မော်လမြိုင်မြို့တွင်း နယ်မြေနှင့် ရပ်ကွက်များ

မော်လမြိုင် မြူနီစီပယ်ပိုင်နက် နယ်မြေသည် (၁၆)စတုရန်းမိုင်ကျယ်ဝန်းသည်။ ထိုနယ်မြေကို နယ်မြေ(၅) ခု အဖြစ် ပိုင်းခြားထားသည်။ ၁။ မုပွန်နယ်မြေ ၂။ မောင်ငံနယ်မြေ ၃။ ထားဝယ်စုနယ်မြေ ၄။ ကုလားတန်းနယ်မြေနှင့် (၅) ဒိုင်းဝန်ကွင်းနယ်မြေတို့ ဖြစ်ကြသည်။ 4763

ကိုလိုနီခေတ်မော်လမြိုင် ပို့ဆောင်ဆက်သွယ်ရေး – ၁

မော်လမြိုင်သည် မေ ၁၈၂၆ တွင် နယ်ချဲ့ဗြိတိသျှ အရင်းရှင်တို့၏ ဆန္ဒအတိုင်း တနင်္သာရီတိုင်း၏ မြို့တော် ဖြစ်လာသည်။ ဗြိတိသျှတို့က တိုင်းအတွင်း အုပ်ချုပ်ရေးကို အခြေခိုင်အောင် စီမံဆောင်ရွက်သည်။ တစ်ချိန်တည်းမှာပင် နယ်ချဲ့အရင်းရှင် စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စာတိုက်ကြေးနန်းဆက်သွယ်ရေး (ပို့+ဆက်) လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် အဆင့်ဆင့် ဆောင်ရွက်သည်ကို တွေ့ရသည်။ 3056

ကိုလိုနီခေတ်မော်လမြိုင်ထောင်များ ၃

၁၈၅၆-၅၇ ခုတွင် ဗိုလ်ကြီးမန်း (Captian Man)သည် ရွှေတောင်ရပ်ထောင်၏ ထောင်ပိုင်ဖြစ်လာသည်။ ဗိုလ်ကြီးမန်းက ထောင်သားများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဦးစားပေး၍ စေခိုင်းသည်။ ဤသို့ဖြင့် ထောင်သားများအနက် အများစုသည် ကျွမ်းကျင်သော လက်သမားများ ဖြစ်လာကြသည်။ 3051

“ကိုလိုနီခေတ်မော်လမြိုင်ထောင်များ – ၂”

မေ ၁၈၂၉ တွင် မော်လမြိုင်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ မိန်းဂေး(A.D.Maingy) သည် မော်လမြိုင်တွင် ရုံးထိုင်သော ပထမဆုံးဝန်ရှင်တော်မင်းကြီးဖြစ်သည်။ မိန်းဂေးလက်ထက် ၁၈၂၉-ခုတွင် မော်လမြိုင်၏ ပထမဆုံးထောင်ဖြစ်သော မုပွန်ရပ်ကွက် သရက်ကုန်းထောင်ကို တည်ဆောက်သည်။ ၁၈၃ဝ- ခုတွင် အိန္ဒိယပြည်ဘင်္ဂလားနယ်မှ ထောင်သား(၄ဝဝ) ကို မော်လမြိုင်သို့ ပြောင်းရွှေ့၍ သရက်ကုန်းထောင်တွင် ချုပ်နှောင်ထားသည်။ ထောင်သားများသည် လမ်းဖောက်တံတားဆောက်ခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်သမားအဖြစ်လုပ်ကိုင်ခြင်းနှင့် အိမ်စေအဖြစ် လုပ်ကိုင်ခြင်းစသော အလုပ်များကို လုပ်ကိုင်ကြသည်။ 3048

“ကိုလိုနီခေတ်မော်လမြိုင်ထောင်များ-၁”

မြန်မာမင်းများလက်ထက်တွင် တိုင်းသူပြည်သားတို့သည် "ကြီးသောအမှုငယ်စေ၊ ငယ်သေးအမှုပပျောက်စေ"ဟူသော မူကို လက်ကိုင်ထားကြသဖြင့်၊ အမှုအခင်းနည်းပါးသည်။ "ထောင်" ဟူ၍ ပြောပလောက်အောင်မရှိချေ။ မင်းနေပြည်တော်များ၌သာ ထောင်ရှိသည်။ နောင်အခါထောင်မရှိသော မင်းနေပြည်တော်သည် အင်္ဂါမစုံဟု အပြောအဆိုများရှိလာသည်။ 3043

