Advertisements

ဂျာမနီအသင်းရဲ့နည်းပြဂျိုအာချင်လိုက မကြာမီ ကျင်းပမယ့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိစေဖို့အတွက် ဂျာမနီကစားသမားတွေကို စည်းကမ်းချက်အချို့ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နည်းပြဂျိုအာချင်လိုက ဂျာမနီအသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ အလွန်အမင်းစိတ်
ဆန္ဒပြင်းပြနေပြီး ကစားသမားများအနေနဲ့ ပြိုင်ပွဲကာလပြင်ဆင်မှု တွေနဲ့ ပြိုင်ပွဲကာလအတွင်း လိင်မှုကိစ္စတွေကိုရှောင်ကြဉ်ရန် တား မြစ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရေးကြီးတဲ့ပြိုင်ပွဲဖြစ်ပြီး ကစားသမားတွေဟာ ကြံခိုင်မှုအပြည့်ရှိနေဖို့ လိုအပ်ကြောင်းနဲ့ ပြိုင်ပွဲကာလမှာ ကစားသမားတွေဟာ ချစ်တင်းမနှောဖို့ လိုအပ်ကြောင်း သတိပေးစကားပြောဆိုခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းဟာ ရုရှားနိုင်ငံက ပြုလုပ်ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးရရှိဖို့ ရေပန်းစားကာ အလေးသာနေပြီး ဘရာဇီး၊ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်အသင်းတွေက လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

နည်းပြဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းကတော့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စု ( F ) ထဲကျ ရောက်နေပြီး ဆွီဒင်၊ မက္ကဆီကို၊ တောင်ကိုရီးယားတို့နဲ့ အုပ်စုပွဲစဉ်တွေအဖြစ်ကစားရမယ်လို့ သိရှိရပါ တယ်။
Ref;Mail online

Advertisements
<

Leave a Reply