Advertisements

ပြုံယမ်း မတ် ၁၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန် သမ္မတ ထရန့်တို့တွေ့ဆုံခဲ့သော ထိပ်သီး အစည်းအဝေးပွဲတွင် ခေါင်းဆောင်ကင် ဇိမ်ခံကားများ အသုံးပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်လျက်ရှိသည်။

မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ချမှတ်မှုများ စောင့်ကြည့်ရေး ကုလသမဂ္ဂအဖွဲ့က ယင်းသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါဇိမ်ခံကားများကို အမေရိကန်ပြည်ထောင်စုမှ တရုတ်စီးပွားရေးသမားတစ်ဦးက သင်္ဘောများဖြင့် ပြုံယမ်းသို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်သည် ထိပ်သီး အစည်းအဝေးပွဲများတွင် ဇိမ်ခံကားများ အသုံးပြုမှုများရှိခဲ့ ကြောင်းနှင့် အဆိုပါဇိမ်ခံကားများကို မည်သို့ရရှိခဲ့သည်ကို အံ့အားသင့်မိပါကြောင်း အဖွဲ့ခေါင်းဆောင် ဟူဂျီရစ်ဖ်စ်က အင်တာဗျူး တစ်ခုတွင် ပြောသည်။

ထို့ကြောင့် နိုင်ငံတကာဘဏ်လုပ်ငန်း စနစ်တွင် အားနည်းချက်များရှိကြောင်း ထောက်ပြပြောဆိုနိုင်ခြင်းသည် ပြုံယမ်း၏ ဆိုက်ဘာတိုက်ခိုက်မှုများမှ ရရှိခဲ့သည့် အကျိုးရလဒ်ပင်ဖြစ်သည်ဟု ဟူဂျီရစ်ဖ်စ်က ဆိုသည်။

ထို့ပြင် ပြုံယမ်းအနေဖြင့် အများပြည်သူပိုင်အဆောက် အအုံများကို အစည်းအဝေးပွဲကျင်းပခြင်းများနှင့် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုများ ပြုလုပ်ရန် အသုံးပြုလျက်ရှိပြီး နိုင်ငံ၏နေရာအများအပြားကို နျူကလီးယားဒုံးလက်နက် အဆင့်မြှင့်တင်ရန် အသုံးပြုလျက်ရှိသည်ဟု ဟူဂျီရစ်ဖ်စ်က ဆက်လက်ပြောသည်။

ပြုံယမ်းအနေဖြင့် ဒေါ်လာသန်းပေါင်းများစွာကို အရှေ့ တောင်အာရှနှင့် အိန္ဒိယနိုင်ငံများ၏ စီးပွားရေးလုပ်ငန်း များကို အဓိကပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

NHK

Advertisements
<

Leave a Reply