ကနေဒါနိုင်ငံသည် ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်သည်။ ထိုကဲ့သို့ ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့် ပေးလိုက်ခြင်းမှာ အမှန်တကယ်လိုအပ်လာတော့မည်ဖြစ်သောကြောင့် အလျင်အမြန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ကနေဒါ အစိုးက ယင်း၏ ကြေညာချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ နိုင်ငံအတွင်း နှစ်ပေါင်းများစွာပင် ဆွေးနွေးနေရသော အကြောင်းအရာဖြစ်သည်။

သို့သော် ကျွမ်းကျင်သူများကတော့ ယခုကဲ့သို့ အလျင်အမြန် ပြဋ္ဌာန်းလိုက်ခြင်းမှာ ထရမ့်အနိုင်ရသွားသော အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲကြောင့် ဖြစ်သည်ဟု ယူဆကြသည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်ရွေးကောက်ပွဲအပြီးနောက်ရက်တွင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူဒိုက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်လိုသူအနေဖြင့် သူ့ကို လုပ်ခွင့် အရင်ပေးပါဟု ဆိုသည်။

တရားမဝင်ဟုပြောလာသည့်အခါတွင် ထရူဒိုကာ “အေး လုပ်ကြတာပေါ့” ဟု off-the-record ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံသားများကတော့ ဆေးခြောက်ကို တရားဝင်ပြုလိုက်ခြင်းကို ထောက်ခံကြသည်။ ကိုယ်က ဆေးခြောက်ဖြင့် တော်တော် ကောင်းနေလျှင် ထရမ့်၏ မိန့်ခွန်းတချို့ကို အဓိပ္ပာယ်ရှိလာသည်ဟု မြင်လာတတ်ကြောင်း ၎င်းတို့ကဆိုသည်။

ပြီးခဲ့သည့် အပတ်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ‘ထရမ့်၊ ထရမ့်။ အင်း။ ဒီပစ္စည်းတွေကျွန်တော်တို့ အများကြီးလိုတယ်လို့ထင်တယ်။ ဟုတ်တယ် မဟုတ်လား” ဟု ထရူဒိုက ပြောကြားခဲ့သည်။

လာဘ်မြင်သော ကနေဒါ လက်လီအရောင်းသမားများကတော့ ယခုအခါတွင် ဒေသအတွက် သီးသန့် အရသာ ဆေးခြောက် စီးကရက်များ ထုတ်လုပ် ရောင်းချရေး အစီအစဉ်ဆွဲနေကြပြီဖြစ်သည်။

Source: Newsthump.com

Leave a Reply