ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ပဲအထွက်နှုန်း လျော့နည်းနေသည်ဟု ဒေသခံတောင်သူများဆို

ချောင်းဆုံ၊ မတ် ။ ။ ယခုနှစ်တွင် ချောင်းဆုံမြို့နယ်မှ ဆောင်းသီးနှံ စိုက်ပျိုးထားကြသည့် ပဲစိုက်တောင်သူ အများစုမှာ ပဲရိတ်သိမ်းချိန်၌ ပဲအထွက်နှုန်း လွန်စွာလျော့နည်းနေကြောင်း ချောင်းဆုံမြို့နယ်ရှိ ပဲစိုက်ပျိုးတောင်သူများထံမှ သိရသည်။ 4826

ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းရုံးခန်း ဆောက်လုပ်ရန် ငွေကြေးအကူအညီများ လိုအပ်နေဟုဆို

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင်၊ မြို့နယ်ကြက်ခြေနီအသင်းရုံး ဆောက်လုပ်နိုင်ရန်အတွက် ငွေကြေးအကူအညီများ လိုအပ်နေပြီး အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက ပါဝင်ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။ 4799

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံခြင်းကို ပြန်လည် သုံးသပ်သင့်သည်ဟု ဒေသခံများဆို

ချောင်းဆုံ၊ မတ် ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံရာ၌ ဆိုင်ကယ်များကိုပါ တံတားဖြတ်ကူးခ ကောက်ခံခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံများက ပြောဆိုနေကြသည်။ 4782

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များ အသုံးနည်းလာ၍ ဓနိဖက်လုပ်ငန်း အဆင်မပြေ

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များအသုံးနည်းလာသည့်အပြင် ပြင်ပဒေသများသို့ ပို့ဆောင်ရာတွင်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား နည်းလာခြင်းကြောင့် ဓနိဖက်ခြံလုပ်ငန်းရှင်များ လုပ်ငန်းအဆင်မပြေမှုများ ဖြစ်လာကြောင်း ဒေသခံ ဓနိဖက်လုပ်ငန်းရှင်များက ပြောကြားသည်။ 4657

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်း စတင်တည်ဆောက်

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 4539

စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း လုပ်သားခဈေးမြင့်နေ၍ လယ်သမားများ အရှုံးပေါ်နိုင်

ချောင်းဆုံ၊ နိုဝင်ဘာ ။ ။ ယခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရိတ်သိမ်းစရိတ်နှင့် လုပ်သားခ ဈေးနှုန်းများမှာ ယခင်နှစ်များထက် မြင့်တတ်နေခြင်းကြောင့် လယ်သမားများအတွက် အရှုံးများပေါ်လာနိုင်ကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်သမားများထံမှ သိရသည်။ 3912

ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့် ရယူရာတွင် တရားဝင်သတ်မှတ်ထားသည့် အခကြေးငွေမှလွဲ၍ ပေးရန် မလိုဟုဆို

ချောင်းဆုံ၊ အောက်တိုဘာ ။ ။ ချောင်းဆုံမြို့နယ်တွင် ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့်ရယူရာ၌ နိုင်ငံတော်မှတရားဝင်သတ်မှတ်ချက် အခကြေးငွေများမှလွဲ၍ ယခင်ကပေးဆောင်နေခဲ့ရသည့် တရားမဝင်သောအခြားပေးဆောင်ရန် ကိစ္စများကိုပေးရန်မလိုတော့ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ 3681

ချောင်းဆုံမြို့နယ်အတွင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဖမ်းဆီးအရေးယူနေမှုကိုဒေသခံများအမြင်မရှင်း

ချောင်းဆုံမြို့နယ်အတွင်းရှိကျေးရွာများတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာယင်းအဖွဲ့၏ဖမ်းဆီးအရေးယူနေမှုဒ ဏ်ငွေသတ်မှတ်ပေးဆောင်နေရမှု အပေါ်ဒေသခံများအမြင်မရှင်းဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ 3256

ဝန်ထမ်းများကိုလှေစီးခလျော့ယူရေးအတွက် ကတ်ထုတ်ပေးမည်

Fallback Image

ချောင်းဆုံမြို့နယ်စည်ပင်သာယာရေး လက်အောက်ရှိကူးတို့လှေဆိပ်များမှ ဝန်ထမ်းများသွားလာရာတွင်အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးတို့အတွက် ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကူးတို့လှေစီးနင်းခလျော့ယူမည့်ကတ်များထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။ 2607

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်းနွားဈေးနှုန်းများကျဆင်း

ဘီလူးကျွန်းတွင်မွေးမြူထားသော နွားများကို ပြည်ပသို့ ရောင်းချမှုများလျော့နည်းသွားသောကြောင့် ယခုနှစ်အတွင်းနွားဈေးနူန်းများ ကျဆင်းလျက်ရှိကြောင်း အဆိုပါ ဒေသခံများက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2262