“ကိုလိုနီခေတ်မော်လမြိုင်ပုလိပ်အဖွဲ့-၂”

၁၈၆၂-ခုတွင် ဗြိတိသျှမြန်မာနိုင်ငံ(British Burma)၏ ပုလိပ်အဖွဲ့ကို ခေတ်မီပုံစံဖြင့် ပြန်လည်ဖွဲ့စည်းသည်။ ထိုအခါတနင်္သာရီတိုင်း ပုလိပ်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းရသည်။ ယခင်ကတနင်္သာရီတိုင်းအတွင်းရှိ ခရိုင်တိုင်း၌ အရေးပိုင်များသည် တရားစီရင်ရေးတာဝန်အပြင် ပုလိပ်ဆိုင်ရာ ရာဇဝတ်ဝန် Police (Civie) တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ပုံစံသစ်တွင် ရာဇဝတ်ဝန်(Distrist Superintendent) ကို သီခြားထားလာသည်။ ရာဇဝတ်ဝန်အောက်တွင် ရာဇဝတ်ဝန်ထောက် (Assistant District Superintendent)၊ အင်စပက်တော်( Inspector)၊ ရာဇဝတ်အုပ်ကြီး(Chief Head Constable)၊ ရာဇဝတ်အုပ် (Head Constatale)၊ တရားရုံးဆိုင်ရာ ပုလိပ်အရာထမ်း (Court Police Officer) များထားရှိသည်။ ပုလိပ်အရာရှိအဆင့်ဆင့်ကို ရန်ကုန်ရှိပုလိပ်မင်းကြီး (Inspector General of Police=I.G.P) က

“ကိုလိုနီခေတ်မော်လမြိုင်တရားစီရင်ရေး-၃”

မောင့်ဟုပ် (Mount Hope) တွင် နေထိုင်ခဲ့သူလူ(၃) ဦးအနက်၊ အလယ်လူဖြစ်သူတရားသူကြီးမက်ကလောက် (D.G.Macleod) သည်။ မော်လမြိုင်တွင် နှစ်ပေါင်း(၂ဝ) ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ မက်ကလောက်ကို ဆက်ခံသော တရားသူကြီးများအနက်(၂) ဦးမှာ၊ အများနှင့်မတူတစ်မူထူးခြားသည်ကို တွေ့ရသည်။ 3032

“ကိုလိုနီခေတ်မော်လမြိုင်တရားစီရင်ရေး-၂”

ကိုလိုနီခေတ်ဦးမော်လမြိုင်တရားရုံးများ၏ အမှုစစ်ဆေးပုံမှာ ရိုးရှင်းသည်။ ထိုစဉ်က လာဘ်ပေးလာဘ်ယူမှုကင်းစင်သောကြောင့်လည်းကောင်း၊ ၁၈၄ဝ-ပြည့်နှစ်အထိ မော်လမြိုင်တွင် ရှေ့နေများ မထားရှိသေးသည့်အတွက်လည်းကောင်း၊ အမှုသည်များအဖို့ "ရုံးပြင်ကနား" စရိတ်မှာ အလွန်သက်သာသည်။ 3028

“သူကြီးများ”

မော်လမြိုင်သည် ၁၈၂၉ ခုတွင် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်လာသည်။ ပထမဆုံးဝန်ရှင်တော်မင်းကြီးဖြစ်သူ "မိန်းဂေး"သည် မြန်မာမင်းတို့၏ အုပ်ချုပ်မှုပုံစံကို လေ့လာသောအခါ မြို့သူကြီးများထားရှိသည်ကို တွေ့ရသည်။ 3021

“ကိုလိုနီခေတ်မော်လမြိုင် ပုလိပ်အဖွဲ့-၁”

မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းစောင့်ရှောက်ရသော ဝန်ထမ်းအဖွဲ့အစည်းများတွင် ပုလိပ်အဖွဲ့ပါဝင်သည်။ ဗြိတိသျှလက်အောက်ခံကိုလိုနီဘဝက (Police) ဟူသော စကားစုကို (ပုလိပ်) ဟု အလွယ်တကူသုံးစွဲခဲ့ရာမှ ပုလိပ်ဟူသော အခေါ်အဝေါ်ပေါ်ပေါက်လာခဲ့သည်။ 2284