မော်လမြိုင် ၊ အောက်တိုဘာ ။ ။ ယခင်ကကျိုက်ထီးရိုးတောင်ခြေကင်ပွန်းစခန်းယာဉ်ဝင်ခွင့် လုပ်ငန်းကိုလုပ်ငန်းရှင် တစ်ဦးထံလေလံ
ဆွဲကောက်ခံခွင့် ပြုခဲ့သော်လည်းယခုအချိန်တွင် ဂေါပကအဖွဲ့အသစ်ကတိုက်ရိုက်ကြီးကြပ်၍ ယာဉ်ဝင်ကြေးများကိုလျှော့ချကောက်ခံမည် ဖြစ်ကြောင်းကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

kim-pon

“ဒီကိစ္စကိုအရင် လုပ်ငန်းရှင် တစ်ဦးကိုပေးတာပေါ့၊ အခုတော့ ဒီလုပ်ငန်းကိုမပေးဘဲနဲ့ ဂေါပကအဖွဲ့ကတိုက်ရိုက်ကိုင်တွယ်ရမယ်၊ ဒါက ပြည်ထောင်စုကတိုက်ရိုက် ညွှန်ကြားထားတာဖြစ်တယ်၊ ”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်ဝင်ခွင့်ကောက်ခံမှုကိုယခင်နှစ်များတွင် ကားတစ်စီးလျှင် ၆၀ဝ ကျပ်နှင့် ဆိုင်ကယ်တစ်စီးလျှင် ၂၅၀ ကျပ် ကောက်ခံသော်လည်းဂေါပကအဖွဲ့သစ်လက်ထက်တွင် တစ်တန်အောက် ကားတစ်စီးလျှင်၂၀ဝ ကျပ်နှင့် တစ်တန်နှင့်အထက် ၅၀ဝကျပ် ကောက်ခံမည်ဖြစ်ကြောင်းဂေါပကအဖွဲ့ဝင် တစ်ဦးကပြောကြားသည်။

“တိုင်ကြားချက်တွေ အရမ်းများလာလို့ အခုလိုဆောင်ရွက်တာဖြစ်တယ်၊ ဈေးနှုန်းတွေကိုအရင်ကကောက်ခံတဲ့ နှုန်းထက် လျှော့ချပြီးကောက်ခံသွားမှာပါ၊ ဒီလုပ်ငန်းကိုဖျက်သိမ်းတာပုဂ္ဂိုလ်ရေးအရမကျေနပ်လို့ လုပ်ဆောင်တာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ ကျိုက်ထီးရိုးဘုရားကိုလာတဲ့ ဘုရားဖူးယာဉ်တွေ သက်သာရေးကိုရှေ့ရှုပြီးတော့ ကောက်ခံသွားမှာပါ၊”ဟု ၎င်းကဆိုသည်။

ယင်းလုပ်ငန်းမှ ကောက်ခံရရှိသည့် ငွေများကိုဘုရားဘဏ္ဍာငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်းဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးယခင်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင် ဦးခင်လှက “အလှူခံဌာနတချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပြီးတော့ ပိတ်သိမ်းတဲ့အထဲမှာမပါတဲ့ ယာဉ်ဝင်ခွင့်ကောက်ခံမှုလုပ်ငန်းကို ပြန်လည်ချထားပေးခြင်းမရှိတာဂေါပကအဖွဲ့အနေနဲ့ မမျှတဘူးလို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမြဲတမ်း
အတွင်းဝင် ဦးဇာနည်ဝင်းနှင့် အောက်တိုဘာလ ၁၀ရက်နေ့က တွေ့ဆုံခဲ့ရာဝန်ကြီးဋ္ဌာနကဖျက်သိမ်းခိုင်းခြင်းမရှိဘဲအဆိုပါကိစ္စကိုဂေါပကအဖွဲ့သာလုပ်ဆောင်ရန် တာဝန်ပေးထားခြင်းဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့နောက် ပြန်လည်လုပ်ကိုင်ခွင့် ရရှိရန် မွန်ပြည်နယ် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန မွန်ပြည်နယ် သာသနာရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာနတို့ထံအသနားခံစာတင်ပြထားကြောင်းဦးခင်လှက ဆိုသည်။

ယခင်နှစ်များတွင် လုပ်ငန်းရှင်များမှ လေလံကြေးပေးသွင်းကာကောက်ခံသော်လည်းယခုနှစ်တွင် ကျိုက်ထီးရိုးတောင်ပေါ်ရှိရွှေဆိုင်းအရောင်းဌာန၊ ဆည်းလည်းအရောင်းဌာန၊အလှူခံဌာနများနှင့် ကင်ပွန်းစခန်းတောင်ခြေရှိမော်တော်ယာဉ်ဝင်ခွင့် ကောက်ခံသည့်ဌာနများကိုကျိုက်ထီးရိုးဂေါပကအဖွဲ့မှ တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သည်။

Leave a Reply