Advertisements

ဘားအံ ၊ ဇွန်

ကန့်ကွက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရအဖွဲ့၏ ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေရသည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောကြားသည်။

ဒေသခံများမှ သဘောမတူ၊ ကန့်ကွက်ခြင်းများ ဆက်တိုက် ဖြစ်ပေါ်လာမှုကြောင့် ဘားအံမြို့နယ်၊ ဝတ်ကြီးကျေး
ရွာမှ ကျောက်မီးသွေးသုံးဓာတ် အားထုတ်လုပ်ရေးစီမံကိန်းမှာ ပြည်ထောင်စုအဆင့်မှ စိစစ်နေဆဲဖြစ်ကြောင်းနှင့် အိန္ဒု-ကော့ကရိတ်လမ်းတိုးချဲ့ရေး စီမံကိန်းမှာလည်း ယာယီရပ်ဆိုင်းထားရကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောသည်။

“ကိုယ့်ပြည်သူတွေ နားလည်စေချင်လို့ ဥပဒေအကြောင်း ရှင်းပြတော့ အစိုးရက ခြိမ်းခြောက်တယ် ဖြစ်ရော၊ စကား
လုံးတောင် မဟရဲဘူး” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်
ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မေလ၂၉ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ထည့်သွင်းပြောကြားခဲ့သည်။

ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး
ဟူ၍ ဦးစားပေးကဏ္ဍ (၃)ရပ် ကို အလေးထားဆောင်ရွက်ပေးခဲ့ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တို့ကိုလည်း ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်းလုံ့လပြုခဲ့ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒု – ကော့ကရိတ် လမ်းစီမံကိန်းအတွက် ကျောက်ထုတ်လုပ်မှုကို လောလောဆယ်၌ ရပ်ဆိုင်းထားသဖြင့် မိုးတွင်း စပါးစိုက်ချိန် စပါးစိုက်လိုက စိုက်နိုင်ကြောင်း ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတည်ဆောက်၍ ဓာတ်အားထုတ်လုပ်ပါက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်
အကိုင်၊ အခွင့်အလမ်း ပိုမိုရရှိလာနိုင်ကြောင်း၎င်းကဆိုသည်။

စက်ရုံတည်ဆောက်ချိန်၌ သံလွင်မြစ်ကြောင်းကို အသုံးပြုသွားရာတွင် မြစ်ကြောင်းတူးဖော်ခြင်း၊ သောင်တူးခြင်းလုပ်ငန်းများထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ရာ ရေလမ်းခရီးကောင်းမွန်လာမည် ဖြစ်သလို မြစ်အတွင်းမှရရှိသည့် သဲများ
ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် ပြည်နယ်အခွန်ဘဏ္ဍာငွေများစွာ ရနိုင်ကြောင်း ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်
စက်မှုဝန်ကြီး ဦးစိုးလှိုင်က ပြောသည်။

“ရင်းနှီးမြှုပ်နှံမှု ဒီထက် ပိုများလာရင် ကျွန်တော်တို့ ကရင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ဒီထက်မက လိုအပ်လာ
ပါမယ်” ဟု ၎င်းင်းက ဆိုသည်။

ယခုသတင်းစာရှင်းလင်းပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်
အဆင့် ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

စောအယ်လ်ဒီ – ကရင်ပြည်နယ်

Advertisements
<

Leave a Reply