(ဓါတ်ပုံအညွှန်း – ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် မုဒုံမြို့ ၏ ညဘက် မြင်ကွင်းအလှ အားတွေ့ရစဉ်)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းအုပ်စု၊ ကတုံးပေါ်ကျေးရွာအနီးတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက်တွင် သင်္ဘောငယ်များ ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး
ဒေါက်တာ တိုးတိုးအောင်က ပြောသည်။

စီးမံကိန်း ဦးပိုင်း လယ်မြေဧရိယာ ၅၁ ဧကကျော်တွင် လုပ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သင်္ဘောငယ်များ ဆိုက်ကပ်နိုင်ပြီးပါက သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 (ဓါတ်ပုံအညွှန်း – ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် မုဒုံမြို့ ၏ ညဘက် မြင်ကွင်းအလှ အားတွေ့ရစဉ်)

(ဓါတ်ပုံအညွှန်း – ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် မုဒုံမြို့ ၏ ညဘက် မြင်ကွင်းအလှ အားတွေ့ရစဉ်)

ကတုံးပေ ါ် ရေနက်ဆိုက်ကမ်း တည်ဆောက်ရန် မုဒုံမြို့မှတ်ပုံတင်ဦးစီးဌာနတွင် မွန်ပြည်နယ် ရာဇာမင်း ကုမ္ပဏီနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ၂၀၁၅ ခုနှစ်၊ မေ ၄ ရက်တွင် နှစ်ဦးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် မှတ်တမ်းအရ သိရသည်။

မုဒုံကန်ကြီးအဝမှ ရေနက်ဆိပ်ကမ်းသို့သွားရာ ၃၂၈၄၀ ပေးရှည်သည့် လမ်းပိုင်းဆိုင်ရာများကို ကတ္တရာလမ်း ထပ်မံပြုပြင်ခြင်း၊ ကတ္တရာလမ်းသစ်ခင်းခြင်း၊ ဆိပ်ကမ်းနှင့် ချဉ်းကပ်လမ်းကို ကျောက်ကြမ်းခင်းခြင်း များပြုလုပ်ထားပြီးပြီးဖြစ်ကြောင်း

ဒေါက်တာတိုးတိုးအောင်က ပြောသည်။

လုပ်ငန်း ဧရိယာလုပ်နေစဉ်အတွင်း ရှင်းလင်းဆောင်တစ်လုံး၊ အိမ်ယာ၊ လုံခြုံရေးဂိတ်၊ မီးစက်ခန်းတစ်လုံး၊ Pile လောင်းစက်ရုံနှင့် ဂိုဒေါင်တစ်လုံးကို တည်ဆောက်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

Leave a Reply