၂၀၁၆ခုနှစ်၊ မတ် ၁၁ ။ ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယူနစ် (Economic Intelligence Unit) ၏ စစ်တမ်းအရ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော် နေရာတွင် စင်္ကာပူနိုင်ငံကရပ်တည်လျက်ရှိပြီး ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် (Zurich)နှင့် ထိုင်ဝမ် တို့က ဒုတိယနှင့် တတိယ နေရာတွင် ရပ်တည်နေကြောင်းဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

စင်္ကာပူနိုင်ငံသည် အမှတ် ပေါင်း ၁၁၆မှတ်ရရှိခဲ့ပြီး ဇူးရစ်နှင့် ဟောင်ကောင်တို့က ၁၁၄မှတ် အသီးသီး ရရှိခဲ့ကြကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုယူနစ် (EIU) ၏ စာတမ်းများအရသိရသည်။
c1_893220_620x413
အဆိုပါ စာတမ်းကို တစ်နှစ်လျှင်နှစ်ကြိမ် စစ်တမ်းကောက်ခဲ့ပြီး တစ်ဦးချင်းဆီနှိုင်းယှဉ်၍သော်လည်းကောင်း စီးပွားရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုအရသော်လည်းကောင်း စာတမ်းပြုစုခဲ့ကြခြင်းဖြစ်ကြောင်း EIUတာဝန်ခံ တစ်ဦးထံမှ သိရသည်။

အဆိုပါတိုင်းတာမှုများထဲတွင် အစားအသောက်၊ အဝတ်အစား၊ အိမ်သုံးပစ္စည်း၊ တစ်ကိုယ်ရည် အသုံးဆောင် ပစ္စည်းများအပြင် အိမ်သုံးပစ္စည်းများအရည်အသွေး၊ စာသင်ကျောင်းများ၊ အိမ်တွင်းအရေးပေး ကူညီမှုများနှင့် အခွန်ခများ ပါဝင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင်ဖော်ပြပါရှိသည်။

EIUစစ်တမ်းများအရ စင်္ကာပူနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေးကုန်ကျစရိတ်သည် နယူးယောက် မြို့ထက် ၂.၇ ရာခိုင်နှုန်းမြင့်တက်လျက်ရှိပြီး တစ်ဦးခြင်းစီ၏အဝတ်အစားနှင့် အခြားအသုံးအဆောင်များ အတွက် ဝယ်ယူရေး ကုန်ကျငွေသုံးစွဲမှုမှာလည်း အမြင့်ဆုံးဖြစ်နေကြောင်းသိရှိရသည်။

စင်္ကာပူနိုင်ငံသည် ကုန်ပစ္စည်းများ၏အခြေခံတန်ဖိုးကို နယူးယောက်နှင့် တန်းတူဖြစ်အောင် လုပ်ရန် ကမ်းလှမ်းထား သော်လည်း လက်ရှိတွင် ၃၃ ရာခိုင်နှုန်းဈေးကြီးနေသေးကြောင်း ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖော်ပြထားသည်။

By Betty Han (Ref: Bangkok Post)

Leave a Reply