၁။ ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂမှ အစည်းအဝေးဆုံးဖြတ်ချက် အရ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် (Vesak Universal Holiday) အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲတော်ကို ဆင်နွှဲကြပါတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းထန်ဆုံးဖြစ်လို့ ရေတွေ ခန်းခြောက်လေ့ရှိပါတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိညောင်ပင်ကို ရည်မှန်းကာ ဗောဓိညောင်ပင်ပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။

Leave a Reply