သံလွင်ဆည်းဆာနဲ့ ငွေဇင်ယော်

ရှည်လျှား၍ သာယာလှပသော ကမ်းနားနဲ့ နေဝင်ချိန်ဆည်းဆာအလှတို့ကို ပိုင်ဆိုင်ထားတဲ့ မော်လမြိုင်မြို့ရဲ့ ညနေခင်းဟာ စည်ကား သက်ဝင်နေပါတယ်။ မော်လမြိုင် မြို့ခံများ သာမက နိုင်ငံခြား ခရီးသွား များနဲ့ ပြည်တွင်း ခရီးသွားများဟာ ညနေခင်း အချိန်မှာ သံလွင်ကမ်းနား လမ်းတစ်လျှောက် တကူးတက လာရောက် အပန်းဖြေလေ့ရှိပါတယ်။ ဆောင်းဦးဝင်လာတာနဲ့ ဆောင်းခို ဇင်ယော်ငှက်များဟာ မြစ်ပြင်ကျယ်နဲ့ ကမ်းနားတစ်လျှောက်ကို ပြန်လည် ကျက်စား လာကြပါပြီး။ ဇင်ယော်စာရောင်းတဲ့ ကလေးငယ်များဟာ ကမ်းနားသို့ လာရောက်ကြသူများအား ဇင်ယော်ငှက်များကို အစာကျွေးဖို့ဝယ်ယူရန် တိုက်တွန်းနေကြပါတယ်။ ဇင်ယော်များဟာ ညနေ၃ နာရီခွဲအချိန်မှ ည ၇နာရီထိ ကမ်းနားတစ်လျှောက် လူးလားခေါက်ပြန် အစာတောင်းရင်း ပျံသန်းနေပါတယ်။ ဇင်ယော်စာရောင်းချသူ အယောက် ၂ဝခန့်က ဇင်ယော်များ

အရေပြားပေါ်မှာ အလှဆင်ခြင်း (Tattoo)

တဂျီဂျီ မြည်နေသော မော်တာအသံနဲ့အတူ အပ်ဖျားက အရေပြားပေါ် အချက်ကျကျ ထိုးဖောက်၍ လက်၏လိုရာသို့ ယိမ်းနွဲ့လိုက်ပါနေပါတယ်။ မိမိအရေပြားပေါ်တွင် အသားနာကျင်ခံပြီး ဆေးရေးခြင်း အနုပညာကို ယနေ့ခေတ် လူငယ်များအတွက်တော့ စွန့်စားလိုစိတ်သဖွယ် ဖြစ်နေပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်များ ကာလက ဆေးမင်ကြောင်ထိုးခြင်းကို မကောင်းမှုပြုတယ်လို့ လူအများစုရဲ့ အထင်သေးမှုများ ခံခဲ့ရသော်လည်း ဒီဘက်ခေတ်တော့ တက်တူးခေါ် ဆေးမင်ကြောင်ထိုးခြင်းကို အနုပညာတစ်ရပ်အနေနဲ့ မြင်လာကြပါပြီ။ 4016

ရွှေဖြူထွက်ရာ မွန်ဌာနေ

မြန်မာနိုင်ငံ၏ မဟာဗျူဟာ ပို့ကုန်စာရင်းတွင် ပါဝင်သည့် မွန်ပြည်နယ်ရဲ့ အဓိက ထွက်ကုန်တစ်ခုအဖြစ် “ရွှေဖြူ”လို့ တင်စားကြတဲ့ ရော်ဘာဟာ ပြည်တွင်းဈေးကွက်မှာ တစ်ဖန်ပြန်လည် ဦးမော့လာပါပြီး။ နှစ်နှစ်ဆက်တိုက် ကျဆင်းလျှက်ရှိသော ရော်ဘာဈေးမှာ ယခုနှစ်အစောပိုင်းမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာကာ ဧကအနည်းငယ်သာ စိုက်ပျိုးသည့် ရော်ဘာစိုက်ပျိုးသူတို့မှာ အသက်ရှုချောင်တဲ့ အနေအထား ရောက်ရှိလာပါတယ်။ 3734

ဝါးသေနတ်

သီတင်းကျွတ်လပြည့်နေ့တွင် စတင်တောမယ့် ကျိုက်ထီးရိုးစေတီ ဘုရားဖူးရာသီအတွက် ဝါးဖြင့်ပြုလုပ်သော ကျိုက်ထီးရိုးသေနတ် အမှတ်တရ လက်ဆောင်ပစ္စည်းတွေကို စတင်လုပ်ဆောင်နေပါပြီ။ နိုင်ငံခြားသား ဧည့်သည်များနှင့် အနယ်အနယ် အရပ်ရပ်မှ ဘုရားဖူးလာကြသော ဘုရားဖူးပြည်သူများက ဝါးသေနတ်များ၊ ကစားစရာ အရုပ်များ အိမ်အပြန် အမှတ်တရ လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိပါတယ်။ ကျိုက်ထီးရိုးတောင် ကုန်းကြောင်းတက် လမ်းတစ်လျှောက်တွင် ဝါးနှင့်ပြုလုပ်သော အမှတ်တရပစ္စည်း အရောင်းဆိုင်များရှိသလို အလုပ်ရုံများမှာလည်း ရှိပါတယ်။ 3457

