Advertisements

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူသည် သောကြာနေ့တွင် တောင်ကိုရီးယားနိုင်ငံ ပြောင်းချန်မြို့တွင် ကျင်းပမည့် အိုလံပစ်ပွဲတော် ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ဆိုသည်။

အလုပ်သမားပါတီအကြီးအကဲအဖြစ် ရာထူးတိုးပေးခံထားရသော ကင်ယိုဂျန်းသည် နှစ်နိုင်ငံ နယ်စပ်မျဉ်းကို ဖြတ်ကာ တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ကင်မိသားစုဝင် တစ်ဦးလည်းဖြစ်သည်။

ကိုရီးယားနိုင်ငံ နှစ်နိုင်ငံလုံးသည် အဆိုပါ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲတွင် အလံတစ်ခုတည်းအောက်မှ ချီတက်ကြမည်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ ပါဝင်လာခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာသည့် လက္ခဏာဖြစ်သည်ဟု မြင်နေကြသည်။
သို့သော် အမေရိကန်၊ ဂျပန်နှင့် အခြားနိုင်ငံများကတော့ မြောက်ကိုရီးယားနိုင်ငံသည် အိုလံပစ်ပွဲတော်အား ဝါဒဖြန့်ချိရန် ကြိုးစားနေသည်ဟု စွပ်စွဲထားကြသည်။

ကင်ယိုဂျန်းမှာ ၁၉၈၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်သည်ဟု ဆိုကြပြီး ကွယ်လွန်သူ ကင်ဂျုံအီ၏ အငယ်ဆုံး သမီး၊ ကင်ဂျုံအန်၏ ညီမအစ်ရင်းဖြစ်သည်။ အစ်ကိုဖြစ်သူထက် အသက်လေးနှစ်ခန့်ငယ်ပြီး အစ်ကိုဖြစ်သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု ဆိုကြသည်။

ပါတီအတွင်းရေးမှူး ချိုရွိုင်းဟေး၏ သားဖြစ်သူနှင့် လက်ထပ်ထားသည်ဟုဆိုသည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ်များအတွင်း အများပြည်သူ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ၎င်း၏ တာဝန်မှာ အစ်ကိုဖြစ်သူ၏ ပုံရိပ်အား မိမိ၏ ဝါဒဖြန့်ချိရေးဌာနမှ တစ်ဆင့် ကာကွယ်ပေးရန်ဖြစ်သည်။ အမေရိကန်ကတော့ မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွှယ်နေသည်ဟုဆိုကာ အရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည်။

တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မည့် ကိုယ်စားလှယ်အဖွဲ့တွင် ကင်ယိုဂျန်းတစ်ယောက် ပါဝင်လိပ်မည်ဟု အချို့က ခန့်မှန်းထားကြပြီး တကယ်ဖြစ်လာမည်ဟု ထင်သူမှာ အနည်းငယ်သာဖြစ်သည်။ ယခုကဲ့သို့ ပါဝင်လာခြင်းမှာလည်း ကင်ဂျုံအန်အနေဖြင့် တောင်ကိုရီးယားနှင့် ဆက်ဆံရေးကောင်းမွန်းရေးကို အလေးအနက်ထားသည်ဟု ဖော်ပြရာ ရောက်နေသည်။

Source: BBC

Advertisements
<

Leave a Reply