တင်ဒါပိုလျှံငွေ ၁၅၈ သန်းကျော်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထည့်သွင်းသုံးစွဲထား

မော်လမြိုင်၊ မတ် ၁၆ ။ ။ ၂၀၁၆-၂၀၁၇ ဘတ်ဂျက် ဘဏ္ဍာရေးနှစ်အတွက် တင်ဒါပိုလျှံငွေ ၁၅၈ ဒသမ ၄၇၁ သန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၂၃၄ ခုအတွက် ထည့်သွင်းသုံးစွဲထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ထံမှ သိရသည်။ 4910

အသက် ၇၀ ကျော် အဖွားအိုတစ်ဦး ကျိုက်ထီးရိုးတွင် ခါးပိုက်နှိုက်၍ ဖမ်းဆီးခံရ

မော်လမြိုင်၊ မတ်လ ၁၃ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်တွင် အသက် ၇၀ ကျော် အရွယ် ရှိနေပြီးဖြစ်သော အဖွားအိုတစ်ဦးသည် ခါးပိုက်နှိုက်မှုပြုလုပ်ခဲ့သဖြင့် မတ် ၁၁ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း ကျိုက်ထီးရိုးရင်ပြင်တော်ရဲကင်းစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 4904

နှစ်လအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားဝင်ရောက်မှုမှ ဇုန်ဝင်ကြေး သိန်း ၁၇၀ဝ ကျော်ရရှိ

မော်လမြိုင်၊ မတ် ။ ။ ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နှစ် လအတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် သိန်း ၁၇၀ဝ ကျော် ရရှိထားကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 4884

မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်အနေဖြင့် တိုင်းရင်းသားအရေး အလေးပေးလုပ်ဆောင်ရန် ဦးမင်းမင်းဦး တိုက်တွန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည့်သူအနေဖြင့် တိုင်းရင်းသားအရေးကို အလေးပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာတင်ထားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက ဖေဖော်ဝါရီ ၂၀ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ 4715

ကျိုက်ထီးရိုးဂေါပက အသစ်လက်ထက်တွင် လေးလအတွင်း အလှူခံငွေ ကျပ်သိန်းပေါင်း ၂၁၀ဝ၀ ကျော်ရရှိခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအသစ်လက်ထက်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၁၅ ရက်ထိ အလှူခံရရှိငွေသည် ငွေကျပ်သိန်းပေါင်း ၂၁၀ဝ၀ ကျော်ထိ ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 4687

ကျိုက်ထီးရိုးတောင်ပေါ်တွင် ဝတ္ထုငွေကိုသာ အလှူခံနေသည့် ရဟန်း၊ သီလရှင်နှင့် ရသေ့ ၅၈ ပါးကို အရေးယူမှု ပြုလုပ်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် ရဟန်းဝတ်၍ ဝတ္ထုငွေရရန် အလှူခံလျက်ရှိသော ရဟန်းများ အပါအဝင် သီလရှင်၊ ရသေ့ အပါး ၅၈ ပါးခန့်ကို ဖေဖော်ဝါရီ ၁၃ ရက်က မြို့နယ်သံဃနာယက အဖွဲ့များ၊ ဂေါပကအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ အရေးယူဆောင်ရွက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် သာသနာရေးမှူး ဦးဝေနိုင်က ပြောကြားသည်။ 4644

သထုံမြို့တွင် ရော်ဘာ ရောင်းဝယ်ရေး နေအိမ်ဂိုဒေါင် မီးလောင်ရာမှ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရှမ်းစုအလယ်တန်းလမ်းနှင့် နန်းတော်ဦးလမ်းထောင့်ရှိ ဒေါ်ကြည် ရော်ဘာရောင်းဝယ်ရေး နေအိမ်ဂိုဒေါင်အတွင်းရှိ ရာဘာပြားများပေါ်ရှိ ဝါတာကိုလာနှင့် ဆက်သွယ် ထားရှိသော (110) W မိန်းထုတ် အပူလွန်ကဲရာမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၃ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ်သုံးလုံး ဆုံးရှုံးခဲ့ရကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျင်ထွန်းက ပြောကြားသည်။ 4642

မော်လမြိုင်မြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နွားလှည်းပြိုင်ပွဲ ဒုတိယအကြိမ်ကျင်းပ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာအပိုင်း သရက်ကုန်ရပ်ကွက်တွင် အကြိမ် (၇၀) မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲကို ဖော်ဖော်ဝါရီ ၁၀ ရက်နေ့မှ ပြည်ထောင်စုနေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်း နွားလှည်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်ထံက ပြောဆိုသည်။ 4580

မွန်ပြည်နယ် ဒုတိယအကြိမ် ရေတိမ်ဒေသများနေ့ အခမ်းအနားကို အလှပ်ကျေးရွာတွင် ပြုလုပ်မည်

မွန်ပြည်နယ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရေတိမ်ဒေသများနေ့ (Ramser) ကို ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ မတ်လအတွင်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးအသင်း (Banca) မှ ဦးပြည့်ဖြိုးအောင်က ပြောကြားသည်။ 4542

ကျိုက်ထီးရိုး တောင်ပေါ်ရှိ ရိုးရိုးလေး ဟိုတယ် အခန်းပို ၁၀၆ ခန်းအား ခွင့်ပြုကာလ ကျော်လွန်ပါက ဖျက်သိမ်းမည်

မော်လမြိုင်၊ ဇန်နဝါရီ ၁၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်ပေါ်တွင် ဆောက်လုပ် ထားသော ရိုးရိုးလေးဟိုတယ် အခန်းပို (၁၀၆) ခန်း ကိစ္စများနှင့် ပတ်သက်၍ ခွင့်ပြုကာလ ကျော်လွန်ပါက ယခင် အစည်းအဝေး ဆုံးဖြတ်ချက် များအတိုင်း ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။ “ဟိုတယ် လိုင်စင် ပိတ်သိမ်း ထားတဲ့ အခန်း (၁၀၆) ခန်း ကိစ္စကို သက်ဆိုင်ရာ ဦးစီးဌာနက ဟိုတယ် လိုင်စင် တရားဝင် ထုတ်ပေးဖို့ စီစဉ် နေတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဘုရားဖူးတွေက ကျွန်တော်တို့ဆီကို ဖုန်းတွေနဲ့