ပါတီတည်ထောင်ခဲ့ပါက ရှစ်လေးလုံးမျိုးဆက်အမည်ကို အသုံးမပြုရန် ဆုံးဖြတ်

ရန်ကုန်၊ မတ် ၂ ။ ။ ရှစ်လေးလုံးမျိုးဆက်များပါဝင်သည့် နိုင်ငံရေးပါတီတစ်ခုကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း တည်ထောင်သွားရန် လျာထားပြီး ရှစ်လေးလုံးမျိုးဆက်အမည်ကို အသုံးမပြုရန် ဆုံးဖြတ်ထားကြောင်း အဆိုပါမျိုးဆက်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။ 4778

ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။ 4745

မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့ရှိနေအိမ်များကို တပ်မတော် ဝင်ရောက်စစ်ဆေး

Fallback Image

ရန်ကုန်၊ ဇန်နဝါရီ ၂၆။ ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်များကို လုံခြုံရေးအရဟုဆိုကာ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု မင်းပြားမြို့ နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။ ယင်းသို့စစ်ဆေးခြင်းသည် ရန်ကုန်-စစ်တွေကို ဆက်သွယ်ထားသည့်ကားလမ်းအနီး မေလွမ်းကျေးရွာ ပတ်ဝန်းကျင်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခြင်းနှင့် ရခိုင့်တပ်မတော် (AA) နှင့်ပတ်သက်သည်ဟုဆိုကာ ကျေးရွာများရှိ နေအိမ်များသို့ လာရောက်မေးမြန်းစစ်ဆေးခြင်းများဖြစ်ကြောင်း သိရသည်ဟု ၄င်းကဆိုသည်။ “ ဒီဆက်သွယ်ရေးကားလမ်းနားမှာ ဟိုတလောက ဗုံးတစ်လုံးတွေ့တယ်ဗျ အဲ့ဒါနဲ့ ပတ်သက်ပြီး

အစိုးရ ချပေးထားသည့် ညဈေးတန်း ဆိုင်နေရာများ တစ်ဆင့် ပြန်လည် ရောင်းချမှု၊ ငှားရမ်းမှုများ ရှိနေဟုဆို

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လမ်းဘေးဈေးသည် များအတွက် နေရာ ချပေးထားသည့် ကမ်းနားလမ်း ညဈေးတန်းရှိ ဆိုင်ခန်း နေရာ များအား ပွဲစား များမှ တစ်ဆင့် ပြန်လည် ရောင်းချမှုများ ရှိနေကာ သိန်းဆယ် ဂဏန်း ဝန်းကျင်ခန့် ဈေးပေါက် နေကြောင်း လမ်းဘေး ဈေးသည် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုအောင်အောင်က ဟင်္သာ မီဒီယာသို့ ပြောကြားသည်။ “ညဈေးတန်းမှာ အကွက်တွေကို ရောင်းစားတဲ့ သူတွေ ရှိတယ်။ ငှားစားတဲ့ သူတွေရှိတယ်။ စာချုပ်တွေပါ ကျွန်တော် ပြမယ် အကွက် နာမည် တွေရော၊ နံပါတ် တွေရော ကျွန်တော့်မှာ

မွန်ပြည်နယ် ဝန်ကြီးချုပ်ကို စစ်ဆေးနေမှုအဖြေအား ရက်ပိုင်းအတွင်း သိရမည်ဟု ဦးဥာဏ်ဝင်းပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၀ တိုင်ကြားမှု များကြောင့် စုံစမ်းရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေး ခံနေရသည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို အရေးယူမည့် အဖြေအား ရက်ပိုင်း အတွင်းတွင် သိရှိ ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လေ့လာ သုံးသပ်ရေး ကော်မရှင် အဖွဲ့ ခေါင်းဆောင် ဦးဥာဏ်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။ “အရေးယူမှု အဖြေ ကတော့ ကျွန်တော် ခန့်မှန်း တာပဲဗျာ၊ တစ်ပတ် ဆယ်ရက်လောက် ဆိုရင်တော့ ထွက်ပါ လိမ့်မယ် ခင်ဗျာ၊ အဖြေကိုတော့ ကျွန်တော်တို့ ပြောလို့ မရဘူး”ဟု ၎င်းက ဟင်္သာမီဒီယာအား ပြောကြားသည်။ အဆိုပါ စုံစမ်း

“မြစ်ဆုံကော်မရှင်အနေနဲ့ လူထုဆန္ဒနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာဘာမှ ထဲထဲဝင်ဝင် သိပ်မရှိဘူးပေါ့နော်”

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း ယခင်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ယခု အစိုးရလက်ထက်တွင် ပြန်လည်စတင်ရန် သင့်မသင့်အတွက် အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ အဆိုပါ ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် မြစ်ဆုံစီမံကိန်း ကန့်ကွက်ခြင်းလှုပ်ရှားမှု ဦးဆောင်သူ တစ်ဦးဖြစ်သည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ သုံးသပ်ချက်များကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။ 4087

မြေနီကုန်းဂုံးကျော်တံတားအောက်တွင် အနုပညာစီမံကိန်း တည်ဆောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆။ ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းစီစဉ်သော ဂုံးကျော်တံတား အနုပညာစီမံကိန်းကို မြေနီကုန်းတွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရှိရသည်။ 3980

ရဲလေး မော်လမြိုင်တွင် ပထမဆုံးအကြိမ် တေးစီးရီးခွေ လာရောက် မိတ်ဆက်မည်

မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တေးသံရှင် ရဲလေးက တေးသီချင်းခွေအသစ် မိတ်ဆက်ခြင်းကို လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း တေးသံရှင် ရဲလေးက ပြောကြားသည်။ 3867

မြေယာပြသနာကို ဌာနေတိုင်းရင်းသားတွေ ဓလေ့ အတိုင်း ဖြေရှင်းရန် ကရင်နီတွေ လိုလား

Fallback Image

မြေရာနဲ့ပတ်သက်မူဝါဒပိုင်းဆိုင်ရာတွေက တိုင်းရင်းသားဒေသခံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မှုမရှိတဲ့အတွက် ကိုယ်ပိုင်ထုံထမ်းစဉ်လာမြေယာခန့်ခွဲနဲ့သာ ဆောင်ရွက်သွားချင်တယ်လို့ ကယားတိုင်းရင်းသားတွေကပြောကြားလိုက်ပါတယ် အောက်တိုဘာ ၂၇ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့တဲ့ ကျွန်ုပ်တို့၏ရိုးရာဓလေ့မြေယာစီမံခန့်ခွဲမှုစနစ် အစီရင်ခံစာ နဲ့ ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 3595