်းပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ လိုလားသည့်

NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီပြင်ဆင်

မော်လမြိုင်၊ မတ် ၂၂ ။ ။ မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်နိုင်သည့် အဖွဲ့အစည်းများဖြင့်သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။ “NCA အပေါ်မှာ အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရပ်တည်ချက် ပြောင်းလဲသွားတယ်။ အာလုံး ပါဝင်ရေး ရပ်တည်ချက်ကနေ အခုပြောင်းသွားပြီး။ ပါဝင်နိုင်တဲ့ အဖွဲ့လောက်ပဲ ကျွန်တော်တို့ လက်မှတ်ထိုးသွားမယ်၊ အဲဒါကို ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။ ထို့ပြင် ညီညွတ်သော တိုင်းသားရင်းများ ဖက်ဒရယ်ကောင်စီ

ဗိုလ်ချုပ်အမည်ဖြင့် တံတားအမည်မပေးဘဲ နိုင်ငံသုံးငွေစက္ကူတွင်သာ ဗိုလ်ချုပ်ရုပ်ပုံ ထည့်သွင်းသင့်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဆို

မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်ရှိ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်းကို လက်မခံနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသည့် ငွေစက္ကူများ ပြန်လည်ရရှိရေး အဆိုတင်သွင်းမည်ဆိုပါက ထောက်ခံမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။ 4775

မော်လမြိုင်-ချောင်းဆုံ တံတားကို မွန်လူထုဆန္ဒနှင့် ကိုက်ညီသည့် နာမည်သတ်မှတ်ပေးရန် နိုင်ငံတော် သမ္မတထံ မွန်အမျိုးသားပါတီတောင်းဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်တံတားကို မွန်ပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် နာမည်တစ်ခု သတ်မှတ်ပေးရန် မွန်အမျိုးသားပါတီမှ နိုင်ငံတော်သမ္မတထံ ဖေဖော်ဝါရီ ၂၂ ရက်တွင် စာပေးပို့ တောင်းဆိုထားကြောင်း ယင်းပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောကြားသည်။ 4709

မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏

နေအလင်းရောင်ခြည် အစပြုချိန် မြူနှင်းများ ပြိုကျနေသည်ကြားမှ နီရဲနေသော လူအုပ်ကြီးက သံစုံတီးဝိုင်းနှင့် ချီတက်လာပြီးဖြစ်သည်။ နေရာင်ခြည် ပွင့်လာသည်နှင့်အတူ ပြန်လွင့်နေသည့် ဟင်္သာအလံသည်လည်း ထင်ရှားလာပြီးဖြစ်သည်။ 4570

မွန်ရှေးဟောင်းပစ္စည်း ၁၇ မျိုးကို မွန်အမျိုးသားနေ့ နေပြည်တော် အခမ်းအနားတွင် ပြသ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်မှ တူးဖော်ရရှိထားသည့် ရှေးဟောင်းပစ္စည်း ၁၇ မျိုးကို ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနား၌ ပြသခဲ့ကြောင်း နေပြည်တော် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီထံမှ သိရသည်။ 4512

လူသတ်မှုဖြင့် ထောင်ဒဏ် ကျခံနေရသော ရဲဘက်ပြေး တစ်ဦးကို နှစ်နှစ်အကြာမှာ ဖမ်းဆီး ရမိပြီ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၉ လူသတ်မှုဖြင့် ထောင်ဒဏ် (၅) နှစ် အပြစ်ပေး ခံရကာ ရင်းငြိမ် ကျောက်ထုတ် စခန်း၌ ရဲဘက် အထုတ်ခံ ထားရသည့် ဦးရာဒီသည် ကျောက်ထုတ် စခန်းမှ ထွက်ပြေး ခဲ့ပြီး နှစ်နှစ် အကြာမှ ပြည်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ထီလုံ နယ်မြေ ရဲစခန်းမှူး ရဲအုပ် မင်းအောင်ထွန်းက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။ “ဒီလူက ထွက်ပြေးပြီးတော့ မဲဆောက် ဘက်မှာ ကြုံရာ ကျပန်း လုပ်စားနေတာ၊ ဒီကို ခဏပြန်လာတဲ့ အချိန်မှာ ကျွန်တော်တို့ သတင်းရလို့ သွားဖမ်းခဲ့တာ” ဟု ရဲအုပ် မင်းအောင်ထွန်းက အတည်ပြု

မွန်ကွန်းဖရင့် ဆုံးဖြတ်ချက်အရ ဖက်ဒရယ်မူဝါဒ ရေးဆွဲရာတွင် ပါဝင်နိုင်ရေး AMDPပါတီ မဆုံးဖြတ်ရသေး

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်အမျိုးသားကွန်းဖရင့် ဆုံးဖြတ်ချက်အရ မွန်လူထု တစ်သံတည်းထွက်ပေါ်စေရန် စစ်မှန်သော ဖက်ဒရယ် မူဝါဒ ရေးဆွဲရာတွင် ပါဝင်နိုင်ရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မဆုံးဖြတ်ရသေးကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး နိုင်စံတင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။ 3527

မွန်ပြည်နယ် အစိုးရ အဖွဲ့အတွင်း ပူးပေါင်းမှု အားနည်း ဟုဆို

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဦးဆောင်မှုနောက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ ပူးပေါင်းပါဝင်လုပ်ဆောင်မှု အားနည်းနေကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3224