လက်လုပ် စက္ကူမီးပုံး

မိုးလေကင်းလွတ်မည့် သီတင်းကျွတ်အခါသမယ ရောက်ရှိတာနဲ့ အိမ်တိုင်းနီးပါးလိုလို ညချမ်းချိန်ခါတွင် လပြည့်ဝန်းကြီးနှင့်အပြိုင် ရောင်စုံမီးပုံးလေးတွေ ထွန်းညှိချိတ်ဆွဲထားတာတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်းသို့ တရုတ်လုပ်မီးပုံးများ ဝင်ရောက်လာသော်လည်း ပြည်တွင်းလုပ်သည့် လက်လုပ်စက္ကူ မီးပုံးများမှာ ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်းတို့ကြောင့် မီးပုံးပြုလုပ်သည့် လုပ်ငန်းသည် ဆက်လက် အောင်မြင်နေဆဲပါ။ 3215

ကြိုတင်ပြင်ဆင် ဇာတ်သဘင်

“ဇာတ်သမားလာရင် မှတ်သားစရာပါလာရမယ်” ဆိုရိုးစကားနဲ့အညီ သဘင်ရာသီချိန်နီးပြီမို့ မွန်ပြည်နယ် တစ်ခွင်မှ ဇာတ်သဘင်များ ဇာတ်ခွင်ဝင်ဖို့ ဇာတ်တိုက်ကာလကို ရောက်ရှိလို့လာပါပြီ။ ဇာတ်ခေါင်းပြုတ်တဲ့ ကဆုန်လဆန်းကတည်းက နားနေရသော သဘင်လုပ်သားများမှာ အခုအခါမှာ လုပ်ငန်းခွင်ဝင်ဖို့ ပွဲမဝင်ခင် ကြိုတင် ပြင်ဆင်နေကြပါတယ်။ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် အခါသမယကစပြီး မွန်ပြည်နယ် တစ်နံတစ်လျား စုန်ဆန်ကူးကာ ဇာတ်ပွဲများ ကပြဖျော်ဖြေ ကြတော့မှာပါ။ 2814

အလံမလဲတဲ့ သံပန်းပဲ

မွန်ပြည်နယ်သည် မိုးများတဲ့ ဒေသဖြစ်တာကြောင့် လယ်ယာသုံးစက်ပစ္စည်းများ မတွင်ကျယ်ဘဲ မိရိုးဖလာ တံစဉ်များ၊ ထွန်တုန်း၊ စက်တုန်းများ၊ ကိုင်းခုတ်ဓါးများနဲ့ လုပ်ငန်းခွင် ဝင်ကြရပါတယ်။ လယ်ယာသုံး သံထည် ပစ္စည်းများကို သံပန်းပဲလုပ်ငန်းများက ထုတ်လုပ်ကြပြီး ဈေးကွက်သို့ တင်ပို့ရောင်းချရပါတယ်။ မွန်ပြည်နယ် ပေါင်မြို့ရှိ သံပန်းပဲဖိုများက လယ်ယာသုံးပစ္စည်းများအပြင် ကျေးလက် အသုံးအဆောင်များဖြစ်ကြတဲ့ ကွမ်းညှပ်များ၊ မီးညှပ်များနဲ့ အခြားသံထည်ပစ္စည်းများ ပြုလုပ်ပါသေးတယ်။ 2586

အုန်းဆံလမ်း

လွန်ခဲ့သော အတိတ်ကာလ ကွမ်းယာဆိုင်များတွင် ဆေးလိပ်မီးညှိရန်အတွက် မီးစွဲလောင်စေ၍ တွဲလောင်း ကျနေသော ကြိုးတစ်ချောင်းဖြင့် ဆေးလိပ်မီးကို ညှိခဲ့ရပါတယ်။ ထိုကြိုးမှာ အုန်းဆံကြိုးပင် ဖြစ်ပါတယ်။ အုန်းသီးကို မုန့်နှင့် အခြား အစားအစာများပြုလုပ်ရန် သုံးစွဲကြပြီး အုန်းခွံကို စွန့်ပစ်လေ့ရှိပါတယ်။ စွန့်ပစ်ထားသော အုန်းခွံများကို အုန်းဆံကြိုးအဖြစ် ပြန်လည်အသုံးပြုရအောင် ကြိုးကျစ်ရောင်းချနေသော လူသိများသည့် အုန်းဆံလမ်းဟာ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ မြို့မတံတားလမ်းပဲ ဖြစ်ပါတယ်။ 2497

ပျော်မဆုံး၊ မော်မဆုံး အောက်တောင်ပြုံး

လူသားမျိုးနွယ်စု ဖြစ်တည်လာကတည်းက ယုံကြည်ကိုးကွယ်မှု ရိုးရာဓလေ့များလည်း စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တောင်ပြုံးပွဲတော်ကို သထုံမြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း များစွာကတည်းက ဝါခေါင်လဆန်း ၈ ရက် (သြဂုတ် ၁၁ ရက်) နေ့ရောက်တိုင်း အစဉ်အလာအရ ပြုလုပ်လာကြရာမှ ယနေ့တိုင်အောင် ရှင်သန်နေခဲ့ပါတယ်။ 2421

နလံထူပါ့မလား သံဖြူ

စွန့်ပစ်ဘူးခွံ အဟောင်းများဖြင့် ပြုလုပ်ရသည့် သံဖြူလုပ်ငန်းများမှာ လူငယ်များ စိတ်ဝင်စားမှု နည်းပါးခြင်း၊ သံဖြူလုပ်ငန်းပညာရပ်များကို လက်ခစားလုပ်ကိုင်လိုသူ မရှိတော့ခြင်း၊ လက်ဆင့်ကမ်းပညာ သင်ယူသူ မရှိတော့၍ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ ကျေးလက်ဒေသများတွင် သံဖြူပစ္စည်းများကို လူသုံးများနေသေးသော်လည်း လုပ်ကိုင်မယ့်သူ နည်းပါးလာတာကြောင့် တိမ်မြုပ်လုလု အခြေအနေ ဖြစ်နေပါတယ်။ 2288