ထားဝယ်၊ ဇွန် ၁၈

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ အနောက်ဘက်ပင်လယ်အထဲ့တွင် ဇွန်လ၁၅ ရက်နေ့ ကတွေ့ရှိသော မောင်းသူမဲ့လေယာဉ်(Drone) တစ်စီး ကို ဇွန်လ ၁၆ရက်နေ့ တွင် ရေဖြူမြို့နယ်ရှိ မောရဝတီရေတပ်စခန်း ဌာနချုပ်သို့ အပ်နှံခဲ့ကြောင်းတနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့၊လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးကျော်ဇေယျက ပြောကြားသည်။

“ ဇွန်လ ၁၆ရက်နေ့မှာ သက်ဆိုင်ရာသို့ အဆင့်ဆင့်က အပ်နှံခဲ့တယ်”ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ကနက်သီရီရွာအနောက်ဖက်ရေမိုင်(၄)မိုင်ခန့်အကွာ ပင်လယ်အထဲ့တွင် ဇွန်လ ၁၅ရက်နေ့၊ညနေ ၅နာရီဝန်း ကျင်က ကမ်းနီးကျားပိုက်ထောင် ငါးဖမ်းလုပ်ကိုင်နေသော ရေလုပ်သားတစ်ဦးမှ ယင်းမောင်းသူမဲ့လေယာဉ် ကိုတွေ့ရှိခဲ့ကြောင်း၎င်းက ပြောသည်။

တောင်ပံ့မှာ ၈ပေ၊ ကိုယ်ထည် ၈ပေနှင့် အမြင့် ၂ပေ ၆လက်မရှိ Banshee Target စာတန်းပါ လိမ္မော်ရောင် Droneတစ်စီးဖြစ်သည်ဟု ဗိုလ်မှူကြီးကျော်ဇေယျထံမှ သိရသည်။

ယင်းသို့သော မောင်းသူမဲ့လေယာဉ်ကို ရခိုင်ပြည်နယ်တွင်လည်း တွေ့ဖူးသည်ဟု ဗိုလ်မှူကြီးကျော်ဇေယျ က ဆိုသည်။
အဆိုပါလေယာဉ်အမျိုးအစားကို အိန္ဒိယနိုင်ငံမှ အသုံးပြုမှု များသည်ဟု သိရသည်။

တင့်လွင်

Leave a Reply